စစ္ေတြၿမိဳ႕ျပအိမ္ရာေဖာ္ေဆာင္ေရးစီမံကိန္း စာခ်ဳပ္ပါကတိ ကဝတ္ေတြနဲ႔ ကြဲလြဲမႈေတြ႐ွိေနဟုဆို (႐ုပ္/သံ)

0
910

စစ္ေတြၿမိဳ႕ျပအိမ္ရာေဖာ္ေဆာင္ေရးစီမံကိန္းမွာ စာခ်ဳပ္ပါကတိကဝတ္ေတြနဲ႔ ကြဲလြဲမႈေတြ႐ွိေနတာေၾကာင့္ ေျမကြက္ဝယ္ယူထားသူေတြဘက္က ျပန္လည္ျပင္ဆင္ေပးဖို႔ ေတာင္းဆိုခဲ့ေပမဲ့ အဆင္မေျပမႈေတြ႐ွိေနပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္ စစ္ေတြၿမိဳ႕ရဲ႕ ၿမိဳ႕ျပအိမ္ရာေဖာ္ေဆာင္ေရးစီမံကိန္းမွာ တာဝန္ယူလုပ္ကုိင္ေနတဲ့ BXT International Co.Ltd က စာခ်ဳပ္ပါကတိကဝတ္ေတြအတိုင္း ေဆာင္႐ြက္ျခင္းမ႐ွိတာေၾကာင့္ ေျမကြက္ဝယ္ယူထားသူေတြဘက္က ျပန္လည္ျပင္ဆင္ေပးဖို႔ ေတာင္းဆိုခဲ့ၾကေပမဲ့ အဆင္မေျပမႈေတြ႐ွိေနပါတယ္။

အဲဒီစီမံကိန္းထဲက ေဖာ္ေဆာင္ၿပီးတဲ့ေျမကြက္ေပါင္း ၂၀၀ ေက်ာ္ကိုေရာင္းခ်ထားၿပီးျဖစ္ေပမယ့္ သတ္မွတ္ထားတဲ့ စံခ်ိန္စံႏႈန္းေတြနဲ႔ ကိုက္ညီမႈမ႐ွိသလို ၿမိဳ႕ျပအဂၤါရပ္နဲ႔လည္း မညီညြတ္တာေၾကင့္ ဝယ္ယူထားသူေတြဘက္က ျပန္လည္ ျပင္ဆင္ေပးဖို႔ ေတာင္းဆိုခဲ့ၾကတာပါ။

Soundbite – ဦးေအာင္စိုး( ေျမကြက္ဝယ္ယူထားသူ)

ဒါအျပင္ လက္႐ွိမွာ အစိုးရကတန္ဖိုးနည္းအိမ္ရာေတြ ေဖာ္ေဆာင္ေနတဲ့အခ်ိန္မွာ BXT ကုမၸဏီက ရာင္းခ်ေနတဲ့ေျမကြက္ ေတြဟာ ၆၀×၄၀ တစ္ကြက္ကို အနိမ့္အဆံုးေဈး သိန္း ၆၀၀ အထိေပးဝယ္ေနၾကရတာေၾကာင့္ အစိုးရေရာ ကုမၸဏီဘက္ ကပါ ႐ိုးသားဖို႔လိုအပ္တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

Soundbite – ေဒါက္တာေမာင္ေမာင္သန္း ( ေျမကြက္ဝယ္ယူထားသူ)

အဲဒီေျမကြက္ေတြကို ဇန္နဝါရီလ ၆-၇ ရက္ေတြမွာ ေရာင္းခ်ေပးခဲ့တာျဖစ္ၿပီး ေပးသြင္းရမယ့္ေငြေတြကို အခုလ ၂၀ ရက္ေန႔ကို ေနာက္ဆံုးထားမေပးသြင္းပါက အက်ိဳးခံစားခြင့္ ၂၅ ရာခိုင္ႏႈန္းကို ႐ုတ္သိမ္းမွာျဖစ္တယ္လို႔ iMyanmar Horse.Com က ေျပာဆိုထားပါတယ္။ ဒါ့အျပင္ ရခုိင္ျပည္နယ္အစိုးရကလည္း ေျမကြက္ေရာင္းခ်ေနမႈနဲ႔ပတ္သက္ၿပီးေတာ့ လံုးဝရပ္ဆိုင္ထားဖို႔ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔က စာထုတ္တားျမစ္ထားတာျဖစ္ပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်တွေမြို့ပြအိမ်ရာဖော်ဆောင်ရေးစီမံကိန်းမှာ စာချုပ်ပါကတိကဝတ်တွေနဲ့ ကွဲလွဲမှုတွေရှိနေတာကြောင့် မြေကွက်ဝယ်ယူထားသူတွေဘက်က ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ အဆင်မပြေမှုတွေရှိနေပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ရဲ့ မြို့ပြအိမ်ရာဖော်ဆောင်ရေးစီမံကိန်းမှာ တာဝန်ယူလုပ်ကိုင်နေတဲ့ BXT International Co.Ltd က စာချုပ်ပါကတိကဝတ်တွေအတိုင်း ဆောင်ရွက်ခြင်းမရှိတာကြောင့် မြေကွက်ဝယ်ယူထားသူတွေဘက်က ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့ကြပေမဲ့ အဆင်မပြေမှုတွေရှိနေပါတယ်။

အဲဒီစီမံကိန်းထဲက ဖော်ဆောင်ပြီးတဲ့မြေကွက်ပေါင်း ၂၀ဝ ကျော်ကိုရောင်းချထားပြီးဖြစ်ပေမယ့် သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိသလို မြို့ပြအင်္ဂါရပ်နဲ့လည်း မညီညွတ်တာကြေင့် ဝယ်ယူထားသူတွေဘက်က ပြန်လည် ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

Soundbite – ဦးအောင်စိုး( မြေကွက်ဝယ်ယူထားသူ)

ဒါအပြင် လက်ရှိမှာ အစိုးရကတန်ဖိုးနည်းအိမ်ရာတွေ ဖော်ဆောင်နေတဲ့အချိန်မှာ BXT ကုမ္ပဏီက ရာင်းချနေတဲ့မြေကွက် တွေဟာ ၆၀×၄၀ တစ်ကွက်ကို အနိမ့်အဆုံးဈေး သိန်း ၆၀ဝ အထိပေးဝယ်နေကြရတာကြောင့် အစိုးရရော ကုမ္ပဏီဘက် ကပါ ရိုးသားဖို့လိုအပ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Soundbite – ဒေါက်တာမောင်မောင်သန်း ( မြေကွက်ဝယ်ယူထားသူ)

အဲဒီမြေကွက်တွေကို ဇန်နဝါရီလ ၆-၇ ရက်တွေမှာ ရောင်းချပေးခဲ့တာဖြစ်ပြီး ပေးသွင်းရမယ့်ငွေတွေကို အခုလ ၂၀ ရက်နေ့ကို နောက်ဆုံးထားမပေးသွင်းပါက အကျိုးခံစားခွင့် ၂၅ ရာခိုင်နှုန်းကို ရုတ်သိမ်းမှာဖြစ်တယ်လို့ iMyanmar Horse.Com က ပြောဆိုထားပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အစိုးရကလည်း မြေကွက်ရောင်းချနေမှုနဲ့ပတ်သက်ပြီးတော့ လုံးဝရပ်ဆိုင်ထားဖို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စာထုတ်တားမြစ်ထားတာဖြစ်ပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)