ရခိုင်ပြည်နယ်မှာ ရဲ နဲ့ ပြည်သူ အချိုးညီမျှမှု မရှိ (ရုပ်/သံ)

0
924


အကြမ်းဖက်မှုတွေကြောင့် ဒေသမတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ များပြားလှတဲ့လုံခြုံရေးနဲ့ ရဲလုပ်ငန်း တာဝန်တွေကို ရဲတပ်ဖွဲ့ဝင်တွေဟာ ၀န်နဲ့အားမမျှဘဲ တာဝန်ထမ်းဆောင်နေကြရတာဖြစ်ပါတယ်။






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်မှာ ရဲနဲ့ပြည်သူ အချိုးမညီမျှမှုတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေ မနိုင်ဝန်တွေကို ထမ်းဆောင်နေရတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးက ပြောဆိုလိုက်ပါတယ် ။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

အကြမ်းဖက်မှှုုတွေကြောင့် ဒေသမတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ များပြားလှတဲ့လုံခြုံရေးနဲ့ ရဲလုပ်ငန်း တာဝန်တွေကို ရဲတပ်ဖွဲ့ဝင်တွေဟာ ဝန်နဲ့အားမမျှဘဲ တာဝန်ထမ်းဆောင်နေကြရတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ လက်ရှိလူဦးရေဟာ ၃ သန်းကျော်ရှိပြီး ပြည်နယ်ရဲတပ်ဖွဲ့ဝင်အားလုံးအရေအတွက်ဟာ ၃၀ဝ၀ နီးပါးသာရှိတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တစ်ယောက်ဟာ ပြည်သူ ၁၀ဝ၀ ကျော်ရဲ့လုံခြုံရေးတာဝန်တွေကို ဆောင်ရွက်နေကြရတာ ဖြစ်ပါတယ်။

အင်တာဗျူး – ရဲမှူးကြီး အောင်မြတ်မိုး
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး

ဒါအပြင် ရခိုင်ပြည်နယ်ကို မြန်မာနိုင်ငံရဲ့မြေပုံအတွင်းက ပဲ့ထွက်မသွားဖို့အတွက် တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ နယ်စွန်နယ် ဖျားတွေမှာ တာဝန်ထမ်းဆောင်နေတာဖြစ်သလို မသင်္ကာဖွယ်ရာကိစ္စရပ်များရှိပါက ပြည်သူတွေအနေနဲ့ သတင်းပို့တိုင်ကြားနိုင်ဖို့အတွက် ကြိုးစား ပြင်ဆင်နေတာပါ ။

အင်တာဗျူး – ရဲမှူးကြီး အောင်မြတ်မိုး
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး

ရခိုင်ပြည်နယ်မှာ ရဲနဲ့ပြည်သူဟာ အချိုးမညီမျှမှုတွေကြောင့် လုံခြုံရေးကိစ္စရပ်တွေကို ဆောင်ရွက်ရတဲ့အခါမှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ မနိုင်ဝန်တွေကိုထမ်းဆောင်နေကြရတဲ့တအတွက် အခက်အခဲတွေရှိနေတာဖြစ်ပါတယ် ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)