ဒုကၡသည္စခန္းက ဘဂၤါလီေတြ ျပန္မလာနုိင္တာ အခက္အခဲေတြရွိေနတာလုိ႔ လူကယ္ျပန္ဝန္ႀကီးေျပာ (႐ုပ္/သံ)

0
860

ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းက ျပန္လာခ်င္တဲ့ ဘဂၤါလီေတြကို အကူအညီမေပးတာ၊ ႏိွပ္စက္ညွင္းပမ္းတာ၊ သတ္ျဖတ္တာေတြကို ခံစားေနၾကရတဲ့အတြက္ ျပန္လာဖုိ႔အခက္အခဲေတြ ရွိေနတယ္လို႔ ေဒါက္တာဝင္းျမတ္ေအးက ေျပာပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

၂၀၁၇ ခုႏွစ္ ပဋိပကၡအတြင္း ထြက္ေျပးသြားၿပီး ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းကိုေရာက္ရွိေနသူေတြကို ႏုိဝင္ဘာလ ၁၅ ရက္ေန႔မွာ ပထမအသုတ္အေနနဲ႔ ျပန္လည္ပို႔ေဆာင္ေပးဖို႔ ႏွစ္ႏုိင္ငံသေဘာတူညီထားေပမယ့္ ျပန္ဝင္လာသူမရွိခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ တစ္ဖက္ႏုိင္ငံမွာလည္း ျပန္မလာခ်င္သူေတြက ဆႏၵျပမႈေတြျပဳလုပ္ခဲ့ၾကၿပီး ျမန္မာႏုိင္ငံကို ျပန္လည္ဝင္ေရာက္လာပါက ႏုိင္ငံသားျဖစ္ေရးနဲ႔ လံုၿခံဳစိတ္ခ်က္စြာေနထုိင္ႏုိင္ေရး အပါအဝင္ အခ်က္ ၅ ခ်က္ကို ေတာင္းဆိုခဲ့ၾကတာျဖစ္ပါတယ္။

ဘဂၤါလားေဒ့ရွ္ဒုကၡသည္စခန္းကို ေရာက္ရွိေနသူေတြထဲက အမ်ားစုဟာ ျပန္လာခ်င္သူေတြျဖစ္ၿပီး အခုလိုမလာေရာက္ႏုိင္တာဟာ အကူအညီမရရွိတာေတြ၊ ညွင္းပမ္းႏႈိပ္စက္တာေတြ၊ သတ္ျဖတ္မႈေတြ ရွိေနတာေၾကာင့္ ေၾကာက္ရြံ႕ၿပီး မလာၾကတာျဖစ္တယ္လို႔ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက ႏို၀င္ဘာလ ၁၅ ရက္ေန႔ ညေနပိုင္းက ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

အင္တာဗ်ဴး – ေဒါက္တာဝင္းျမတ္ေအး (ျပည္ေထာင္စုဝန္ႀကီး)
လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန

အဲဒီလူေတြျပန္လည္ဝင္ေရာက္လာႏုိင္ေရးအတြက္ ႏွစ္ႏုိင္ငံအစိုးရအၾကား ေကာ္မတီေတြဖြဲ႔စည္းၿပီး ကုလသမဂၢအဖြဲ႔ အစည္းေတြျဖစ္တဲ့ UNDP/ UNHCR တုိ႔နဲ႔လည္း သေဘာတူညီခ်က္ရရွိၿပီးမွ အခုလိုပို႔ေဆာင္ေပးေရးေတြကို ေဆာင္ရြက္ခဲ့ တာျဖစ္ပါတယ္။

အဲဒီဒုကၡသည္စခန္းကို ေရာက္ရွိေနသူေတြ ျပန္လာႏုိင္ေရးအတြက္ ဘဂၤလားေဒ့ရွ္အစိုးရအေနနဲ႔လည္း သေဘာတူစာခ်ဳပ္အတုိင္း ေဆာင္ရြက္ဖုိ႔လိုအပ္ၿပီး UNHCR အေနနဲ႔လည္း ျပန္လာခ်င္သူေတြကို ျပန္လာႏုိင္ေအာင္ အကူအညီေပးဖုိ႔တိုက္တြန္းခဲ့ပါတယ္။

အင္တာဗ်ဴး – ေဒါက္တာဝင္းျမတ္ေအး (ျပည္ေထာင္စုဝန္ႀကီး)
လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန

ဒါ့အျပင္ ျမန္မာႏုိင္ငံဟာ အခ်ဳပ္အျခာအာဏာပိုင္းတဲ့ႏုိင္ငံျဖစ္တာေၾကာင့္ ျမန္မာႏုိင္ငံအတြင္းမွာ ေနထုိင္မယ့္သူေတြဟာ လက္ရွိဥပေဒေတြ၊ စည္းမွ်ည္းစည္းကမ္းေတြကို လိုက္နာဖုိ႔လိုအပ္ၿပီး ဆန္႔က်င္သူေတြကို ဥပေဒအရ အေရးယူရမွာျဖစ္တယ္လို႔ ဥပေဒစိုးမိုးေရးကိစၥေတြကိုလည္း ရွင္းလင္းခဲ့ပါတယ္။

