တောင်သူတွေကို သာပေါင်းပျော့ဖတ် စက်ရုံက တရားစွဲ (ရုပ်/သံ)
0
1233
ဖေဖေါ်ဝါရီလ ( ) ရက်နေ့က တောင်သူတွေဟာ အဲ့မြေလွတ်မြေရိုင်းတွေပေါ်မှာ စိုက်ပျိုးရေးပြုလုပ်ဖို့အတွက် ခြံရှင်းလင်းခြင်းလုပ်ဆောင်ခဲ့တာကို သာပေါင်းပျော့ဖတ်စက်ရုံကဒီမြေဟာ ဝါးကုန်ကြမ်းစိုက်ပျိုးရေးမြေဆိုပြီး တောင်သူတွေကို အများပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ(၆/၁) နဲ့တရားစွဲခဲ့တာပါ။
လက်ရှိတရားစွဲဆိုခံထားရတဲ့ ဒေသခံတောင်သူ၎ဦးကို ပုဒ်မ(၆/၁)နဲ့ဖမ်းဆီးအရေးယူထားမှုဟာ မြေစာရင်းဌာနအနေနဲ့တရားစွဲဆိုတာမဟုတ်ပဲ စက်ရုံတာဝန်ရှိသူကစွဲဆိုခဲ့တာဖြစ်ပြီး ခုလိုဖြစ်ရပ်နဲ့ပက်သက်လို့ သက်ဆိုင်ရာသာပေါင်းမြို့မရဲစခန်းကိုသွားရောက်မေးမြန်းရာ တော့တာဝန်ယူဖြေကြားပေးခြင်းမရှိခဲ့ပါဘူးခင်ဗျာ ။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
မြေလွတ်မြေရိုင်းတွေပေါ်မှာ စိုက်ပျိုးရေးဝင်ရောက်လုပ်ကိုင်တဲ့ တောင်သူတွေကို သာပေါင်းပျော့ဖတ်စက်ရုံံ စက်မှု ၁ ဝန်ကြီးဌာနက ဖမ်းဆီးတရားစွဲဆိုလိုက်ပါတယ် ။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက် ရဲ့သွေးနီကပေးပို့ထားပါတယ် ။
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်ပျဉ်းမထုံးကျေးရွာအုပ်စုက ဒေသခံတောင်သူတွေဟာ အဲ့ဒီဒေသက မြေလွတ်မြေရိုင်းဧက ၅၀ဝ နီးပါးကို ၂၀၁၇ ခုနှစ်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဆီကို လုပ်ပိုင်ခွင့်လျောက်ထားပြီး လုပ်ပိုင်ခွင့်ကိုအစိုးရကခွင့်ပြုထားတယ်လိုပြောဆိုထားတာပါ ။
ဖေဖဝါရီလ ( ) ရက်နေ့က တောင်သူတွေဟာ အဲ့မြေလွတ်မြေရိုင်းတွေပေါ်မှာ စိုက်ပျိုးရေးပြုလုပ်ဖို့အတွက် ခြံရှင်းလင်းခြင်းလုပ်ဆောင်ခဲ့တာကို သာပေါင်းပျော့ဖတ်စက်ရုံံကဒီမြေဟာ ဝါးကုန်ကြမ်းစိုက်ပျိုးရေးမြေဆိုပြီး တောင်သူတွေကို အများပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ(၆/၁) နဲ့တရားစွဲခဲ့တာပါ။
Soundbite – ဦးထွန်းလွင်(သာပေါင်းမြို့အမှတ်၂ရပ်ကွက်နေသူ)
လက်ရှိအငြင်းပွားနေတဲ့ မြေ၄၈၆ဧဟာ တစ်ကယ်မြေလွတ်မြေရိုင်းမှန်ကန်တာကြောင်း သက်ဆိုင်ရာက လည်းတရားဝင်လုပ်ပိုင်ခွင့်ပေးထားကြောင်း လယ်ယာမြေစိစစ်ရေးအဖွဲ့ဝင် သာပေါင်းမြို့နယ် ပျဉ်းမထုံးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးကပြောပါတယ်။
Soundbite – ဦးသိန်းထွန်း(သပြေကုန်းကျေးရွာပျဉ်းမထုံးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး)
ဒါအပြင် ဒီမြေနေရာတွေကို ဒေသခံတွေတရားဝင်မြေလွတ်မြေရိုင်းလျှောက်ထားခဲ့တာကြောင့် မြေစာရင်ဦးစီးဌာနအနေနဲ့မြေပြင်ကွင်းဆင်းဆောင်ရွက်မှု၂ကြိမ်တိုင်ပြုလုပ်ထားရှိကြောင်းသာပေါင်းမြို့နယ်မြေစာရင်းဦးစီးဌာနတာဝန်ရှိသူကပြောပါတယ်။
Soundbite – ဦးဝင်းထွဋ်(သာပေါင်းမြို့နယ်မြေစာရင်းဦးစီးဌာနမှူး)
လက်ရှိတရားစွဲဆိုခံထားရတဲ့ ဒေသခံတောင်သူ၄ဦးကို ပုဒ်မ(၆/၁)နဲ့ဖမ်းဆီးအရေးယူထားမှုဟာ မြေစာရင်းဌာနအနေနဲ့တရားစွဲဆိုတာမဟုတ်ပဲ စက်ရုံတာဝန်ရှိသူကစွဲဆိုခဲ့တာဖြစ်ပြီး ခုလိုဖြစ်ရပ်နဲ့ပက်သက်လို့ သက်ဆိုင်ရာသာပေါင်းမြို့မရဲစခန်းကိုသွားရောက်မေးမြန်းရာ တော့တာဝန်ယူဖြေကြားပေးခြင်းမရှိခဲ့ပါဘူးခင်ဗျာ ။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)