ျပည္တကၠသိုလ္ေက်ာင္းသားမ်ား သမဂၢ အမႈေဆာင္ေရြးေကာက္ပြဲ က်င္းပဖို႔ အခက္အခဲရွိ (႐ုပ္/သံ)

0
961

ျပည္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ အမႈေဆာင္ေရြးေကာက္ပဲြကို ပါေမာကၡခ်ဳပ္က အေၾကာင္းအမ်ိဳးမ်ိဳးျပျပီး ပ်က္စီးေအာင္ လုပ္ေဆာင္ခဲ့တဲ့အေၾကာင္း ေက်ာင္းသားေတြက သတင္းစာရွင္းပဲြဲျပဳလုပ္ခဲ့ပါတယ္ ။ ဒီသတင္းကို MCNသတင္းေထာက္ ဟန္ထူးေဇာ္ ေပးပို႔ထားပါတယ္ ။

သမဂၢအမႈေဆာင္ေရြးေကာက္ပဲြကို ပါေမာကၡခ်ဳပ္ကအေၾကာင္းအမ်ိဳးမ်ိဳးျပကာ ပ်က္စီးေအာင္လုပ္တယ္ဆိုျပီး ေဖေဖာ္၀ါရီလ ၁၅ရက္ေန႕က ျပည္တကၠသိုလ္ေက်ာင္းသားမ်ား သမဂၢကဦးေဆာင္ျပီး ျပည္တကၠသိုလ္ေက်ာင္းေရွ႕မွာ သတင္းစာရွင္းလင္းပဲြတခုကို ျပဳလုပ္ခဲ့တာပါ။ ေက်ာင္သားသမဂၢအမႈူ႕ေဆာင္ေရြးေကာက္ပဲြျပဳလုပ္ရာမွာ သမဂၢေရြးေကာက္ပဲြေကာ္မရွင္ရဲ႕ လုပ္ေဆာင္ခ်က္ေတြက သမဂၢ၏ သမိုင္းအစဥ္အလာနဲ႔ ဆန္႕က်င္တာေတြ ဒီမိုကေရစီနည္းမက်တဲ့ ပုံသ႑ာန္ေတြနဲ႕လုပ္ေဆာင္ေနတာေၾကာင့္ အခုလိုသတင္းစာရွင္းလင္ပဲြျပဳလုပ္ရတာလို႔ သမဂၢေက်ာင္းသား ေတြကေျပာပါတယ္ ။

အင္တာဗ်ဴး ကိုျမတ္မင္းထက္ ( ဥကၠဌ)
ျပည္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ

သမဂၢအမႈေဆာင္ေရြးေကာက္ပဲြကို ၁နွစ္တၾကိမ္ျပဳလုပ္ခဲ့ေပမယ့္ အခုအၾကိမ္မွာေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ က်င္းပဖို႕ ၃လေက်ာ္ေနာက္က်ေနတာျဖစ္ျပီး ေက်ာင္းသားေတြအေနနဲ႕ ပါေမာကၡခ်ဳပ္အပါ၀င္ ေက်ာင္းအုပ္ခ်ဳပ္ေရးက တာ၀န္ရွိသူေတြနဲ႕ အဆင္မေျပမႈေတြ ရွိေနတာျဖစ္ပါတယ္ ။

အင္တာဗ်ဴး ကိုဆန္းလြင္ထူး (အတြင္းေရးမွဴး)
ျပည္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ

