Triple E Management Institute မွာ စီပြားေရး ဒီပလိုမာနဲ႔ HR ဒီပလိုမာ သင္ၾကားေပးေန (႐ုပ္/သံ)

0
934

စစ္ေတြၿမိဳ႕အေျခစိုက္ Triple E Management Institute ကေန ABE UK ရဲ႕ ဒီပလိုမာသင္တန္းေတြကို တိုးခ်ဲ႕သင္ၾကားေပးသြားမွာ ျဖစ္ပါတယ္။ ဒီသတင္းကိုေတာ့ MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္ရဲ႕ စီးပြားေရးလုပ္ငန္းေတြ တိုးတက္မႈရွိလာေစေရးနဲ႔ လူငယ္ေတြရဲ႕ လုပ္ငန္းစီမံခန္႔ခြဲမႈဆိုင္ရာ အရည္ေသြးေတြ ျမင့္မားလာေစဖို႔ ရည္ရြယ္ၿပီး Triple E Management Institute ကို ၂၀၁၇ ခုႏွစ္က စစ္ေတြၿမိဳ႕မွာ ဖြင့္လွစ္သင္ၾကားေပးခဲ့တာ ျဖစ္ပါတယ္။

အဲဒီသင္တန္းေက်ာင္းမွာ ABE UK နဲ႔ တိုက္႐ုိက္ခ်ိတ္ဆက္ၿပီး စီပြားေရးဆုိင္ရာ ဒီပလိုမာနဲ႔ HR ဒီပလိုမာ ဘာသာရပ္ေတြကို သင္ယူႏိုင္မွာ ျဖစ္ပါတယ္။

ႏိုဝင္ဘာလ ၁၁ ရက္ေန႔က စစ္ေတြၿမိဳ႕ ဦးဥတၱမခန္းမမွာ Triple E Management Institute သင္တန္းေက်ာင္း တစ္ႏွစ္ျပည့္ ျပဳလုပ္ခဲ႔တာပါ။

အင္တာဗ်ဴး – ေဒၚသနး္သန္းေရႊ (တည္ေထာင္သူ) Triple E Management Institute

လက္ရွိ ရခိုင္ျပည္နယ္ရဲ႕ စီးပြားေရးအေျခအေနက သမား႐ုိးက် စီးပြားေရးျဖစ္ေနၿပီး၊ အနာဂတ္ ပညာတတ္ မ်ိဳးဆက္သစ္ လူငယ္ေတြအတြက္ အလုပ္အကိုင္ အခြင့္အလမ္းေတြကို ဖန္တီးေပးႏိုင္မႈ မရွိေသးဘူးလို႔ စီးပြားေရးလုပ္ငန္းရွင္ေတြက ေျပာပါတယ္။

ဒါ့ေၾကာင့္ ရခိုင္ေဒသရဲ႕ စီးပြားေရးအေနအထားေတြကို ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ဖုိ႔လိုအပ္ေနၿပီး အသစ္ျဖစ္ထြန္းလာမယ့္ စီးပြားေရးလုပ္ငန္းေတြအတြက္ စီမံခန္႔ခြဲမႈနဲ႔ပတ္သက္ၿပီး ကၽြမ္းက်င္တဲ့ အရင္းအျမစ္ေတြ အမ်ားအျပား လိုအပ္ေနတယ္လို႔ စီးပြားေရးလုပ္ငန္းရွင္ေတြက ေျပာပါတယ္။

အင္တာဗ်ဴး – ဦးခင္ေမာင္ႀကီး (ဒါ႐ုိက္တာ) ရခိုင္အမ်ားပိုင္ကုမဏီ REIC

စီပြားေရးဆုိင္ရာ ဒီပလိုမာနဲ႔ HR ဒီပလိုမာ ဘာသာရပ္ေတြကို သင္ၾကားေေနတဲ႔ ABE UK ဟာ တကၠသိုလ္၊ ေကာလိပ္အဆင့္ မဟုတ္ေပမယ့္ UK အစိုးရနဲ႔ ႏုိင္ငံေပါင္း ၁၃၀ ေက်ာ္က အသိအမွတ္ျပဳထားတဲ့ စီးပြားေရးလုပ္ငန္းဆိုင္ရာ အဖြဲ႔အစည္းတစ္ခုျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Triple E Management Institute မှာ စီပွားရေး ဒီပလိုမာနဲ့ HR ဒီပလိုမာ သင်ကြားပေးနေ

စစ်တွေမြို့အခြေစိုက် Triple E Management Institute ကနေ ABE UK ရဲ့ ဒီပလိုမာသင်တန်းတွေကို တိုးချဲ့သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးလုပ်ငန်းတွေ တိုးတက်မှုရှိလာစေရေးနဲ့ လူငယ်တွေရဲ့ လုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ အရည်သွေးတွေ မြင့်မားလာစေဖို့ ရည်ရွယ်ပြီး Triple E Management Institute ကို ၂၀၁၇ ခုနှစ်က စစ်တွေမြို့မှာ ဖွင့်လှစ်သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီသင်တန်းကျောင်းမှာ ABE UK နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး စီပွားရေးဆိုင်ရာ ဒီပလိုမာနဲ့ HR ဒီပလိုမာ ဘာသာရပ်တွေကို သင်ယူနိုင်မှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့က စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ Triple E Management Institute သင်တန်းကျောင်း တစ်နှစ်ပြည့် ပြုလုပ်ခဲ့တာပါ။

အင်တာဗျူး – ဒေါ်သနး်သန်းရွှေ (တည်ထောင်သူ) Triple E Management Institute

လက်ရှိ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးအခြေအနေက သမားရိုးကျ စီးပွားရေးဖြစ်နေပြီး၊ အနာဂတ် ပညာတတ် မျိုးဆက်သစ် လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မှု မရှိသေးဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒါ့ကြောင့် ရခိုင်ဒေသရဲ့ စီးပွားရေးအနေအထားတွေကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုအပ်နေပြီး အသစ်ဖြစ်ထွန်းလာမယ့် စီးပွားရေးလုပ်ငန်းတွေအတွက် စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ အရင်းအမြစ်တွေ အများအပြား လိုအပ်နေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

အင်တာဗျူး – ဦးခင်မောင်ကြီး (ဒါရိုက်တာ) ရခိုင်အများပိုင်ကုမဏီ REIC

စီပွားရေးဆိုင်ရာ ဒီပလိုမာနဲ့ HR ဒီပလိုမာ ဘာသာရပ်တွေကို သင်ကြားနေတဲ့ ABE UK ဟာ တက္ကသိုလ်၊ ကောလိပ်အဆင့် မဟုတ်ပေမယ့် UK အစိုးရနဲ့ နိုင်ငံပေါင်း ၁၃၀ ကျော်က အသိအမှတ်ပြုထားတဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)