ရန္ကုန္-ျပည္ မီးရထားခရီးစဥ္အားလံုး အခ်ိန္ေျပာင္းလဲ ေျပးဆြဲမယ္ (႐ုပ္/သံ)

0
944

ရန္ကုန္-ျပည္ ေျပးဆဲြေနတဲ႔ မီးရထားခရီးစဥ္ေတြ အားလုံး မၾကာခင္မွာ အခ်ိန္ေျပာင္းလဲေျပးဆဲြေတာ႔ မွာျဖစ္ပါတယ္ ။ ဒီသတင္းကို MCNသတင္းေထာက္ ဟန္ထူးေဇာ္ကေပးပို႔ထားပါတယ္။

ေဖေဖာ္၀ါရီ၁၅ရက္ေန႕ကစတင္ျပီး ရန္ကုန္ ျပည္ ေျပးဆဲြေနတဲ႔ ျမန္မာ့မီးရထားခရီးစဥ္ေတြအကုန္လံုး အခ်ိန္ေျပာင္းလဲေျပးဆြဲေတာ႔မွာျဖစ္ပါတယ္ ။
ခရီးစဥ္ေတြအေနနဲ႕ အရင္ကသတ္မွတ္ထားတဲ့အခ်ိန္ေတြထက္ အခိ်န္ေစာျပီးသတ္မွတ္လိုက္တာျဖစ္ကာ အခုသတ္မွတ္ထားတဲ့အခ်ိန္ေတြက ခရီးသြားျပည္သူေတြအေနနဲ႕ ပိုမိုအဆင္ေျပေခ်ာေမြ႕သြားမွာျဖစ္ေၾကာင္း ျပည္ဘူတာရုံက တာ၀န္ရွိသူေတြကေျပာပါတယ္ ။

အင္တာဗ်ဴး ဦးေဇယ်ာေအာင္(တာ၀န္က်ရုံပိုင္)

ရန္ကုန္ ျပည္ အျမန္မီရထားကို ၂၀၁၇ခုနွစ္က ေလအိတ္ရထားအျဖစ္ ေျပာင္းလဲအသုံးျပဳရာမွာ အထူးတန္းမပါရွိခဲ့တာေၾကာင့္ ခရီးသြားျပည္သူေတြ ကအဆင္မေျပမႈေတြရွိေနတဲ႔အတြက္ ေ၀ဖန္မႈေတြေတာ႔ရွိေနတာပါ

အင္တာဗ်ဴး ဦးေအာင္ေအာင္

အခ်ိန္ေျပာင္းလဲသတ္မွတ္လိုက္တဲ့ ရန္ကုန္ ျပည္ မီးရထားခရီးစဥ္အခ်ိန္ေတြကေတာ့ ရန္ကုန္ျပည္ အျမန္ရထား ဟာ ေန႕လည္၁နာရီထြက္ရွိမွာျဖစ္ျပီး ျပည္ကို ည၈နာရီ၄၅မိနစ္ေရာက္ရွိမွာျဖစ္ျပီး ျပည္ ရန္ကုန္ ခရီးစဥ္ကေတာ႔ ျပည္ကေန ည၁၀နာရီမိနစ္၃၀ ျပန္လည္ထြက္ခါြမွာျဖစ္ျပီး မနက္၆နာရီ၁၅မိနစ္မွာ ရန္ကုန္ကိုျပန္လည္ေရာက္ရွိမွာျဖစ္ပါတယ္ ။

စာပို႕ရထားကေတာ့ ၾကည္႕ျမင္တိုင္ဘူတာက နံနက္၄နာရီထြက္ရွိမွာျဖစ္ျပီး ျပည္ဘူတာကိုညေန၄နာရီခြဲ ေရာက္ရွိမွာျဖစ္ျပီး ျပည္ဘူတာကေန ညေန၁၁နာရီခဲြအခ်ိန္မွာ ျပန္လည္ထြက္ခြါမွာျဖစ္ျပီး ၾကည္႕ျမင္တိုင္ဘူတာကို ေန႕ခင္း၁နာရီျပန္လည္ေရာက္ရွိမွာပါ။

