စပါးစိုက်တောင်သူတွေ စိုက်ပျိုးရာမှာလွယ်ကူစေဖို့ Drone နဲ့ပိုးသတ်ဆေးဖြန်းခြင်းကို သရုပ်ပြခဲ့

0
49

စပါးစိုက်တောင်သူတွေ စပါးစိုက်ပျိုးရာမှာ အကုန်အကျသက်သာစွာနဲ့ လုပ်သားရှားပါးတဲ့ အခက်အခဲတွေ အဆင်ပြေစေဖို့ DRONE နဲ့ပိုးသတ်ဆေးဖြန်းခြင်း သရုပ်ပြပွဲကို ပြသခဲ့ပါတယ်။ ဒီသတင်းကို MCN မုံရွာသတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး ကေသွယ်က တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိ်ုင်အတွင်းမှာ မိုးစပါးစိုက်ဧက ၆ သိန်းကျော်ရှိနေတာဖြစ်ပြီး စပါးစိုက်တောင်သူတွေအနေနဲ့ ရာသီဥတုဖောက်ပြန်မှု၊ ဖျက်ပိုးအမျိုးမျိုးကျရောက်မှုနဲ့ လုပ်သားရှားပါး မှု ပြဿနာတွေ ကို နှစ်စဉ်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

အဲဒါကြောင့် အခုနှစ်မှာ ဝက်လက်မြို့နယ်စိုက်ပျိုးဦးစီးဌာနက တောင်သူ တွေကြုံတွေ့နေရတဲ့ အခက်တွေကို အဆင်ပြေစေဖို့ နည်းလမ်းပေါင်းစုံနဲ့ ပညာပေးသရုပ်ပြပွဲတွေ ပြုလုပ်ပေးနေတာပါ။

အခုလို လုပ်ဆောင်ရာမှာ တောင်သူတွေအနေနဲ့ ပိုးသတ်ဆေးဖျန်းရာမှာ အကုန်အကျသက်သာစွာနဲ့ လုပ်သားရှားပါးတဲ့ အခက်အခဲတွေအဆင်ပြေစေဖို့ DRONE နဲ့ပိုးသတ်ဆေးဖြန်းခြင်း သရုပ်ပြပွဲကို ဝက်လက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနဲ့ မြန်မာ့သြဘာ ကုမ္ပဏီတို့ပူးပေါင်းပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Sound Bite ကိုဝဏ္ဏ (DRONE ဆေးဖြန်းတာဝန်ခံ-မြန်မာ့သြဘာ)

ဒါ့အပြင် ဝက်လက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ဖျက်ပိုးအန္တရာယ်ကာကွယ်နိုင်ဖို့အတွက် မြို့လုံးကျွတ်မီးထောင်ချောက်ထွန်းခြင်း ပိုးသတ်ဆေးစနစ်တကျဖျန်းခြင်း ၊ဓာတ်မြေသြဇာစနစ်တကျသုံးစွဲခြင်း များကိုပညာပေးသရုပ်ပြပွဲတွေကိုလည်း ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

Sound Bite ဦးလှမိုးကျော် ( ဦးစီးမှုး – ဝက်လက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန )

အခမ်းအနားကို ဝက်လက်မြို့နယ် တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာတာဝန် ရှိသူတွေ တက်ရောက်ခဲ့ကြပြီး ဝက်လက်မြို့နယ်အတွင်းရှိတောင်သူ ၅၀ဝခန့်လည်း တက်ရောက်ကြည်ရှုလေ့လာခဲ့တာ ဖြစ်ပါတယ် ရှင်။