ေက်ာင္းသားေတြအေနနဲ႔ အခုျဖစ္ပြားေနတဲ႔ ေရြးေကာက္ပဲြကိစၥကို ေျပလည္ေအာင္မေျဖရွင္းေပးရင္ ေနာက္ဆုံးအဆင့္ေနနဲ႕ ဆႏၵထုတ္ေဖာ္သြားဖို႔ ရွိေနတာျဖစ္ပါတယ္။ ဒါ့အျပင္ သတင္းစာရွင္လင္းပဲြမွာ ေက်ာင္းသားေတြက ဘဲြ႕ႏွင္းသဘင္အခမ္းအနား ဓါတ္ပုံရိုက္ကူးေရး ေလလံေအာင္သူေတြက တရား၀င္ထုတ္ျပန္ထားတဲ့ ဓါတ္ပုံေၾကးထက္ပိုမိုေကာက္ူတာေတြနဲ႔ ေက်ာင္းတြင္း ဆိုင္ကယ္အပ္လက္ခံသည့္ ဌာနက ဆိုင္ကယ္ ေပ်ာက္ဆုံးမႈေတြကို ေျဖရွင္းေပးဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အမှုဆောင်ရွေးကောက်ပွဲကို ပါမောက္ခချုပ်က အကြောင်းအမျိုးမျိုးပြပြီး ပျက်စီးအောင် လုပ်ဆောင်ခဲ့တဲ့အကြောင်း ကျောင်းသားတွေက သတင်းစာရှင်းပွဲဲပြုလုပ်ခဲ့ပါတယ် ။ ဒီသတင်းကို MCNသတင်းထောက် ဟန်ထူးဇော် ပေးပို့ထားပါတယ် ။

သမဂ္ဂအမှုဆောင်ရွေးကောက်ပွဲကို ပါမောက္ခချုပ်ကအကြောင်းအမျိုးမျိုးပြကာ ပျက်စီးအောင်လုပ်တယ်ဆိုပြီး ဖေဖော်ဝါရီလ ၁၅ရက်နေ့က ပြည်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂကဦးဆောင်ပြီး ပြည်တက္ကသိုလ်ကျောင်းရှေ့မှာ သတင်းစာရှင်းလင်းပွဲတခုကို ပြုလုပ်ခဲ့တာပါ။ ကျောင်သားသမဂ္ဂအမှုူ့ဆောင်ရွေးကောက်ပွဲပြုလုပ်ရာမှာ သမဂ္ဂရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေက သမဂ္ဂ၏ သမိုင်းအစဉ်အလာနဲ့ ဆန့်ကျင်တာတွေ ဒီမိုကရေစီနည်းမကျတဲ့ ပုံသဏ္ဍာန်တွေနဲ့လုပ်ဆောင်နေတာကြောင့် အခုလိုသတင်းစာရှင်းလင်ပွဲပြုလုပ်ရတာလို့ သမဂ္ဂကျောင်းသား တွေကပြောပါတယ် ။

အင်တာဗျူး ကိုမြတ်မင်းထက် ( ဥက္ကဌ)
ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ

သမဂ္ဂအမှုဆောင်ရွေးကောက်ပွဲကို ၁နှစ်တကြိမ်ပြုလုပ်ခဲ့ပေမယ့် အခုအကြိမ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် ကျင်းပဖို့ ၃လကျော်နောက်ကျနေတာဖြစ်ပြီး ကျောင်းသားတွေအနေနဲ့ ပါမောက္ခချုပ်အပါဝင် ကျောင်းအုပ်ချုပ်ရေးက တာဝန်ရှိသူတွေနဲ့ အဆင်မပြေမှုတွေ ရှိနေတာဖြစ်ပါတယ် ။

အင်တာဗျူး ကိုဆန်းလွင်ထူး (အတွင်းရေးမှူး)
ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ

ကျောင်းသားတွေအနေနဲ့ အခုဖြစ်ပွားနေတဲ့ ရွေးကောက်ပွဲကိစ္စကို ပြေလည်အောင်မဖြေရှင်းပေးရင် နောက်ဆုံးအဆင့်နေနဲ့ ဆန္ဒထုတ်ဖော်သွားဖို့ ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် သတင်းစာရှင်လင်းပွဲမှာ ကျောင်းသားတွေက ဘွဲ့နှင်းသဘင်အခမ်းအနား ဓါတ်ပုံရိုက်ကူးရေး လေလံအောင်သူတွေက တရားဝင်ထုတ်ပြန်ထားတဲ့ ဓါတ်ပုံကြေးထက်ပိုမိုကောကူ်တာတွေနဲ့ ကျောင်းတွင်း ဆိုင်ကယ်အပ်လက်ခံသည့် ဌာနက ဆိုင်ကယ် ပျောက်ဆုံးမှုတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)