ခရီးတို ကားရထားအေနနဲ႕ လက္ပံတန္းဘူတာမွ နံနက္၄နာရီ ထြက္ရွိုျပီး ျပည္ဘူတာကို ေန႕လည္၁၁နာရီေရာက္ရွိမွာပါ ျပည္ဘူတာကေန ေန႕ခင္၁နာရီ ျပန္လည္ထြက္ခါြျပီး လက္ပံတန္းဘူတာကို ည ၇ နာရီေရာက္မွာ ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်-ပြည် ပြေးဆွဲနေတဲ့ မီးရထားခရီးစဉ်တွေ အားလုံး မကြာခင်မှာ အချိန်ပြောင်းလဲပြေးဆွဲတော့ မှာဖြစ်ပါတယ် ။ ဒီသတင်းကို MCNသတင်းထောက် ဟန်ထူးဇော်ကပေးပို့ထားပါတယ်

ဖေဖော်ဝါရီ၁၅ရက်နေ့ကစတင်ပြီး ရန်ကုန် ပြည် ပြေးဆွဲနေတဲ့ မြန်မာ့မီးရထားခရီးစဉ်တွေအကုန်လုံး အချိန်ပြောင်းလဲပြေးဆွဲတော့မှာဖြစ်ပါတယ် ။
ခရီးစဉ်တွေအနေနဲ့ အရင်ကသတ်မှတ်ထားတဲ့အချိန်တွေထက် အချိန်စောပြီးသတ်မှတ်လိုက်တာဖြစ်ကာ အခုသတ်မှတ်ထားတဲ့အချိန်တွေက ခရီးသွားပြည်သူတွေအနေနဲ့ ပိုမိုအဆင်ပြေချောမွေ့သွားမှာဖြစ်ကြောင်း ပြည်ဘူတာရုံက တာဝန်ရှိသူတွေကပြောပါတယ် ။

အင်တာဗျူး ဦးဇေယျာအောင်(တာဝန်ကျရုံပိုင်)

ရန်ကုန် ပြည် အမြန်မီရထားကို ၂၀၁၇ခုနှစ်က လေအိတ်ရထားအဖြစ် ပြောင်းလဲအသုံးပြုရာမှာ အထူးတန်းမပါရှိခဲ့တာကြောင့် ခရီးသွားပြည်သူတွေ ကအဆင်မပြေမှုတွေရှိနေတဲ့အတွက် ဝေဖန်မှုတွေတော့ရှိနေတာပါ

အင်တာဗျူး ဦးအောင်အောင်

အချိန်ပြောင်းလဲသတ်မှတ်လိုက်တဲ့ ရန်ကုန် ပြည် မီးရထားခရီးစဉ်အချိန်တွေကတော့ ရန်ကုန်ပြည် အမြန်ရထား ဟာ နေ့လည်၁နာရီထွက်ရှိမှာဖြစ်ပြီး ပြည်ကို ည၈နာရီ၄၅မိနစ်ရောက်ရှိမှာဖြစ်ပြီး ပြည် ရန်ကုန် ခရီးစဉ်ကတော့ ပြည်ကနေ ည၁၀နာရီမိနစ်၃၀ ပြန်လည်ထွက်ခွါမှာဖြစ်ပြီး မနက်၆နာရီ၁၅မိနစ်မှာ ရန်ကုန်ကိုပြန်လည်ရောက်ရှိမှာဖြစ်ပါတယ် ။

စာပို့ရထားကတော့ ကြည့်မြင်တိုင်ဘူတာက နံနက်၄နာရီထွက်ရှိမှာဖြစ်ပြီး ပြည်ဘူတာကိုညနေ၄နာရီခွဲ ရောက်ရှိမှာဖြစ်ပြီး ပြည်ဘူတာကနေ ညနေ၁၁နာရီခွဲအချိန်မှာ ပြန်လည်ထွက်ခွါမှာဖြစ်ပြီး ကြည့်မြင်တိုင်ဘူတာကို နေ့ခင်း၁နာရီပြန်လည်ရောက်ရှိမှာပါ။

ခရီးတို ကားရထားအနေနဲ့ လက်ပံတန်းဘူတာမှ နံနက်၄နာရီ ထွက်ရှိုပြီး ပြည်ဘူတာကို နေ့လည်၁၁နာရီရောက်ရှိမှာပါ ပြည်ဘူတာကနေ နေ့ခင်၁နာရီ ပြန်လည်ထွက်ခွါပြီး လက်ပံတန်းဘူတာကို ည၇နာရီရောက်မှာဖြစ်ပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)