အၾကမ္းဖက္မႈမွာပါ၀င္သူေတြ အယူခံခြင့္ေလ်က္လြဲခ်က္ ရခုိင္ျပည္နယ္ တရားလႊတ္ေတာ္ ပလပ္ (႐ုပ္/သံ)

0
292

အၾကမ္းဖက္မႈမွာ ပါဝင္သူေတြကို ေမာင္တာခ႐ိုင္တရား႐ံုးက အနိမ့္ဆံုးျပစ္ဒဏ္ခ်မွတ္ခဲ့တဲ့အတြက္ ရခိုင္ျပည္နယ္ဥပေဒခ်ဳပ္ရံုးက အမႈျပင္ဆင္ခြင့္နဲ႔ အယူခံခြင့္ေလွ်ာက္လဲခဲ့တဲ့အေပၚ ရခုိင္ျပည္နယ္ တရားလႊတ္ေတာ္က ပလပ္လိုက္ပါတယ္။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္ ေျမာက္ပိုင္းေဒသ ေမာင္ေတာခရိုင္နဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္နဲ႔ ၂၀၁၇ ခုႏွစ္ေတြမွာျဖစ္ပြားခဲ့တဲ့ အၾကမ္းဖက္မႈေတြမွာ ပါဝင္သူေတြကို ဥပေဒအရအေရးယူေဆာင္ရြက္ႏုိင္ဖုိ႔ တရားစြဲဆိုထားခဲ့တာ ျဖစ္ပါတယ္။

အဲဒီထဲက အမႈေလးမႈကို ေမာင္ေတာခရိုင္တရားရံုးက ခ်မွတ္လိုက္တဲ့ျပစ္ဒဏ္ဟာ ျပစ္မႈနဲ႔ျပစ္ဒဏ္ မညီမွ်တဲ့အတြက္ အခုလိုအမႈျပင္ဆင္ခြင့္နဲ႔ အယူခံခြင့္ေလွ်ာက္လဲခ်က္ ေပးခဲ့တာပါ။

အၾကမ္းဖက္တုိက္ဖ်က္ေရးဥပေဒပုဒ္မ ၅၀ (က)အရ ေမာင္ေတာခရိုင္တရားရံုးမွာ တရားစြဲဆိုထားတဲ့ အဒူမူလာ (ေခၚ) ေမာင္ေမာင္ေလးကို ၿပီးခဲ့တဲ့ဇြန္လ ၂၉ ရက္ေန႔က အလုပ္နဲ႔ေထာင္ဒဏ္ ၁၀ ႏွစ္၊ ခ်ဳနာလီ (ေခၚ)ခ်ဴနာအာလီကို ဇူလိုင္လ ၁၂ ရက္ေန႔က အလုပ္နဲ႔ေထာင္ဒဏ္ ၁၀ ႏွစ္စီခ်မွတ္လိုက္တာျဖစ္ပါတယ္။

အင္တာဗ်ဴး – ဦးေက်ာ္ေမာင္ (ရခိုင္ျပည္နယ္ဥပေဒအရာရွိ)

ဒါ့အျပင္ လက္နက္အေရးေပၚစီရင္မႈ အက္ဥပေဒအရ အေရးယူထားတဲ့ တရားခံ(( ေခၚေဇာ္လာေမာက္ ပါ ၄၂ ဦးထဲက အဘူကာေလာင္(ေခၚ) အလာလီဟူေဆာင္းပါ ၂၁ ဦးကို)) ((((႐ႈပ္ေနတာဗ်၊ ရွင္းေအာင္ျပင္ဖတ္ေစခ်င္ပါတယ္)))) ျပန္လည္လႊတ္ေပးခဲ့တာဟာ ဥပေဒေၾကာင္းအရ မမွန္ကန္တဲ့အတြက္ ရခိုင္ျပည္နယ္ တရားလႊတ္ေတာ္ကို အယူခံခဲ့ေပမယ့္ ပလပ္လုိက္တာေၾကာင့္ အထက္ရံုးေတြကို ဆက္လက္အယူခံသြားမွာျဖစ္ပါတယ္။

အင္တာဗ်ဴး – ဦးေက်ာ္ေမာင္ (ရခိုင္ျပည္နယ္ဥပေဒအရာရွိ)

