အသင္းအဖြဲ႕ေတြအေနနဲ႔ နိုင္ငံေတာ္လံုၿခံဳေရးတပ္ဖြဲ႕ ယူနီေဖာင္းအသြင္တူ မ၀တ္ဖို႔ တားျမစ္ (႐ုပ္/သံ)

0
926

အသင္းအဖြဲ႕ ဝန္ေဆာင္မႈလုပ္ငန္းေတြမွာ လံုၿခံဳေရးတပ္ဖြဲ႔ဝင္မ်ားရဲ႕ ယူနီေဖာင္းနဲ႔ အသြင္တူတဲ့ဝတ္စံုမ်ား မဝတ္ၾကဖို႔ ရခုိင္ျပည္နယ္ ရဲတပ္ဖြဲ႔ကတားျမစ္ လိုက္ပါတယ္။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ႏုိင္ငံေတာ္လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြရဲ႕ ယူနီေဖာင္းေတြနဲ႔ အသြင္တူတဲ့ ဝတ္စံုေတြကို အသင္းအဖြဲ႔ဝန္ေဆာင္မႈလုပ္ငန္းေတြမွာ မဝတ္ၾကဖို႔အတြက္ ရခုိင္ျပည္နယ္ရဲတပ္ဖြဲ႔က ဒီကေန႔ ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔မွာ စီပြားေရးလုပ္ငန္း႐ွင္ေတြကို ေခၚယူအသိ ေပးလိုက္ပါတယ္။

အခုလိုမ်ိဳး ေခၚယူအသိေပး တားျမစ္ရတာဟာ အသင္အဖြဲ႔ဝန္ေဆာင္မႈလုပ္ငန္းေတြက လံုၿခံဳေရးဝန္ထမ္းေတြဟာ ႏုိင္ငံေတာ္ လံုၿခံဳေရးတပ္ဖြဲ႔ေတြရဲ႕ ယူနီေဖာင္းေတြနဲ႔ အသြင္တူဝတ္ဆင္ေနတာေတြ႐ွိေနတာေၾကာင့္ အၾကမ္းဖက္သမားေတြ အေနနဲ႔ အခြင့္ေကာင္းယူၿပီး အလြယ္တကူဝင္ေရာက္လာႏုိင္တဲ့အတြက္ တားျမစ္လိုက္တာျဖစ္ပါတယ္ ။

အင္တာဗ်ဴး – ရဲမွဴးႀကီး ေအာင္ျမတ္မိုး
ရခုိင္ျပည္နယ္ ရဲတပ္ဖြဲ႔မွဴး

ဒါအျပင္ ဟိုတယ္လုပ္ငန္း၊ ဘဏ္လုပ္ငန္းအပါအဝင္ ပုဂၢလိကလုပ္ငန္းေတြအေနနဲ႔ လံုၿခံဳေရးဝန္ထမ္းေတြရဲ႕ဝတ္စံုေတြကို ႏုိင္ငံေတာ္ လံုၿခံဳေရးတပ္ဖြဲ႔ေတြရဲ႕ ယူနီေဖာင္းေတြနဲ႔ ကြဲျပားတဲ့ဝတ္စံုေတြအျဖစ္ ေျပာင္းလဲေပးဖို႔တိုက္တြန္းလိုက္ၿပီး ဆက္လက္ဝတ္ ဆင္မႈေတြကို ေတြ႔႐ွိပါက တည္ဆဲဥပေဒအရ အေရးယူေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။

အင္တာဗ်ဴး – ရဲမွဴးႀကီးေအာင္ျမတ္မိုး
ရခုိင္ျပည္နယ္ ရဲတပ္ဖြဲ႔မွဴး

လက္ရွိမွာ ႏုိင္ငံအတြင္း႐ွိ ပုဂၢလိကလုပ္ငန္းေတြက လံုုၿခံဳေရးဝန္ထမ္းေတြရဲ႕ ဝတ္စံုေတြနဲ႔ပတ္သက္ၿပီးေတာ့ သီးျခား သတ္မွတ္ေပးႏုိင္ေရးအတြက္ ဥပေဒေရးဆြဲမႈေတြျပဳလုပ္ေနၿပီး မၾကာခင္မွာအတည္ျပဳျပဌာန္ႏုိင္ေရးအတြက္ ေဆာင္႐ြက္ ေနေၾကာင္း ရခုိင္ျပည္နယ္ ရဲတပ္ဖြဲ႔မွဴးက ေျပာၾကားခဲ့ပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အသင်းအဖွဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ ယူနီဖောင်းနဲ့ အသွင်တူတဲ့ဝတ်စုံများ မဝတ်ကြဖို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ကတားမြစ် လိုက်ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ယူနီဖောင်းတွေနဲ့ အသွင်တူတဲ့ ဝတ်စုံတွေကို အသင်းအဖွဲ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာ မဝတ်ကြဖို့အတွက် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ စီပွားရေးလုပ်ငန်းရှင်တွေကို ခေါ်ယူအသိ ပေးလိုက်ပါတယ်။

အခုလိုမျိုး ခေါ်ယူအသိပေး တားမြစ်ရတာဟာ အသင်အဖွဲ့ဝန်ဆောင်မှုလုပ်ငန်းတွေက လုံခြုံရေးဝန်ထမ်းတွေဟာ နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ယူနီဖောင်းတွေနဲ့ အသွင်တူဝတ်ဆင်နေတာတွေရှိနေတာကြောင့် အကြမ်းဖက်သမားတွေ အနေနဲ့ အခွင့်ကောင်းယူပြီး အလွယ်တကူဝင်ရောက်လာနိုင်တဲ့အတွက် တားမြစ်လိုက်တာဖြစ်ပါတယ် ။

အင်တာဗျူး – ရဲမှူးကြီး အောင်မြတ်မိုး
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး

ဒါအပြင် ဟိုတယ်လုပ်ငန်း၊ ဘဏ်လုပ်ငန်းအပါအဝင် ပုဂ္ဂလိကလုပ်ငန်းတွေအနေနဲ့ လုံခြုံရေးဝန်ထမ်းတွေရဲ့ဝတ်စုံတွေကို နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ယူနီဖောင်းတွေနဲ့ ကွဲပြားတဲ့ဝတ်စုံတွေအဖြစ် ပြောင်းလဲပေးဖို့တိုက်တွန်းလိုက်ပြီး ဆက်လက်ဝတ် ဆင်မှုတွေကို တွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အင်တာဗျူး – ရဲမှူးကြီးအောင်မြတ်မိုး
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး

လက်ရှိမှာ နိုင်ငံအတွင်းရှိ ပုဂ္ဂလိကလုပ်ငန်းတွေက လုံခြုံရေးဝန်ထမ်းတွေရဲ့ ဝတ်စုံတွေနဲ့ပတ်သက်ပြီးတော့ သီးခြား သတ်မှတ်ပေးနိုင်ရေးအတွက် ဥပဒေရေးဆွဲမှုတွေပြုလုပ်နေပြီး မကြာခင်မှာအတည်ပြုပြဌာန်နိုင်ရေးအတွက် ဆောင်ရွက် နေကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့ပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)