စိုက်ပျိုးရေးတောင်သူတွေ နည်းစနစ်တကျစိုက်ပျိုးတဲ့အတွက် ကုန်ကျမှုနည်းပြီး အထွက်တိုး

0
96

စိုက်ပျိုးရေးတောင်သူတွေ နည်းစနစ်တကျစိုက်ပျိုးလာတဲ့အတွက် အထွက်နှုန်းတိုးမြင့်လာပြီးကုန်ကျ စရိတ်လျော့နည်းလာတယ်လို့ အောင်ပန်းမြို့ရဲ့စိုက်ပျိုးရေးတောင်သူတွေကပြောပါတယ်။ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးကပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးက စိုက်ပျိုးရေးတောင်သူတွေအနေနဲ့ GAP လက်မှတ်မရရှိခင်က တစ်ဧကကို ၃၀ဝ၀နဲ့ ၄၀ဝ၀ ဝန်းကျင်သာထွက်ခဲ့ပေမယ့် အခု GAP စနစ်ကျင့်သုံးပြီးနောက်ပိုင်း တစ်ဧကကို ၆၀ဝ၀ ဝန်းကျင်ထိရှိလာပြီးဓာတ်မြေသြဇာ ကုန်ကျစရိတ်တွေမှာလည်း လျော့နည်းလာတာ ဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။

Soundbite ; ဦးကျော်ထင် (အာလူးစိုက်တောင်သူ)
ရှမ်းပြည်နယ်၊အောင်ပန်းမြို့

စားသောက်ကုန်တွေဘေးအန္တရာယ်ကင်းရှင်းစေဖို့နဲ့သီးနှံစိုက်ပျိုးရောင်းချသူတွေရဲ့လူနေမှုဘဝမြင့်မားလာစေဖို့ METRO Wholesale Myanmar က မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးတောင်သူ ၂၀ဝ ကျော်ကို GAP စနစ်ကျင့်သုံးဆောင်ရွက်နိုင်ဖို့စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကပို့ချပေးတဲ့ မွမ်းမံ သင်တန်းပို့ချနိုင်ဖို့ ပံ့ပိုးကူညီပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအသိအမှတ်ပြု GAP လက်မှတ်ကို စိုက်ပျိုးရေးနည်းစနစ်ပိုင်းနဲ့ပတ်သက်ပြီး မွမ်းမံသင်တန်း တက်ရောက်ခဲ့တဲ့ စိုက်ပျိုးရေးတောင်သူ ၂၀ဝ ထဲကလက်မှတ်ရသူ ၆၂ ဦးရရှိခဲ့ပြီးနိုဝင်ဘာလ ၁၄ရက်က အောင်ပန်းမြို့၊Hotel SS မှာလက်မှတ်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

Soundbite ; ဦးဇော်မြတ်ထွန်း (ဦးစီးအရာရှိ ) တောင်ကြီးခရိုင်၊စိုက်ပျိုးရေးဦးစီးဌာန

GAP လက်မှတ်ရရှိဖို့လျှောက်ထားတဲ့တောင်သူတွေကို ကနဦးအနေနဲ့မြေစစ်ဆေးတဲ့အခါ လူကိုအ ဆိပ်သင့်စေတဲ့ ဓာတ်ပါ မပါနဲ့ စိုက်ပျိုးမယ့် သီးနှံပေါ်မူတည်ပြီး အာဟာရဓာတ်ပါဝင်မှုကိုလည်းစစ်ဆေးခဲ့သလို မြန်မာနိုင်ငံက မှတ်ပုံတင်ထားတဲ့ဓာတ်မြေသြဇာတွေ၊ပိုးသတ်ဆေးတွေဖြစ်မှသာ GAP လက်မှတ်ထုတ်ပေး တယ်လို့လည်းပြောပါတယ်ရှင်။

စိုက်ပျိုးရေးတောင်သူတွေ နည်းစနစ်တကျစိုက်ပျိုးလာတဲ့အတွက် အထွက်နှုန်းတိုးမြင့်လာပြီးကုန်ကျ စရိတ်လျော့နည်းလာတယ်လို့ အောင်ပန်းမြို့ရဲ့စိုက်ပျိုးရေးတောင်သူတွေကပြောပါတယ်။ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးကပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးက စိုက်ပျိုးရေးတောင်သူတွေအနေနဲ့ GAP လက်မှတ်မရရှိခင်က တစ်ဧကကို ၃၀၀၀နဲ့ ၄၀၀၀ ဝန်းကျင်သာထွက်ခဲ့ပေမယ့် အခု GAP စနစ်ကျင့်သုံးပြီးနောက်ပိုင်း တစ်ဧကကို ၆၀၀၀ ဝန်းကျင်ထိရှိလာပြီးဓာတ်မြေသြဇာ ကုန်ကျစရိတ်တွေမှာလည်း လျော့နည်းလာတာ ဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။

Soundbite ; ဦးကျော်ထင် (အာလူးစိုက်တောင်သူ)
ရှမ်းပြည်နယ်၊အောင်ပန်းမြို့

စားသောက်ကုန်တွေဘေးအန္တရာယ်ကင်းရှင်းစေဖို့နဲ့သီးနှံစိုက်ပျိုးရောင်းချသူတွေရဲ့လူနေမှုဘဝမြင့်မားလာစေဖို့ METRO Wholesale Myanmar က မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးတောင်သူ ၂၀၀ ကျော်ကို GAP စနစ်ကျင့်သုံးဆောင်ရွက်နိုင်ဖို့စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကပို့ချပေးတဲ့ မွမ်းမံ သင်တန်းပို့ချနိုင်ဖို့ ပံ့ပိုးကူညီပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအသိအမှတ်ပြု GAP လက်မှတ်ကို စိုက်ပျိုးရေးနည်းစနစ်ပိုင်းနဲ့ပတ်သက်ပြီး မွမ်းမံသင်တန်း တက်ရောက်ခဲ့တဲ့ စိုက်ပျိုးရေးတောင်သူ ၂၀၀ ထဲကလက်မှတ်ရသူ ၆၂ ဦးရရှိခဲ့ပြီးနိုဝင်ဘာလ ၁၄ရက်က အောင်ပန်းမြို့၊Hotel SS မှာလက်မှတ်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

Soundbite ; ဦးဇော်မြတ်ထွန်း (ဦးစီးအရာရှိ ) တောင်ကြီးခရိုင်၊စိုက်ပျိုးရေးဦးစီးဌာန

GAP လက်မှတ်ရရှိဖို့လျှောက်ထားတဲ့တောင်သူတွေကို ကနဦးအနေနဲ့မြေစစ်ဆေးတဲ့အခါ လူကိုအ ဆိပ်သင့်စေတဲ့ ဓာတ်ပါ မပါနဲ့ စိုက်ပျိုးမယ့် သီးနှံပေါ်မူတည်ပြီး အာဟာရဓာတ်ပါဝင်မှုကိုလည်းစစ်ဆေးခဲ့သလို မြန်မာနိုင်ငံက မှတ်ပုံတင်ထားတဲ့ဓာတ်မြေသြဇာတွေ၊ပိုးသတ်ဆေးတွေဖြစ်မှသာ GAP လက်မှတ်ထုတ်ပေး တယ်လို့လည်းပြောပါတယ်ရှင်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)