တပ်မတော်ပိုင်ယာဉ် အယောင်ဆောင် တရားမ၀င်သစ် တင်လာတဲ့ ကား ၂ စီး ဖမ်း

0
315

တပ်မတော်ပိုင်ယာဉ် အယောင်ဆောင်ပြီး တရားမ၀င်သစ်တွေ တင်ဆောင်လာတဲ့ မော်တော်ယာဉ် နှစ်စီးကို ဇန်နဝါရီလ ၁၃ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ လှည်း ကူးမြို့၊ အောင်မင်္ဂလာ ရပ်ကွက် လှည်းကူး-ဖောင်ကြီး ကားလမ်း၊ မိုင်တိုင်အမှတ် (၀/၅) နေရာ လှည်း ကူးမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သတင်းအရ စစ်ဆေး ရှာဖွေရာက အခုလိုဖမ်းဆီးရမိလိုက်တာပါ။

ဟီးနိုးအမျိုးအစား မော်တော်ယာဉ် (စစ်စိမ်းရောင်) နှစ်စီး ယာဉ် အမှတ်၊ ကြယ် ၆၀၂၅ (န) နဲ့ ကြယ် ၇၁၀၅ (န) တို့အား စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာမှာ ယာဉ်မောင်းတွေက ထွက်ပြေး တိမ်းရှောင်သွားခဲ့ပြီး အဲဒီယာဉ်တွေပေါ်မှ ပိတောက်သစ်ခွဲသား ၃၆ ချောင်း (ခန့်မှန်း ၃ တန်ခွဲခန့်) တို့ကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

အဲဒီတပ်မတော်ပိုင် ယာဉ်နှစ်စီးမှာလည်း ၂၀၁၄ ခုနှစ်မှာ သံရည်ကျိုစက်ရုံကို ပို့ဆောင်ထားတဲ့ ယာဉ်တွေဖြစ်ဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိရပြီး အဲဒီယာဉ်တွေဟာ တပ်မတော်ပိုင်ယာဉ်တွေ မဟုတ်ပဲ တပ်မတော်ပိုင်ယာဉ် အယောင်ဆောင်ပြီးတရား မ၀င်သစ်တွေ သယ်ဆောင်လာ တာဖြစ်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်ပိုင်ယာဉ် အယောင်ဆောင်ပြီး တရားမ၀င်သစ် သယ်ဆောင်လာသူတွေကို ဖော်ထုတ်ဖမ်းဆီး ရရှိနိုင်ဖို့ သက်ဆိုင်ရာကစီ စဉ်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ (တင်ပြီး)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)