ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာ ေဝဟင္ေအာင္တုိ႔ဘက္က စြဲခ်က္ကိုပယ္ဖ်က္ဖို႔ ေလွ်ာက္မယ္ (႐ုပ္/သံ)

0
227

ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာေဝဟင္ေအာင္တုိ႔ဘက္က စြဲခ်က္ကိုပယ္ဖ်က္ဖို႔ တရားလႊတ္ေတာ္ကို ေလွ်ာက္ထားသြားဖုိ႔ရွိေနပါတယ္ ။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

စစ္ေတြခရုိင္တရားရံုးကေန ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာေဝဟင္ေအာင္တုိ႔ႏွစ္ဦးကို ႏုိင္ငံေတာ္အၾကည္အညိဳ ပ်က္ေစမႈ ပုဒ္မ ၅၀၅ (ခ)နဲ႔ ႏုိင္ငံေတာ္ပုန္ကန္မႈ ပုဒ္မ ၁၂၂(၁) တုိ႔နဲ႔ စက္တင္ဘာလ ၁၀ ရက္ေန႔က စြဲခ်က္တင္လိုက္တာ ျဖစ္ပါတယ္။

အဲဒီစြဲခ်က္အတင္ခံထားရတဲ့အမႈႏွစ္မႈလံုးကို ပ်ယ္ဖ်က္ေပးဖို႔အတြက္ ရခိုင္ျပည္နယ္တရားလႊတ္ေတာ္ကို အခုရက္ပိုင္းအတြင္းမွာ တင္ျပေလွ်ာက္ထားမႈေတြျပဳလုပ္သြားမွာျဖစ္ပါတယ္။

အင္တာဗ်ဴး -ေဒါက္တာေအးေမာင္ (အမ္းၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္)

သူတုိ႔ႏွစ္ဦးအေပၚ အမႈႏွစ္မႈနဲ႔စြဲခ်က္တင္လိုက္တာဟာ ၁၉၇၃ ခု စကားရပ္မ်ားဥပေဒနဲ႔ဆန္႔က်င္ေနသလို တရားစီရင္ေရး အပို္င္းမွာလည္း မွားယြင္းေနတယ္လို႔ယူဆတဲ့အတြက္ စြဲခ်က္ေတြကိုပယ္ဖ်က္ေပးဖုိ႔ တင္ျပသြားမွာျဖစ္တယ္လို႔ စာေရး ဆရာေဝဟင္ေအာင္က ေျပာပါတယ္။

အင္တာဗ်ဴး-ေဝဟင္ေအာင္ (စာေရးဆရာ)

သူတုိ႔ႏွစ္ဦးကို ႏုိင္ငံေတာ္ပုန္ကန္မႈ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၁၂၂ (၁)၊ ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၅၀၅ (ခ)တုိ႔နဲ႔ စြဲခ်က္တင္လိုက္ၿပီး ဒုတိယအႀကိမ္ရံုးခ်ိန္းကိုေတာ့ စက္တင္ဘာလ ၁၇ ရက္ေန႔ကိုခ်ိန္းဆိုလိုက္တာျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ဘက်က စွဲချက်ကိုပယ်ဖျက်ဖို့ တရားလွှတ်တော်ကို လျှောက်ထားသွားဖို့ရှိနေပါတယ် ။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

စစ်တွေခရိုင်တရားရုံးကနေ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးကို နိုင်ငံတော်အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂(၁) တို့နဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။

အဲဒီစွဲချက်အတင်ခံထားရတဲ့အမှုနှစ်မှုလုံးကို ပျယ်ဖျက်ပေးဖို့အတွက် ရခိုင်ပြည်နယ်တရားလွှတ်တော်ကို အခုရက်ပိုင်းအတွင်းမှာ တင်ပြလျှောက်ထားမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။

အင်တာဗျူး -ဒေါက်တာအေးမောင် (အမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

သူတို့နှစ်ဦးအပေါ် အမှုနှစ်မှုနဲ့စွဲချက်တင်လိုက်တာဟာ ၁၉၇၃ ခု စကားရပ်များဥပဒေနဲ့ဆန့်ကျင်နေသလို တရားစီရင်ရေး အပိ်ုင်းမှာလည်း မှားယွင်းနေတယ်လို့ယူဆတဲ့အတွက် စွဲချက်တွေကိုပယ်ဖျက်ပေးဖို့ တင်ပြသွားမှာဖြစ်တယ်လို့ စာရေး ဆရာဝေဟင်အောင်က ပြောပါတယ်။

အင်တာဗျူး-ဝေဟင်အောင် (စာရေးဆရာ)

သူတို့နှစ်ဦးကို နိုင်ငံတော်ပုန်ကန်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၂ (၁)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)တို့နဲ့ စွဲချက်တင်လိုက်ပြီး ဒုတိယအကြိမ်ရုံးချိန်းကိုတော့ စက်တင်ဘာလ ၁၇ ရက်နေ့ကိုချိန်းဆိုလိုက်တာဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)