တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကျင်းပရေးကော်မတီက စည်းကမ်းချက်တွေ ထုတ်ပြန်ကြေငြာ

0
295

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကျင်းပရေးကော်မတီက မီးပုံးပျံပြိုင်ပွဲအတွက် စည်းကမ်းချက်တွေကို ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
ကမ္ဘာကျော် တောင်ကြီးတန်ဆောင်တိုင် မီးပုံပျံပြိုင်ပွဲကို လာမဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့ထိ တောင်ကြီးမြို့ အဝေရာကုန်းသာယာမီးပုံးပျံကွင်းမှာ ကျင်းပမယ်လို့ ပြိုင်ပွဲကျင်းပရေးကော်မတီက ကြေညာထားပါတယ်။
မီးပုံပျံပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ကြမဲ့ သူများအတွက်လဲ စည်းကမ်းချက်တွေသတ်မှတ်ထားပြီး ညမီးကြီးနှင့် စိန်နားပန် မီးပုံပျံတွေကို ခေါင်အချင်း ၂၄ ပေမှ ၂၅ ပေခွဲအထိ နံထောင် ၂၃ ပေမှ ၂၄ ပေအထိနဲ့ ယမ်းပိဿချိန် အများဆုံး ၃၅ ပိဿအထိသာ ခွင့်ပြုမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဝင်ရောက်ယှဉ်ပြိုင်ကြမဲ့ ပြိုင်ပွဲကြေးကိုလဲ ညမီးကြီးကို ကျပ် ၈ ထောင်၊ စိန်နားပန်တစ်လုံးကို ကျပ် ၅ ထောင်နဲ့ နေ့လွှတ်အရုပ် သို့မဟုတ် အုပ်စုတစ်စုလျှင် ကျပ်တစ်ထောင်ငါးရာ သတ်မှတ်ထားတာဖြစ်ပါတယ်။
ပြိုင်ပွဲဝင်လိုတဲ့ မီးပုံးပျံအဖွဲ့တွေအနေနဲ့ စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်ပြီး မီးပုံးပျံကော်မတီရုံးဖွင့်လှစ်ထားတဲ့ တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။
တောင်ကြီးတန်ဆောင်တိုင်မီးပုံပျံပြိုင်ပွဲကို ယခင် ဂတ်တဲပွဲလို့ ခေါ်ဆိုရာမှ နှစ်စဉ်ကျင်းပခဲ့တာဖြစ်ရာ မီးပုံးပျံပျက်ကျမှုတွေ ယမ်းပေါက်ကွဲမှုတွေလဲ ဖြစ်ခဲ့တာပါ။ အရင်နှစ်က မီးပုံပျံပျက်ကျလို့ မတော်တဆမှုဖြစ်ခဲ့ပြီ လူသေဆုံးမှုတွေလဲရှိခဲ့တာပါခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)