ျပည္ျမိဳ႕မွာ အထူးဓမၼတရားပဲြနဲ႕အတူ အကၽြတ္လြတ္လွဴဒါန္းပြဲျပဳလုပ္ (႐ုပ္/သံ)

0
991

ျပည္ျမိဳ႕မွာ ပထမဆံုးအၾကိမ္အျဖစ္ အထူးဓမၼတရားပဲြနဲ႕အတူ အကၽြတ္လြတ္လွဴဒါန္းပြဲျပဳလုပ္ခဲ႔ပါတယ္ ။ ဒီသတင္းကို MCNသတင္းေထာက္ဟန္ထူးေဇာ္က ေပးပို႕ထားပါတယ္ ။

ကြယ္လြန္သြားတဲ႔ သူေတြအတြက္ရည္စူးျပီး ကုသိုလ္ေကာင္းမႈ႕ျပဳလုပ္တာေတြနဲ႔ တရားဓမၼေဟာေျပာပြဲျဖစ္တဲ႔ အကၽြတ္လြတ္ပဲြကို ျပည္ျမိဳ႕က ေအးျငိမ္းရာသုသာန္မွာ ေဖေဖာ္၀ါရီ၁၃ရက္ေန႕မွာျပဳလုပ္ခဲ့ပါတယ္ ။
အခုလိုအကၽြတ္အလြတ္ပြဲျပဳလုပ္ရတာက ေသဆုံးသြားတဲ့သူေတြကို သာမာန္လုပ္ထုံးလုပ္နည္းအတိုင္း သပိတ္သြတ္ဆြမ္ေကၽြး အစီစဥ္သာျပဳလုပ္ေနတာျဖစ္ျပီး အဲ့ဒီေနာက္ပိုင္းမွာေတာ့ ကြယ္လြန္သူေတြအတြက္ ကုသိုလ္ေကာင္းမႈ႕ျပဳလုပ္ေပးဖို႕ ေမ့သြားက်တာေတြရွိေနတာေၾကာင့္ အေမ့ခံသူေတြရဲ႕ဘ၀ေတြကို ကၽြတ္နိုင္ေအာင္ တက္နိုင္တဲ့ဘက္က အခုလိုစီစဥ္ျဖစ္တာလို႕ ပဲြစီစဥ္သူက ေျပာပါတယ္ ။

Soundbite – ကိုမင္းမင္းထြန္း(ပဲြစီစဥ္သူ)

ဒီလိုအကၽြတ္အလြတ္ပြဲေတြျပဳလုပ္တာဟာ ဗုဒၶဘာသာအယူအဆနဲ႕ ဆန္႕က်င္တာမရွိတဲ့အတြက္ အခုလိုပဲြမ်ိဳးကို နွစ္စဥ္က်င္းပဖို႕လိုအပ္ေနျပီး ဒီလိုက်င္းပရတာက မကၽြတ္လြတ္ေသးတဲ့သူေတြ ကၽြတ္လြတ္သြားနိုင္တာေၾကာင့္ ျပဳလုပ္သင့္တယ္လို႕ ေအးျငိမ္ရာသုသာန္ကတာ၀န္ရွိသူတဦးကေျပာပါတယ္ ။

Soundbite – ဦးၾကည္ထြန္း(ေအးျငိမ္းရာအခမဲ့မီသျဂိဳလ္စက္ဥကၠဌ)

ျပည္ျမိဳ႕မွာ အကၽြတ္အလြတ္ပြဲအျဖစ္ ေဖေဖာ္၀ါရီ၁၁ရက္နဲ႕၁၂ရက္ေနမွာ႕ အထူးတရားပဲြကိုက်င္းပခဲ့သလို ၁၃ရက္ေန႕နံနက္ပိုင္းမွာေတာ့ သံဃာအပါး၂၀က အမွ်အတန္းေပးေ၀ခဲ့ျပီး ညေန၆နာရီခဲြအခ်ိန္မွာ ထမင္း ပဲဟင္း အမဲသားဟင္းတို႕နဲ႕ ကြယ္လြန္သူေတြအတြက္ရည္စူးျပီး ေကၽြးေမြးခဲ့ပါတယ္ ။ အဲံလိုေကၽြးေမြးတဲ့အခ်ိန္မွာေတာ့ ေနရာတခုလုံးကိုမီးပိတ္ ေကၽြးေမြးခဲ့တာျဖစ္ျပီး စိတ္ပါ၀င္စားသူ ၂၀၀ေက်ာ္က လာေရာက္ၾကည္႕ရႈ႕ခဲ့က်ပါတယ္ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်မြို့မှာ ပထမဆုံးအကြိမ်အဖြစ် အထူးဓမ္မတရားပွဲနဲ့အတူ အကျွတ်လွတ်လှူဒါန်းပွဲပြုလုပ်ခဲ့ပါတယ် ။ ဒီသတင်းကို MCNသတင်းထောက်ဟန်ထူးဇော်က ပေးပို့ထားပါတယ် ။

