သားျဖစ္သူကိုမဲမေပးပါက မိမိကိုယ္တုိင္ႏုိင္ငံေရး ဆက္မလုပ္ေတာ့ဟု ဆို (႐ုပ္/သံ)

0
281

ရေသ့ေတာင္ျပည္သူေတြ သားျဖစ္သူကိုမဲမေပးပါက မိမိကိုယ္တုိင္ႏုိင္ငံေရး ဆက္မလုပ္ေတာ့ဟု ေဒါက္တာေအးေမာင္ ေျပာပါတယ္။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

လာမယ့္ႏုိဝင္ဘာလ ၃ ရက္ေန႔က်င္းပျပဳလုပ္မယ့္ ၾကားျဖတ္ေရြးေကာက္ပြဲမွာ ရခုိရင္ျပည္နယ္ေျမာက္ပိုင္းက ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္တစ္ေနရာပါဝင္ေနၿပီး အဲဒီေနရာမွာ ေဒါက္တာေအးေမာင္ရဲ႕ သားျဖစ္သူ ကိုတင္ေမာင္ဝင္းက တစ္သီးပုဂၢလအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္သြား မွာျဖစ္ပါတယ္။

ရေသ့တာင္ၿမိဳ႕နယ္ဟာ ေဒါက္တာေအးေမာင္ရဲ႕ ဇာတိေျမျဖစ္တဲ့အတြက္ သားျဖစ္သူကို အခုလိုဝင္ေရာက္ယွဥ္ၿပိဳင္ခိုင္းခဲ့တာျဖစ္ၿပီး အဲဒီမဲဆႏၵနယ္ေျမက မဲဆႏၵရွင္ျပည္သူေတြအေနနဲ႔ ကိုတင္ေမာင္ဝင္း ကို မဲမေပးခဲ့ပါကမိမိကိုယ္တုိင္ ႏုိင္ငံေရကိုဆက္မလုပ္ေတာ့ေၾကာင္း ေဒါက္တာေအးေမာင္ေျပာပါတယ္။

အင္တာဗ်ဴး – ေဒါက္တာေအးေမာင္ (အမ္းၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္)

ေဒါက္တာေအးေမာင္ဟာ ရခိုင္အမ်ိဳးသားပါတီရဲ႕ဥကၠဌအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ပါတီက ႏႈတ္ထြက္ခြင့္ေတာင္းထားတာျဖစ္ပါတယ္။ ဒါ့အျပင္ ရခိုင္ႏုိင္ငံေရးပါတီသစ္တစ္ခုအျဖစ္ ေပၚေပါက္လာမယ့္ အဖရခို္င္ပါတီဟာ သူကိုယ္တုိင္တည္ ေထာင္တဲ့ပါတီျဖစ္ၿပီး အဲဒီပါတီကို ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ က ခြင့္မျပဳတာေၾကာင့္ ရခိုင္ေရွ႕ေဆာင္ပါတီ အျဖစ္ အမည္ေျပာင္းလဲမွတ္ပံုတင္သြားဖုိ႔ရွိေနပါတယ္။

အင္တာဗ်ဴး – ေဒါက္တာေအးေမာင္ (အမ္းၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္)

လက္ရွိမွာ ရေသ့ေတာင္ၿမိဳ႕နယ္၊ ျပည္နယ္လႊတ္ေတာ္အမွတ္ ၂ ၾကားျဖတ္ေရြးေကာက္ပြဲမွာ ရခိုင္အမ်ိဳးသားပါတီ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ၊ ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီနဲ႔ တစ္သီးပုဂလျဖစ္တဲ့ ကိုတင္ေမာင္ဝင္းတုိ႔က ဝင္ေရာက္ယွဥ္ၿပိဳင္သြားဖုိ႔ရွိေနတာျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရသေ့တောင်ပြည်သူတွေ သားဖြစ်သူကိုမဲမပေးပါက မိမိကိုယ်တိုင်နိုင်ငံရေး ဆက်မလုပ်တော့ဟု ဒေါက်တာအေးမောင် ပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

လာမယ့်နိုဝင်ဘာလ ၃ ရက်နေ့ကျင်းပပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုရင်ပြည်နယ်မြောက်ပိုင်းက ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်တစ်နေရာပါဝင်နေပြီး အဲဒီနေရာမှာ ဒေါက်တာအေးမောင်ရဲ့ သားဖြစ်သူ ကိုတင်မောင်ဝင်းက တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွား မှာဖြစ်ပါတယ်။

ရသေ့တာင်မြို့နယ်ဟာ ဒေါက်တာအေးမောင်ရဲ့ ဇာတိမြေဖြစ်တဲ့အတွက် သားဖြစ်သူကို အခုလိုဝင်ရောက်ယှဉ်ပြိုင်ခိုင်းခဲ့တာဖြစ်ပြီး အဲဒီမဲဆန္ဒနယ်မြေက မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ကိုတင်မောင်ဝင်း ကို မဲမပေးခဲ့ပါကမိမိကိုယ်တိုင် နိုင်ငံရေကိုဆက်မလုပ်တော့ကြောင်း ဒေါက်တာအေးမောင်ပြောပါတယ်။

အင်တာဗျူး – ဒေါက်တာအေးမောင် (အမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ဒေါက်တာအေးမောင်ဟာ ရခိုင်အမျိုးသားပါတီရဲ့ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပါတီက နှုတ်ထွက်ခွင့်တောင်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်နိုင်ငံရေးပါတီသစ်တစ်ခုအဖြစ် ပေါ်ပေါက်လာမယ့် အဖရခိ်ုင်ပါတီဟာ သူကိုယ်တိုင်တည် ထောင်တဲ့ပါတီဖြစ်ပြီး အဲဒီပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ခွင့်မပြုတာကြောင့် ရခိုင်ရှေ့ဆောင်ပါတီ အဖြစ် အမည်ပြောင်းလဲမှတ်ပုံတင်သွားဖို့ရှိနေပါတယ်။

အင်တာဗျူး – ဒေါက်တာအေးမောင် (အမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

လက်ရှိမှာ ရသေ့တောင်မြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ် ၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ တစ်သီးပုဂလဖြစ်တဲ့ ကိုတင်မောင်ဝင်းတို့က ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိနေတာဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)