မုံရွာပညာရေးကောလိပ်မှာ ဖဲကြိုးစိမ်းကမ်ပိန်း ပြုလုပ်

0
106

တက္ကသိုလ်ဝင်တန်းစာမေးပွဲပြီးမှ အခြေခံပညာထက်၊ လယ်၊ မူ စာမေးပွဲစစ်မယ်ဆိုတဲ့ ညွှန်ကြားချက်ကို ကန့်ကွက်ကြောင်း မုံရွာပညာရေးကောလိပ်က ဖဲကြိုးစိမ်းကမ်ပိန်းပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။


တက္ကသိုလ်ဝင်တန်းစာမေးပွဲပြီးမှ အခြေခံပညာထက်၊ လယ်၊ မူ စာမေးပွဲကို မတ်လအတွင်း ပြောင်းလဲစစ်ဆေးသွားမယ်လို့ အခြေခံပညာဦးစီးဌာနက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ထုတ်ပြန်ချက်က အခြေခံပညာထက်၊ လယ်၊ မူ ကျောင်းသား၊ ကျောင်းသူတွေအတွက် အခက်အခဲ ဖြစ်စေမှာ ဖြစ်ပြီး၊ အလွန်ပူပြင်းလှတဲ့ နွေရာသီမှသာ ကျောင်းသား၊ ကျောင်းသူတွေကို စာမေးပွဲ စစ်ဆေးဖို့ ညွှန်ကြားချက်ထုတ်ပြန်တာကို ကန့်ကွက်တဲ့အနေနဲ့ မုံရွာပညာရေးကောလိပ်က သင်တန်းသား၊ သင်တန်းသူတွေက ဇန်နဝါရီ်လ ၁၃ ရက်နေ့မှာ ဖဲကြိုးစိမ်းကန်ပိန်း ပြုလုပ်ခဲ့ပါတယ်။

Soundbite ကိုညီမင်းထွဋ် ( မုံရွာပညာရေးကောလိပ် ဆရာဖြစ်သင်တန်းသား)

အဲဒီလို အခြေခံပညာဦးစီးဌာနက ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်က ကျောင်းသူ၊ ကျောင်းသားတွေ အပြင် မိဘတွေကို အခက်အခဲ ဖြစ်စေမှာ ဖြစ်တာကြောင့် ပညာရေးဝန်ကြီးဌာနအနေနဲ့ အခြေခံပညာဦးစီးဌာနရဲ့ ညွှန်ကြားချက်ကို ပယ်ဖျတ်ပေးဖို့ မုံရွာပညာရေးကောလိပ် သင်တန်းသား၊ သင်တန်းသူတွေက တောင်းဆိုထားပါတယ်။

Soundbite မဖြိုးသူဇာနွယ် ( မုံရွာပညာရေးကောလိပ် ဆရာဖြစ်သင်တန်းသူ)


မုံရွာပညာရေးကောလိပ်မှာ ဖဲကြိုးစိမ်းကမ်ပိန်း ပြုလုပ်

တက္ကသိုလ်ဝင်တန်းစာမေးပွဲပြီးမှ အခြေခံပညာထက်၊ လယ်၊ မူ စာမေးပွဲစစ်မယ်ဆိုတဲ့ ညွှန်ကြားချက်ကို ကန့်ကွက်ကြောင်း  မုံရွာပညာရေးကောလိပ်က ဖဲကြိုးစိမ်းကမ်ပိန်းပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲပြီးမှ အခြေခံပညာထက်၊ လယ်၊ မူ စာမေးပွဲကို မတ်လအတွင်း ပြောင်းလဲစစ်ဆေးသွားမယ်လို့ အခြေခံပညာဦးစီးဌာနက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ထုတ်ပြန်ချက်က အခြေခံပညာထက်၊ လယ်၊ မူ ကျောင်းသား၊ ကျောင်းသူတွေအတွက် အခက်အခဲ ဖြစ်စေမှာ ဖြစ်ပြီး၊ အလွန်ပူပြင်းလှတဲ့ နွေရာသီမှသာ ကျောင်းသား၊ ကျောင်းသူတွေကို စာမေးပွဲ စစ်ဆေးဖို့ ညွှန်ကြားချက်ထုတ်ပြန်တာကို ကန့်ကွက်တဲ့အနေနဲ့ မုံရွာပညာရေးကောလိပ်က သင်တန်းသား၊ သင်တန်းသူတွေက ဇန်နဝါရီ်လ ၁၃ ရက်နေ့မှာ ဖဲကြိုးစိမ်းကန်ပိန်း ပြုလုပ်ခဲ့ပါတယ်။

Soundbite  ကိုညီမင်းထွဋ် ( မုံရွာပညာရေးကောလိပ် ဆရာဖြစ်သင်တန်းသား)

အဲဒီလို အခြေခံပညာဦးစီးဌာနက ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်က ကျောင်းသူ၊ ကျောင်းသားတွေ အပြင် မိဘတွေကို အခက်အခဲ ဖြစ်စေမှာ ဖြစ်တာကြောင့် ပညာရေးဝန်ကြီးဌာနအနေနဲ့ အခြေခံပညာဦးစီးဌာနရဲ့ ညွှန်ကြားချက်ကို ပယ်ဖျတ်ပေးဖို့  မုံရွာပညာရေးကောလိပ် သင်တန်းသား၊ သင်တန်းသူတွေက တောင်းဆိုထားပါတယ်။

Soundbite  မဖြိုးသူဇာနွယ် ( မုံရွာပညာရေးကောလိပ် ဆရာဖြစ်သင်တန်းသူ)

မုံရွာပညာရေးကောလိပ် သင်တန်းသား၊ သင်တန်းသူတွေ တောင်းဆိုတဲ့ ဖဲကြိုးစိမ်းကမ်ပိန်းလှုပ်ရှားမှုက ကျောင်းသားမိဘတွေနဲ့ဆရာတွေ သဘောမတူတဲ့ စာမေးပွဲကာလနောက်ဆုတ်ခြင်းကို ရပ်တန့်ပေးဖိုနဲ့ စမ်းသပ်ခံပညာရေးအလိုမရှိ စာသားပါဝင်တဲ့ ဆိုင်းဘုတ်တွေကို မုံရွာပညာရေးကောလိပ်ရှေ့မှာ ချိတ်ကပ်ခဲ့ကြတာ ဖြစ်ပါတယ် ခင်ဗျာ။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)