စပါးစိုက်တောင်သူတွေ စပါးစိုက်ပျိုးရာမှာ အကုန်အကျသက်သာစွာနဲ့ လုပ်သားရှားပါးတဲ့ အခက်အခဲတွေ အဆင်ပြေစေဖို့ DRONE နဲ့ပိုးသတ်ဆေးဖြန်းခြင်း သရုပ်ပြပွဲကို ပြသခဲ့ပါတယ်။ ဒီသတင်းကို MCN မုံရွာသတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး ကေသွယ်က တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းမှာ မိုးစပါးစိုက်ဧက ၆ သိန်းကျော်ရှိနေတာဖြစ်ပြီး စပါးစိုက်တောင်သူတွေအနေနဲ့ ရာသီဥတုဖောက်ပြန်မှု၊ ဖျက်ပိုးအမျိုးမျိုးကျရောက်မှုနဲ့ လုပ်သားရှားပါး မှု ပြဿနာတွေ ကို နှစ်စဉ်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

အဲဒါကြောင့် အခုနှစ်မှာ ဝက်လက်မြို့နယ်စိုက်ပျိုးဦးစီးဌာနက တောင်သူ တွေကြုံတွေ့နေရတဲ့ အခက်တွေကို အဆင်ပြေစေဖို့ နည်းလမ်းပေါင်းစုံနဲ့ ပညာပေးသရုပ်ပြပွဲတွေ ပြုလုပ်ပေးနေတာပါ။

အခုလို လုပ်ဆောင်ရာမှာ တောင်သူတွေအနေနဲ့ ပိုးသတ်ဆေးဖျန်းရာမှာ အကုန်အကျသက်သာစွာနဲ့ လုပ်သားရှားပါးတဲ့ အခက်အခဲတွေအဆင်ပြေစေဖို့ DRONE နဲ့ပိုးသတ်ဆေးဖြန်းခြင်း သရုပ်ပြပွဲကို ဝက်လက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနဲ့ မြန်မာ့သြဘာ ကုမ္ပဏီတို့ပူးပေါင်းပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Sound Bite ကိုဝဏ္ဏ (DRONE ဆေးဖြန်းတာဝန်ခံ-မြန်မာ့သြဘာ)

အဲဒါကြောင့် အခုနှစ်မှာ ဝက်လက်မြို့နယ်စိုက်ပျိုးဦးစီးဌာနက တောင်သူ တွေကြုံတွေ့နေရတဲ့ အခက်တွေကို အဆင်ပြေစေဖို့ နည်းလမ်းပေါင်းစုံနဲ့ ပညာပေးသရုပ်ပြပွဲတွေ ပြုလုပ်ပေးနေတာပါ။

အခုလို လုပ်ဆောင်ရာမှာ တောင်သူတွေအနေနဲ့ ပိုးသတ်ဆေးဖျန်းရာမှာ အကုန်အကျသက်သာစွာနဲ့ လုပ်သားရှားပါးတဲ့ အခက်အခဲတွေအဆင်ပြေစေဖို့ DRONE နဲ့ပိုးသတ်ဆေးဖြန်းခြင်း သရုပ်ပြပွဲကို ဝက်လက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနဲ့ မြန်မာ့သြဘာ ကုမ္ပဏီတို့ပူးပေါင်းပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Sound Bite ကိုဝဏ္ဏ (DRONE ဆေးဖြန်းတာဝန်ခံ-မြန်မာ့သြဘာ)

ဒါ့အပြင် ဝက်လက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ဖျက်ပိုးအန္တရာယ်ကာကွယ်နိုင်ဖို့အတွက် မြို့လုံးကျွတ်မီးထောင်ချောက်ထွန်းခြင်း ပိုးသတ်ဆေးစနစ်တကျဖျန်းခြင်း ၊ဓာတ်မြေသြဇာစနစ်တကျသုံးစွဲခြင်း များကိုပညာပေးသရုပ်ပြပွဲတွေကိုလည်း ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

Sound Bite ဦးလှမိုးကျော် ( ဦးစီးမှုး – ဝက်လက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန )

အခမ်းအနားကို ဝက်လက်မြို့နယ် တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာတာဝန် ရှိသူတွေ တက်ရောက်ခဲ့ကြပြီး ဝက်လက်မြို့နယ်အတွင်းရှိတောင်သူ ၅၀၀ခန့်လည်း တက်ရောက်ကြည်ရှုလေ့လာခဲ့တာ ဖြစ်ပါတယ် ရှင်။