ျမန္မာ့ ပုလဲကို ႏိုင္ငံတကာက ပိုမို၀ယ္ယူလာတဲ့အတြက္ တိုးၿပီး ထုတ္လုပ္ႏိုင္ေအာင္ လုပ္ေဆာင္ (႐ုပ္/သံ)

0
941

တနသၤာရီတိုင္းက ထြက္ရွိတဲ့ ျမန္မာ့ပုလဲကို နိုင္ငံတကာက ပိုမို၀ယ္ယူလာတဲ့အတြက္ တိုးျပီးထုတ္လုပ္နိုင္ေအာင္ လုပ္ေဆာင္ေနပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ သင္ဇာ က တင္ဆက္ေပးထားပါတယ္။

တနသၤာရီတိုင္းေဒသၾကီးက ထြက္ရွိတဲ႔ ျမန္မာ႔ပုလဲေတြကို ျပည္္တြင္း/ ျပည္ပ ပုလဲေရာင္းခ်ပြဲေတြမွာ ေရာင္းခ်တဲ႔အခါ အာရွနဲ႔႔ ဥေရာပႏိုင္ငံေတြက ကုန္သည္ေတြ လာေရာက္ ၀ယ္ယူၾကျပီး ဂ်ပန္၊ တရုတ္၊ စကၤာပူ၊အိႏၵိယ၊ ထိုင္း၊ ကေနဒါႏွင့္ အေမရိကန္ႏိုင္ငံတို႔က ပိုမို၀ယ္ယူေနၾကတာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံက ထြက္ရွိတဲ့ ေရႊေရာင္ပုလဲေတြဟာ အရြယ္အစားႀကီးမားျပီး ပုလဲသားလႊာထူကာ ၊ အေရာင္ၾကည္လင္ေတာက္ပတဲ႔အတြက္ လူႀကိဳက္မ်ားျပီး ပိုမိုထုတ္လုပ္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ ပုလဲေမြးျမဴသူေတြက ေျပာပါတယ္ ။

အင္တာဗ်ဴး ဦးမ်ိဳးလြင္ (အေထြေထြမန္ေနဂ်ာ)
ျမန္မာ႔ပုလဲထုတ္လုပ္ေရးႏွင္႔ ေရာင္း၀ယ္ေရးလုပ္ငန္း

လက္ရွိျမန္မာနိုင္ငံမွာ ပုလဲေမြးျမဴ ထုတ္လုပ္ေနတဲ႔ ႏိုင္ငံပိုင္နဲ႔ ျပည္တြင္း/ ျပည္ပဖက္စပ္ ပုလဲေမြး ကုမၸဏီစုစုေပါင္း (၁၁) ခုရွိပါတယ္ ။ ပုလဲေရာင္းခ်ပြဲေတြကို တစ္နွစ္ကို ျပည္တြင္းမွာ နွစ္ၾကိမ္နဲ႔ ျပည္ပနိုင္ငံေတြမွ တစ္ၾကိမ္ သြားေရာက္ေရာင္းခ်ေနတာျဖစ္ကာ ကမၻာေပၚမွာ ေတာင္ပင္လယ္ ပုလဲ လို႔ေခၚတဲ႔ (South Sea Pearl) ဟာလူၾကိဳက္မ်ားျပီး ျမန္မာႏိုင္ငံက အဲ႔ဒီပုလဲအမ်ိဳးအစားထြက္ရွိတာျဖစ္ပါတယ္ ။

အင္တာဗ်ဴး ဦးမ်ိဳးလြင္ (အေထြေထြမန္ေနဂ်ာ)
ျမန္မာ႔ပုလဲထုတ္လုပ္ေရးႏွင္႔ ေရာင္း၀ယ္ေရးလုပ္ငန္း