ကွယ်လွန်သွားတဲ့ သူတွေအတွက်ရည်စူးပြီး ကုသိုလ်ကောင်းမှု့ပြုလုပ်တာတွေနဲ့ တရားဓမ္မဟောပြောပွဲဖြစ်တဲ့ အကျွတ်လွတ်ပွဲကို ပြည်မြို့က အေးငြိမ်းရာသုသာန်မှာ ဖေဖော်ဝါရီ၁၃ရက်နေ့မှာပြုလုပ်ခဲ့ပါတယ် ။
အခုလိုအကျွတ်အလွတ်ပွဲပြုလုပ်ရတာက သေဆုံးသွားတဲ့သူတွေကို သာမာန်လုပ်ထုံးလုပ်နည်းအတိုင်း သပိတ်သွတ်ဆွမ်ကျွေး အစီစဉ်သာပြုလုပ်နေတာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ ကွယ်လွန်သူတွေအတွက် ကုသိုလ်ကောင်းမှု့ပြုလုပ်ပေးဖို့ မေ့သွားကျတာတွေရှိနေတာကြောင့် အမေ့ခံသူတွေရဲ့ဘဝတွေကို ကျွတ်နိုင်အောင် တက်နိုင်တဲ့ဘက်က အခုလိုစီစဉ်ဖြစ်တာလို့ ပွဲစီစဉ်သူက ပြောပါတယ် ။

Soundbite – ကိုမင်းမင်းထွန်း(ပွဲစီစဉ်သူ)

ဒီလိုအကျွတ်အလွတ်ပွဲတွေပြုလုပ်တာဟာ ဗုဒ္ဓဘာသာအယူအဆနဲ့ ဆန့်ကျင်တာမရှိတဲ့အတွက် အခုလိုပွဲမျိုးကို နှစ်စဉ်ကျင်းပဖို့လိုအပ်နေပြီး ဒီလိုကျင်းပရတာက မကျွတ်လွတ်သေးတဲ့သူတွေ ကျွတ်လွတ်သွားနိုင်တာကြောင့် ပြုလုပ်သင့်တယ်လို့ အေးငြိမ်ရာသုသာန်ကတာဝန်ရှိသူတဦးကပြောပါတယ် ။

Soundbite – ဦးကြည်ထွန်း(အေးငြိမ်းရာအခမဲ့မီသဂြိုလ်စက်ဥက္ကဌ)

ပြည်မြို့မှာ အကျွတ်အလွတ်ပွဲအဖြစ် ဖေဖော်ဝါရီ၁၁ရက်နဲ့၁၂ရက်နေမှာ့ အထူးတရားပွဲကိုကျင်းပခဲ့သလို ၁၃ရက်နေ့နံနက်ပိုင်းမှာတော့ သံဃာအပါး၂၀က အမျှအတန်းပေးဝေခဲ့ပြီး ညနေ၆နာရီခွဲအချိန်မှာ ထမင်း ပဲဟင်း အမဲသားဟင်းတို့နဲ့ ကွယ်လွန်သူတွေအတွက်ရည်စူးပြီး ကျွေးမွေးခဲ့ပါတယ် ။ အဲံလိုကျွေးမွေးတဲ့အချိန်မှာတော့ နေရာတခုလုံးကိုမီးပိတ် ကျွေးမွေးခဲ့တာဖြစ်ပြီး စိတ်ပါဝင်စားသူ ၂၀ဝကျော်က လာရောက်ကြည့်ရှု့ခဲ့ကျပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)