အကြမ်းဖက်မှုမှာ ပါဝင်ခဲ့သူ ငါး ဦး မောင်းတောမြို့နယ်မှာ ထပ်မံဖမ်းဆီး

0
354

အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်ခဲ့ပြီး ထွက်ပြေး တိမ်းရှောင်နေသူ ငါးဦးကို ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ဇန်န၀ါရီလ (၁၅) ရက်နေ့က ဖမ်းဆီးရရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်လာပါတယ်။

ငါးခူရ (အလယ်ရွာ) နေ အီနု (ဘ) နာဒူဟူဆောင်း၊ ငါးရံ့ချောင်းကျေးရွာနေ ဆွေဒူလာမီ (ဘ) အဗ္ဗဒူလာ၊ မာမွတ်ကာဆင်း (ဘ) ဇော်လာမောက်၊ ရှူဟတ် (ဘ) မူဇင်မေနဲ့ ပဒါးကားကျေးရွာနေ မာမတ်အီဒရစ် (ဘ) အဒူမာလစ်တို့ကို ဖမ်းဆီးရရှိခဲ့တာလို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

ဖမ်းဆီးရရှိ သူတွေရဲ့ ထွက်ဆိုချက်တွေအရ သူတို့ဟာ ငါးခူရနဲ့ ကျီးကန်းပြင် အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ ပါဝင်ခဲ့ပြီး အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုတွေပြုလုပ်ဖို့ ငွေကြေးထောက်ပံ့ပြီး လူအင်အား စုဆောင်းပေးခဲ့သူတွေ ဖြစ်ကြောင်းနဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေ ဖြစ်ပွားပြီးနောက် တိမ်းရှောင်နေရာမှ သူတို့ရဲ့ကျေးရွာတွေကို ပြန်လည်ဝင်ရောက် နေထိုင်ကြစဉ်မှာ ဖမ်းဆီးခံကြရတာလို့ ဆိုပါတယ်။

လက်ရှိအခြေအနေမှာတော့ ဖမ်းဆီးရရှိထားသူတွေကို တရားဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာကို စနစ်တကျလွှဲပြောင်း အပ်နှံသွားမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)