ျမန္မာအစိုးရအေနနဲ႔ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ ၂၅ ရက္ေန႔ေနာက္ပုိင္းမွာ ထြက္ေျပးသြားသူေတြထဲက ျပန္လာသူအားလံုးကို ျပန္လည္လက္ခံေပးသြားမွာျဖစ္တယ္လို႔ ေဒါက္တာဝင္းျမတ္ေအးက ေျပာၾကားခဲ့ပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုက္ခသည်စခန်းက ဘင်္ဂါလီတွေ ပြန်မလာနိုင်တာ အခက်အခဲတွေရှိနေတာလို့ လူကယ်ပြန်ဝန်ကြီးပြော

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ပြန်လာချင်တဲ့ ဘင်္ဂါလီတွေကို အကူအညီမပေးတာ၊ နှိပ်စက်ညှင်းပမ်းတာ၊ သတ်ဖြတ်တာတွေကို ခံစားနေကြရတဲ့အတွက် ပြန်လာဖို့အခက်အခဲတွေ ရှိနေတယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

၂၀၁၇ ခုနှစ် ပဋိပက္ခအတွင်း ထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကိုရောက်ရှိနေသူတွေကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ပထမအသုတ်အနေနဲ့ ပြန်လည်ပို့ဆောင်ပေးဖို့ နှစ်နိုင်ငံသဘောတူညီထားပေမယ့် ပြန်ဝင်လာသူမရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် တစ်ဖက်နိုင်ငံမှာလည်း ပြန်မလာချင်သူတွေက ဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြပြီး မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာပါက နိုင်ငံသားဖြစ်ရေးနဲ့ လုံခြုံစိတ်ချက်စွာနေထိုင်နိုင်ရေး အပါအဝင် အချက် ၅ ချက်ကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဘင်္ဂါလားဒေ့ရှ်ဒုက္ခသည်စခန်းကို ရောက်ရှိနေသူတွေထဲက အများစုဟာ ပြန်လာချင်သူတွေဖြစ်ပြီး အခုလိုမလာရောက်နိုင်တာဟာ အကူအညီမရရှိတာတွေ၊ ညှင်းပမ်းနှိုပ်စက်တာတွေ၊ သတ်ဖြတ်မှုတွေ ရှိနေတာကြောင့် ကြောက်ရွံ့ပြီး မလာကြတာဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အင်တာဗျူး – ဒေါက်တာဝင်းမြတ်အေး (ပြည်ထောင်စုဝန်ကြီး)
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

အဲဒီလူတွေပြန်လည်ဝင်ရောက်လာနိုင်ရေးအတွက် နှစ်နိုင်ငံအစိုးရအကြား ကော်မတီတွေဖွဲ့စည်းပြီး ကုလသမဂ္ဂအဖွဲ့ အစည်းတွေဖြစ်တဲ့ UNDP/ UNHCR တို့နဲ့လည်း သဘောတူညီချက်ရရှိပြီးမှ အခုလိုပို့ဆောင်ပေးရေးတွေကို ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်။

အဲဒီဒုက္ခသည်စခန်းကို ရောက်ရှိနေသူတွေ ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်း သဘောတူစာချုပ်အတိုင်း ဆောင်ရွက်ဖို့လိုအပ်ပြီး UNHCR အနေနဲ့လည်း ပြန်လာချင်သူတွေကို ပြန်လာနိုင်အောင် အကူအညီပေးဖို့တိုက်တွန်းခဲ့ပါတယ်။

အင်တာဗျူး – ဒေါက်တာဝင်းမြတ်အေး (ပြည်ထောင်စုဝန်ကြီး)
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

ဒါ့အပြင် မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာပိုင်းတဲ့နိုင်ငံဖြစ်တာကြောင့် မြန်မာနိုင်ငံအတွင်းမှာ နေထိုင်မယ့်သူတွေဟာ လက်ရှိဥပဒေတွေ၊ စည်းမျှည်းစည်းကမ်းတွေကို လိုက်နာဖို့လိုအပ်ပြီး ဆန့်ကျင်သူတွေကို ဥပဒေအရ အရေးယူရမှာဖြစ်တယ်လို့ ဥပဒေစိုးမိုးရေးကိစ္စတွေကိုလည်း ရှင်းလင်းခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့နောက်ပိုင်းမှာ ထွက်ပြေးသွားသူတွေထဲက ပြန်လာသူအားလုံးကို ပြန်လည်လက်ခံပေးသွားမှာဖြစ်တယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)