အၾကမ္းဖက္မႈျဖစ္စဥ္အတြင္း ျပည္သူေတြ၊ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြ ေသဆံုးခဲ့ရမႈ၊ ႏုိင္ငံေတာ္ပိုင္ပစၥည္းေတြနဲ႔ လက္နက္ခဲယမ္းေတြဆံုးရံႈးခဲ့ရၿပီး တရားဥပေဒစိုးမိုးေရးနဲ႔ နယ္ေျမေအးခ်မ္းသာယာေရးလုပ္ငန္းစဥ္ေတြ ထိခိုက္ပ်က္စီးခဲ့ရတဲ့ အၾကမ္းဖက္မႈျဖစ္တာေၾကာင့္ ထိေရာက္တဲ့ျပစ္ဒဏ္ျဖစ္ေစလိုတဲ့အတြက္ ျပင္ဆင္ခြင့္နဲ႔ အယူခံခြင့္ေတြကို ေလွ်ာက္ထားရတာျဖစ္တယ္လို႔ ရခိုင္ျပည္နယ္ ဥပေဒအရာရွိက ေျပာပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အကြမ်းဖက်မှုမှာ ပါဝင်သူတွေကို မောင်တာခရိုင်တရားရုံးက အနိမ့်ဆုံးပြစ်ဒဏ်ချမှတ်ခဲ့တဲ့အတွက် ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံးက အမှုပြင်ဆင်ခွင့်နဲ့ အယူခံခွင့်လျှောက်လဲခဲ့တဲ့အပေါ် ရခိုင်ပြည်နယ် တရားလွှတ်တော်က ပလပ်လိုက်ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ်သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ မောင်တောခရိုင်နဲ့ ရသေ့တောင်မြို့နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ ပါဝင်သူတွေကို ဥပဒေအရအရေးယူဆောင်ရွက်နိုင်ဖို့ တရားစွဲဆိုထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီထဲက အမှုလေးမှုကို မောင်တောခရိုင်တရားရုံးက ချမှတ်လိုက်တဲ့ပြစ်ဒဏ်ဟာ ပြစ်မှုနဲ့ပြစ်ဒဏ် မညီမျှတဲ့အတွက် အခုလိုအမှုပြင်ဆင်ခွင့်နဲ့ အယူခံခွင့်လျှောက်လဲချက် ပေးခဲ့တာပါ။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က)အရ မောင်တောခရိုင်တရားရုံးမှာ တရားစွဲဆိုထားတဲ့ အဒူမူလာ (ခေါ်) မောင်မောင်လေးကို ပြီးခဲ့တဲ့ဇွန်လ ၂၉ ရက်နေ့က အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်၊ ချုနာလီ (ခေါ်)ချူနာအာလီကို ဇူလိုင်လ ၁၂ ရက်နေ့က အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်စီချမှတ်လိုက်တာဖြစ်ပါတယ်။

အင်တာဗျူး – ဦးကျော်မောင် (ရခိုင်ပြည်နယ်ဥပဒေအရာရှိ)

ဒါ့အပြင် လက်နက်အရေးပေါ်စီရင်မှု အက်ဥပဒေအရ အရေးယူထားတဲ့ တရားခံ(( ခေါ်ဇော်လာမောက် ပါ ၄၂ ဦးထဲက အဘူကာလောင်(ခေါ်) အလာလီဟူဆောင်းပါ ၂၁ ဦးကို)) ((((ရှုပ်နေတာဗျ၊ ရှင်းအောင်ပြင်ဖတ်စေချင်ပါတယ်)))) ပြန်လည်လွှတ်ပေးခဲ့တာဟာ ဥပဒေကြောင်းအရ မမှန်ကန်တဲ့အတွက် ရခိုင်ပြည်နယ် တရားလွှတ်တော်ကို အယူခံခဲ့ပေမယ့် ပလပ်လိုက်တာကြောင့် အထက်ရုံးတွေကို ဆက်လက်အယူခံသွားမှာဖြစ်ပါတယ်။

အင်တာဗျူး – ဦးကျော်မောင် (ရခိုင်ပြည်နယ်ဥပဒေအရာရှိ)

အကြမ်းဖက်မှုဖြစ်စဉ်အတွင်း ပြည်သူတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ရမှု၊ နိုင်ငံတော်ပိုင်ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်းတွေဆုံးရှုံးခဲ့ရပြီး တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးလုပ်ငန်းစဉ်တွေ ထိခိုက်ပျက်စီးခဲ့ရတဲ့ အကြမ်းဖက်မှုဖြစ်တာကြောင့် ထိရောက်တဲ့ပြစ်ဒဏ်ဖြစ်စေလိုတဲ့အတွက် ပြင်ဆင်ခွင့်နဲ့ အယူခံခွင့်တွေကို လျှောက်ထားရတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဥပဒေအရာရှိက ပြောပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)