ေရႊနဂါးမင္း Top One တံဆိတ္ဓါတ္ေျမၾသဇာေၾကာင့္ စပါးခင္းေတြ ပ်က္စီးဆံုးရံႈးေန(႐ုပ္/သံ)

0
1023

ေရႊနဂါးမင္း Top One တံဆိတ္ဓါတ္ေျမၾသဇာေၾကာင့္ ေရႊဘိုခရိုင္ကေတာင္သူေတြရဲ႕႕ စပါးခင္းေတြ ပ်က္စီးဆံုးရံႈးခဲ႔ပါတယ္ ။ ဒီသတင္းကို MCN မံုရြာသတင္းေထာက္တင္မာေဆြကေပးပို႔ထားျပီး ေမာင္ထက္ ကတင္ဆက္ေပးထားပါတယ္ ။

စစ္ကိုင္းတိုင္းေဒသၾကီး ေရႊဘိုခရိုင္က ေဒသခံေတာင္သူေတြဟာ ေရႊနဂါးမင္း Top One တံဆိပ္ ဓါတ္ေျမၾသဇာေတြကို စပါးစိုက္ခင္းေတြမွာ သံုးစြဲခဲ႔တဲ႔အတြက္ စပါးခင္းေတြပ်က္စီးခဲ႔တာျဖစ္တယ္လို႔ ေဒသခံေတာင္သူေတြက ေျပာပါတယ္။

အခုလို စပါးခင္းေတြပ်က္စီးခဲ႔တာေၾကာင့္ ကုမၸဏီက တစ္ဧကကို တစ္သိန္းႏႈန္း ေတာင္သူေတြကိုေပးေလ်ာ္ခဲ႔ျပီး အဲဒီေလ်ာ္ေၾကးဟာနည္းပါးေနတဲ႔အတြက္ အဆင္မေျပျဖစ္ေနၾကတာပါ ။

Soundbite – .ကိုေရႊ၀င္း Shwebo (32) – ၀က္လက္ၿမိဳ႕နယ္ေတာင္သူ ။ လွေတာေက်းရြာ

အဲ႔ဒီဓါတ္ေျမၾသဇာသံုးစြဲခဲ႔တဲ႔ လယ္ေျမေတြက စပါးပင္ဟာ ၀ါသြားၿပီး အပင္ေတြပ်က္စီးသြားတဲ႔အျပင္ စပါးအထြက္နဳန္းလည္း တစ္ဧကအထြက္ႏႈန္း တစ္၀တ္ေလာက္ က်ဆင္းသြားတယ္လို႔ လယ္သမားေတြကေျပာပါတယ္ ။
အခုလို စပါးပင္ေတြပ်က္စီးသြားတာေၾကာင့္ သက္ဆိုင္ရာကုမၸဏီအေနနဲ႔ ေတာင္သူေတြကို ေလ်ာ္ေၾကးအျဖစ္ တစ္ဧကကို တစ္သိန္းႏႈန္း ေပးေလ်ာ္ေပးခဲ႔ျပီး တာ၀န္ယူမႈအျပည္႔အ၀ရွိေၾကာင္း ကုမၼဏီတာ၀န္ရွိသူေတြကေျပာပါတယ္ ။
Soundbite – .ဦးထိုက္ မန္းေနဂ်င္ဒါရိုက္တာ ေရႊနဂါးမင္း ကုမၸဏီ

အခုလိုျဖစ္ပြားတဲ႔ကိစၥေတြဟာ ေျမၾသဇာ အညႊန္းေတြထဲမွာ ျမန္မာလိုတိက်ေသခ်ာတဲ႔ အညႊန္းမေရးထားတာေတြလည္း ပါတဲ႔အတြက္ ဓါတ္ေျမၾသဇာအညႊန္းေတြကို ျမန္မာလိုေရးဖို႔လို အပ္ေနတာျဖစ္ပါတယ္ ။
Soundbite – ဦးေမာင္ေမာင္၀င္း စစ္ကိုင္းတိုင္းေဒသၾကီး လႊတ္ေတာ္ကိုယ္စားလွယ္ (၀က္လက္ျမိဳ႕မဲဆႏၵနယ္)

