ပုဒ်မ ၅၀၀-နဲ့ တရားစွဲဆိုခံထားရတဲ့ အယ်ဒီတာ၊ နယ်သတင်းထောက်နဲ့ လယ်သမားတို့ကို ဒဏ်ငွေ ကျပ်နှစ်သောင်းစီပေးဆောင်ဖို့ အပြီးသတ်အမိန့်ချမှတ်

0
333

ပုဒ်မ ၅၀၀-နဲ့ တရားစွဲဆိုခံထားရတဲ့ အယ်ဒီတာ၊ နယ်သတင်းထောက်နဲ့ လယ်သမားတို့ကို ဒဏ်ငွေ ကျပ်နှစ်သောင်းစီပေးဆောင်ဖို့ အပြီးသတ်အမိန့်ချမှတ်လိုက်ပါတယ်။ ဒီသတင်းကို MCNသတင်းထောက် မောင်ပန်ကာ ကရိုက်ကူးပေးပို့ထားပြီး MCN သတင်းထောက် အောင်ဆန်းဦးက တင်ဆက်ထားပါတယ်။

ဂုဏ်သရေညိုးနွမ်းစေမှုနဲ့ နှစ်နှစ်ခွဲနီးပါး တရားရင်ဆိုင် နေရတဲ့ သတင်းအယ်ဒီတာ၊ နယ်သတင်းထောက်နဲ့ လယ်သမားတို့ကို ဇူလိုင်-၁၂ ရက်နေ့ နံနက်က ဒဏ်ငွေ ကျပ်နှစ်သောင်းစီပေးဆောင်ဖို့ သဲကုန်းမြို့နယ်တရားရုံးက အပြီး သတ်အမိန့်ချမှတ် လိုက်ပါတယ်။ ချမှတ်တဲ့ ဒဏ်ကျေးငွေကျပ်နှစ်သောင်းကို မပေးဆောင်နိုင်ပါက အလုပ်မဲ့ ထောင်ဒဏ် ၆-လကျခံရမှာဖြစ်ပါတယ်။

၂၀၁၃-ခုနှစ် စက်တင်ဘာ နောက်ဆုံးအပတ်မှာ The Ladies ဂျာနယ် အတွဲ(၁) အမှတ်(၈၁) စာမျက်နှာ (၁၇) မှာ “သဲကုန်းမြို့နယ်တွင် အငြိမ်းစား ဒု-ဗိုလ်မှူးကြီးတစ်ဦး လယ်ယာမြေများသိမ်းယူ လေယာဉ်ကွင်းမဆောက်ဘဲ အကွက်ရိုက်ရောင်းစားနေ”ဆိုပြီး သတင်းခေါင်းစဉ်ဖြင့်ရေးသားခဲ့တဲ့အတွက် ဒု-ဗိုလ်မှူးကြီး(ငြိမ်း)ဦးခင်မောင်ဝင်း က ဂုဏ်သရေညိုးနွမ်းစေမှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီအမှုကို မီဒီယာဥပဒေ ၉/က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၀-နဲ့ တရားစွဲဆိုထားတဲ့ ၂၀၁၃-ခုနှစ် အောက်တိုဘာလမှာ ကျင့်/၂၀၂ နဲ့ သဲကုန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တဲ့ အတွက် ၂၀၁၃-နှစ် ဒီဇင်ဘာလမှာ သဲကုန်းမြို့နယ်တရားရုံး တရားသူကြီး ဒေါ်စိုးမာအေးက အမှုစတင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)