ကြက်သွန်စျေးတက်ပေမယ့် တောင်သူတွေ အကျိုးအမြတ်နည်း

0
80

Unicode Version

ကြက်သွန်ဈေးတက်ပေမယ့် မြင့်တက်လာတဲ့ စိုက်ပျိုးစရိတ်ကြောင့် ကြက်သွန်စိုက်တောင်သူတွေ အကျိုးအမြတ်ရရှိမှု နည်းနေတာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက ကြက်သွန်တစ်ပိဿကို ကျပ် ၇၀၀ ကနေ ၁၀၀၀ အထိ ရှိခဲ့ပေမယ့် အခုလက်ရှိမှာတော့ ကြက်သွန်တစ်ပိဿကို ကျပ် ၂၅၀၀ အထိ ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။

အခုလို ကြက်သွန်ဈေး မြင့်တက်ပေမယ့် ကြက်သွန်စိုက်ပျိုးစရိတ်အနေနဲ့ တဧကကို ကျပ် ၁၂ သိန်းကနေ ၁၅ သိန်းအထိကုန်ကျပြီး မြေအငှားနဲ့စိုက်ရတဲ့တောင်သူတွေမှာတော့ တဧကကို ကျပ်သိန်း ၂၀ အထိကုန်ကျနေတာကြောင့် အမြတ်ရရှိမှု နည်းပါးနေတာ ဖြစ်ပါတယ်။

Soundbite ဦးကောင်းမြတ်ထွန်း (ကောင်းစံကြက်သွန်ပွဲရုံ) မုံရွာမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

အခုနှစ်မှာ ကြက်သွန်စိုက်တောင်သူတွေအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ တဧကကို ကျပ်တစ်သိန်းနှုန်းနဲ့ စိုက်ပျိုးစရိတ်ချေးပေးနေသလို ပြင်ပပုဂ္ဂလိကကုမ္ပဏီတွေကလည်း တောင်သူတွေလိုအပ်တဲ့စိုက်ပျိုးစရိတ်ကို ၆ လ၊ ၈ လ၊ ၁၀ လ အသွင်းတွေနဲ့ ချေးပေးနေတာကြောင့် ပြင်ပချေးငွေယူကာ စိုက်ပျိုးသူတွေပိုများလာတယ်လို့ တောင်သူတဦးကပြောပါတယ်။

Soundbite ဦးနေထွန်းအောင် (ကြက်သွန်စိုက်တောင်သူ) တောင်ပုလူကျေးရွာ၊ မုံရွာမြို့နယ်

မုံရွာမြို့နယ်ရှိ ကျွဲရဲ၊ တောင်ပုလူ၊ ခိုးသန်း၊ သမန္တာ၊ ရှင်ငါးဆယ် စတဲ့ကျေးရွာတွေဟာ တနှစ်ပတ်လုံး ကြက်သွန်သီးနှံတမျိုးထဲကိုသာ အဓိကထားစိုက်ပျိုးနေကြတာဖြစ်ပြီး တဧကမှာအနည်းဆုံး ကြက်သွန် ပိဿာချိန် ၅၀၀၀ ကနေ ၈၀၀၀ အထိထွက်ရှိနေတာလဲဖြစ်ပါတယ် ခင်ဗျာ။

Zawgyi Version

 ကြက်သွန်ဈေးတက်ပေမယ့် ကြက်သွန်စိုက်တောင်သူတွေ အကျိုးအမြတ်ရရှိမှု နည်းနေ

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)