ဦး၀ီရသူကို ေတာင္းပန္ဖို႔မရွိလို႔ ကိုေဆြ၀င္းေျပာ (႐ုပ္/သံ)

0
1000

ဦးဝီရသူဟာ စ႐ိုက္ဆိုးေတြနဲ႔ ေလာကဆိုးက်ဳိးကို ဆက္လက္လုပ္ေဆာင္ေနတာေၾကာင့္ ေတာင္းပန္ဖို႔ အစီအစဥ္မရွိဘူးလို Myanmar Now အယ္ဒီတာ ကိုေဆြဝင္းက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ဥာဏ္လင္းထူးက ေပးပို႔ထားပါတယ္။

Myanmar Now အယ္ဒီတာ ကိုေဆြဝင္းအေနနဲ႔ ဦးဝီရသူကို ေျခစံုခိုက္ ရွိခိုးေတာင္းပန္ခဲ႔ရင္ အမႈကို ျပန္လည္ရုပ္သိမ္းေပးမယ္လို႔ တရားလို ကိုေက်ာ္မ်ဳိးေဆြရဲ႕ ေျပာဆိုခ်က္အေပၚ ေတာင္းပန္သြားဖို႔အစီအစဥ္မရွိဘူးလို႔ ျပန္လည္တုန္႔ျပန္ေျပာၾကားလိုက္တာပါ။

ဦးဝီရသူဟာ လူသတ္တရားခံ ၾကည္လင္းကို အားေပးတဲ႔အတြက္ ပါရာဇိက ကံထိုက္ေနတယ္ ဆိုတဲ႔ သတင္းကိုေရးသားခဲ႔ၿပီး ေဖ့ဘုတ္စာမ်က္ႏွာမွာ ေဖာ္ျပခဲ႔တာေၾကာင့္ ကိုေဆြ၀င္းကို ကိုေက်ာ္မ်ဳိးေရႊက တရားလို ျပဳလုပ္ၿပီး တရားစြဲဆိုထားတာျဖစ္ပါတယ္။

အင္တာဗ်ဴး ဦးေဆြဝင္း အယ္ဒီတာ
ျမန္မာေနာင္း သတင္းဌာန

အခုရက္ပိုင္းအတြင္း ဦးဝီရသူရဲ႕ ထမင္းဝေအာင္စားထားဆိုတဲ႔ ဗြီဒီယိုဖိုင္အပါအဝင္ ေသနတ္ကိုင္ေဆာင္ထားတဲ႔ ဟန္ ဗြီဒီယိုဖိုင္ေတြကလည္း ေဖ့ဘုတ္မွာ ျပန္႔ႏွံလာခဲ႔တာပါ။
သာသနာေရးဦးစီးဌာနကေန ဦးဝီရသူကို အေရးယူဖို႔ လုပ္ေဆာင္ေနတာကို ခိုင္ခိုင္မာမာသိရွိခဲ႔ရေပမယ့္ လက္ရွိအခ်ိန္အထိ တစ္စံုတစ္ရာ အေရးယူမႏိုင္ေသးဘူးလို႔လည္း သတင္းေထာက္ ကိုေဆြဝင္း ကေျပာပါတယ္။

အင္တာဗ်ဴး ဦးေဆြဝင္း အယ္ဒီတာ
ျမန္မာေနာင္း သတင္းဌာန

ဒီအမႈနဲ႔ ပတ္သက္ၿပီး ကိုေဆြ၀င္းကို ေဖေဖာ္၀ါရီလ ၁၃ ရက္ေန႔က ႐ုံးထုတ္စစ္ေဆးခဲ့ၿပီး ၂၆ ရက္ေန႔မွာေတာ့ ၁၉ ႀကိမ္ေျမာက္ ႐ုံးထုတ္စစ္ေဆးသြားမွာ ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဦးဝီရသူဟာ စရိုက်ဆိုးတွေနဲ့ လောကဆိုးကျိုးကို ဆက်လက်လုပ်ဆောင်နေတာကြောင့် တောင်းပန်ဖို့ အစီအစဉ်မရှိဘူးလို Myanmar Now အယ်ဒီတာ ကိုဆွေဝင်းက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဉာဏ်လင်းထူးက ပေးပို့ထားပါတယ်။

Myanmar Now အယ်ဒီတာ ကိုဆွေဝင်းအနေနဲ့ ဦးဝီရသူကို ခြေစုံခိုက် ရှိခိုးတောင်းပန်ခဲ့ရင် အမှုကို ပြန်လည်ရုပ်သိမ်းပေးမယ်လို့ တရားလို ကိုကျော်မျိုးဆွေရဲ့ ပြောဆိုချက်အပေါ် တောင်းပန်သွားဖို့အစီအစဉ်မရှိဘူးလို့ ပြန်လည်တုန့်ပြန်ပြောကြားလိုက်တာပါ။

ဦးဝီရသူဟာ လူသတ်တရားခံ ကြည်လင်းကို အားပေးတဲ့အတွက် ပါရာဇိက ကံထိုက်နေတယ် ဆိုတဲ့ သတင်းကိုရေးသားခဲ့ပြီး ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြခဲ့တာကြောင့် ကိုဆွေဝင်းကို ကိုကျော်မျိုးရွှေက တရားလို ပြုလုပ်ပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။

အင်တာဗျူး ဦးဆွေဝင်း အယ်ဒီတာ
မြန်မာနောင်း သတင်းဌာန

အခုရက်ပိုင်းအတွင်း ဦးဝီရသူရဲ့ ထမင်းဝအောင်စားထားဆိုတဲ့ ဗွီဒီယိုဖိုင်အပါအဝင် သေနတ်ကိုင်ဆောင်ထားတဲ့ ဟန် ဗွီဒီယိုဖိုင်တွေကလည်း ဖေ့ဘုတ်မှာ ပြန့်နှံလာခဲ့တာပါ။
သာသနာရေးဦးစီးဌာနကနေ ဦးဝီရသူကို အရေးယူဖို့ လုပ်ဆောင်နေတာကို ခိုင်ခိုင်မာမာသိရှိခဲ့ရပေမယ့် လက်ရှိအချိန်အထိ တစ်စုံတစ်ရာ အရေးယူမနိုင်သေးဘူးလို့လည်း သတင်းထောက် ကိုဆွေဝင်း ကပြောပါတယ်။

အင်တာဗျူး ဦးဆွေဝင်း အယ်ဒီတာ
မြန်မာနောင်း သတင်းဌာန

ဒီအမှုနဲ့ ပတ်သက်ပြီး ကိုဆွေဝင်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပြီး ၂၆ ရက်နေ့မှာတော့ ၁၉ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)