ေရႊဘိိုခရိုင္ထဲက ရြာသာၾကီး ၊ ေရႊပန္းကံုး ၊ ယင္းမေတာ ၊ လွေတာ အစရိွတဲ႔ ေက်းရြာေတြက လယ္ဧက သံုးရာနီးပါးဟာ ေရႊနဂါးမင္း Top One တံဆိတ္နဲ႔ ထုတ္ေ၀တဲ႔ ဓါတ္ေျမၾသဇာေတြ အသံုးျပဳတာေၾကာင့္ ပ်က္စီးခဲ႔ေၾကာင္း ၀က္လက္ျမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႈးကအတည္ျပဳ ေျပာဆုိထားပါတယ္ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရွှေနဂါးမင်း Top One တံဆိတ်ဓါတ်မြေသြဇာကြောင့် ရွှေဘိုခရိုင်ကတောင်သူတွေရဲ့ စပါးခင်းတွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ် ။ ဒီသတင်းကို MCN မုံရွာသတင်းထောက်တင်မာဆွေကပေးပို့ထားပြီး မောင်ထက် ကတင်ဆက်ပေးထားပါတယ် ။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်က ဒေသခံတောင်သူတွေဟာ ရွှေနဂါးမင်း Top One တံဆိပ် ဓါတ်မြေသြဇာတွေကို စပါးစိုက်ခင်းတွေမှာ သုံးစွဲခဲ့တဲ့အတွက် စပါးခင်းတွေပျက်စီးခဲ့တာဖြစ်တယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

အခုလို စပါးခင်းတွေပျက်စီးခဲ့တာကြောင့် ကုမ္ပဏီက တစ်ဧကကို တစ်သိန်းနှုန်း တောင်သူတွေကိုပေးလျော်ခဲ့ပြီး အဲဒီလျော်ကြေးဟာနည်းပါးနေတဲ့အတွက် အဆင်မပြေဖြစ်နေကြတာပါ ။

Soundbite – .ကိုရွှေဝင်း Shwebo (32) – ဝက်လက်မြို့နယ်တောင်သူ ။ လှတောကျေးရွာ

အဲ့ဒီဓါတ်မြေသြဇာသုံးစွဲခဲ့တဲ့ လယ်မြေတွေက စပါးပင်ဟာ ဝါသွားပြီး အပင်တွေပျက်စီးသွားတဲ့အပြင် စပါးအထွက်နုန်းလည်း တစ်ဧကအထွက်နှုန်း တစ်ဝတ်လောက် ကျဆင်းသွားတယ်လို့ လယ်သမားတွေကပြောပါတယ် ။
အခုလို စပါးပင်တွေပျက်စီးသွားတာကြောင့် သက်ဆိုင်ရာကုမ္ပဏီအနေနဲ့ တောင်သူတွေကို လျော်ကြေးအဖြစ် တစ်ဧကကို တစ်သိန်းနှုန်း ပေးလျော်ပေးခဲ့ပြီး တာဝန်ယူမှုအပြည့်အဝရှိကြောင်း ကုမ္မဏီတာဝန်ရှိသူတွေကပြောပါတယ် ။
Soundbite – .ဦးထိုက် မန်းနေဂျင်ဒါရိုက်တာ ရွှေနဂါးမင်း ကုမ္ပဏီ

အခုလိုဖြစ်ပွားတဲ့ကိစ္စတွေဟာ မြေသြဇာ အညွှန်းတွေထဲမှာ မြန်မာလိုတိကျသေချာတဲ့ အညွှန်းမရေးထားတာတွေလည်း ပါတဲ့အတွက် ဓါတ်မြေသြဇာအညွှန်းတွေကို မြန်မာလိုရေးဖို့လို အပ်နေတာဖြစ်ပါတယ် ။
Soundbite – ဦးမောင်မောင်ဝင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (ဝက်လက်မြို့မဲဆန္ဒနယ်)

ရွှေဘိုခရိုင်ထဲက ရွာသာကြီး ၊ ရွှေပန်းကုံး ၊ ယင်းမတော ၊ လှတော အစရှိတဲ့ ကျေးရွာတွေက လယ်ဧက သုံးရာနီးပါးဟာ ရွှေနဂါးမင်း Top One တံဆိတ်နဲ့ ထုတ်ဝေတဲ့ ဓါတ်မြေသြဇာတွေ အသုံးပြုတာကြောင့် ပျက်စီးခဲ့ကြောင်း ဝက်လက်မြို့နယ်အုပ်ချုပ်ရေးမှုးကအတည်ပြု ပြောဆိုထားပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)