ျမန္မာ႔ပုလဲေရာင္းခ်မွဳအေနနဲ႔ ၂၀၁၁ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္အထိ ပုလဲအလံုးေရ ၁၁ သန္းနီးပါး ေရာင္းခ်ႏိုင္ခဲ႔ၿပီး၊၂၀၁၆- ၂၀၁၇ ခုႏွစ္မွာ ပုလဲ ၂ သိန္းေက်ာ္ေရာင္းခ်နိုင္ခဲ႔ပါတယ္ ။ လက္ရွိမွာေတာ႔ ျမန္မာ႔ပုလဲထုတ္လုပ္ေရးႏွင့္ ေရာင္း၀ယ္ေရးလုပ္ငန္းအေနနဲ႕ ေရႊအိုေရာင္ပုလဲေတြကို ပိုမိုထုတ္လုပ္ ေရာင္းခ်နိုင္ေအာင္ လုပ္ေဆာင္ေနတာျဖစ္ပါတယ္ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တနင်္သာရီတိုင်းက ထွက်ရှိတဲ့ မြန်မာ့ပုလဲကို နိုင်ငံတကာက ပိုမိုဝယ်ယူလာတဲ့အတွက် တိုးပြီးထုတ်လုပ်နိုင်အောင် လုပ်ဆောင်နေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သင်ဇာ က တင်ဆက်ပေးထားပါတယ်။

တနင်္သာရီတိုင်းဒေသကြီးက ထွက်ရှိတဲ့ မြန်မာ့ပုလဲတွေကို ပြည်တွင်း/ ပြည်ပ ပုလဲရောင်းချပွဲတွေမှာ ရောင်းချတဲ့အခါ အာရှနဲ့ ဥရောပနိုင်ငံတွေက ကုန်သည်တွေ လာရောက် ဝယ်ယူကြပြီး ဂျပန်၊ တရုတ်၊ စင်္ကာပူ၊အိန္ဒိယ၊ ထိုင်း၊ ကနေဒါနှင့် အမေရိကန်နိုင်ငံတို့က ပိုမိုဝယ်ယူနေကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ထွက်ရှိတဲ့ ရွှေရောင်ပုလဲတွေဟာ အရွယ်အစားကြီးမားပြီး ပုလဲသားလွှာထူကာ ၊ အရောင်ကြည်လင်တောက်ပတဲ့အတွက် လူကြိုက်များပြီး ပိုမိုထုတ်လုပ်ဖို့ လုပ်ဆောင်နေတယ်လို့ ပုလဲမွေးမြူသူတွေက ပြောပါတယ် ။

အင်တာဗျူး ဦးမျိုးလွင် (အထွေထွေမန်နေဂျာ)
မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း

လက်ရှိမြန်မာနိုင်ငံမှာ ပုလဲမွေးမြူ ထုတ်လုပ်နေတဲ့ နိုင်ငံပိုင်နဲ့ ပြည်တွင်း/ ပြည်ပဖက်စပ် ပုလဲမွေး ကုမ္ပဏီစုစုပေါင်း (၁၁) ခုရှိပါတယ် ။ ပုလဲရောင်းချပွဲတွေကို တစ်နှစ်ကို ပြည်တွင်းမှာ နှစ်ကြိမ်နဲ့ ပြည်ပနိုင်ငံတွေမှ တစ်ကြိမ် သွားရောက်ရောင်းချနေတာဖြစ်ကာ ကမ္ဘာပေါ်မှာ တောင်ပင်လယ် ပုလဲ လို့ခေါ်တဲ့ (South Sea Pearl) ဟာလူကြိုက်များပြီး မြန်မာနိုင်ငံက အဲ့ဒီပုလဲအမျိုးအစားထွက်ရှိတာဖြစ်ပါတယ် ။

အင်တာဗျူး ဦးမျိုးလွင် (အထွေထွေမန်နေဂျာ)
မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း

မြန်မာ့ပုလဲရောင်းချမှုအနေနဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ပုလဲအလုံးရေ ၁၁ သန်းနီးပါး ရောင်းချနိုင်ခဲ့ပြီး၊၂၀၁၆- ၂၀၁၇ ခုနှစ်မှာ ပုလဲ ၂ သိန်းကျော်ရောင်းချနိုင်ခဲ့ပါတယ် ။ လက်ရှိမှာတော့ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းအနေနဲ့ ရွှေအိုရောင်ပုလဲတွေကို ပိုမိုထုတ်လုပ် ရောင်းချနိုင်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ် ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)