မုံရွာပညာရေးကောလိပ် ဆရာအတတ်သင်က သင်တန်းသား ၃၀၀ ကျော် ဆန္ဒပြ (ရုပ်/သံ)

0
910






မုံရွာမြို့ ပညာရေးကောလိပ်မှာ ဆရာအတတ်သင်အဖြစ် တက်ေရာက်သင်ယူနေတဲ့ သင်တန်းသား ၇၀၀ ကျော်ထဲက ၃၀၀ ကျော်က ပညာဆက်လက်သင်ယူခွင့်နဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနအနေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်ခင်ဗျား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပညာသင်ကြားရာမှာ အချိန်ကြန့်ကြာမှုတွေရှိတာနေတာကြောင့် ပညာရေးဝန်ကြီးဌာနအနေနဲ့ ဖြေရှင်းပေးဖို့ မုံရွာပညာရေးကောလိပ် ဆရာအတတ်သင်က သင်တန်းသား ၃၀ဝ ကျော် ဆန္ဒပြခဲ့ကြပါတယ်။ ဒီသတင်းကိုတော့ သတင်းထောက် MCN သတင်းထောက် မောင်ထက်က ပေးပို့ထားပါတယ်။

မုံရွာပညာရေးကောလိပ် သင်တန်းသားတွေက ပညာဆက်လက်သင်ယူခွင့်နဲ့ ပက်သက်ပြီး ပညာရေးကောလိပ်က သင်ယူပြီးစီးသွားတဲ့အချိန်မှာ ဘွဲ့တစ်ခု ထပ်မံရရှိဖို့ အဝေးသင်တက္ကသိုလ်မှာ ပထမနှစ်ကနေ စတင်ပညာသင်ကြားနေရတာပါ။
အဲဒီလို သင်ကြားနေရပြီး အချိန်ကြံ့ကြာမှုတွေရှိနေတာကြောင့် တတိယနှစ်ကနေ စတင်တက်ရောက်ခွင့်ရရှိဖို့ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးဖို့ စက်တင်ဘာလ ၁၁ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။

monywa ttc (15 )- ကိုကျော်မြင့်ထွေး ( မုံရွာပညာရေးကောလိပ် သင်တန်းသား)

သင်တန်းသားတွေရဲ့ တောင်းဆိုတဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ကို တင်ပြပေးသွားမှာဖြစ်ပြီး ဆန္ဒပြရာမှာ ငြိမ်းစုစီ ဥပဒေကို လိုက်နာပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ဖို့ အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ကြားရေးမှုးချုပ် ဦးမောင်မောင်မင်းက မေတ္တာရပ်ခံခဲ့ပါတယ်။

monywa ttc (20) – ဦးမောင်မောင်မင်း ( အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် )

မုံရွာမြို့ ပညာရေးကောလိပ်မှာ ဆရာအတတ်သင်အဖြစ် တကေ်ရာက်သင်ယူနေတဲ့ သင်တန်းသား ၇၀ဝ ကျော်ထဲက ၃၀ဝ ကျော်က ပညာဆက်လက်သင်ယူခွင့်နဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနအနေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)