ရခိုင်ပြည်နယ် ဖြစ်စဉ်တွေကြောင့် အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှု တွေကျဆင်း (ရုပ်/သံ)

0
229









>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေအပြောင်းအလဲနဲ့ ရခိုင်ပြည်နယ်ဖြစ်စဉ်တွေကြောင့် အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းလာတယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ကပြောပါတယ်။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက် ရဲသွေးနီကပေးပို့ထားပါတယ်။

အခုအစိုးရလက်ထက် မြန်မာနိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုပမာဏဝင်ရောက်မှု ပမာဏအများဆုံးဖြစ်တဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကိုခွင့်ပြုနိုင်ခြင်းမရှိခဲ့တာပါ။

အဲဒီလိုအခြေအနေတွေအပြင် ရင်းနှီးမြုပ်နှံမှု ဥပဒေ အပြောင်းအလဲ နဲ့ရခိုင်ပြည်နယ်ဖြစ်စဉ်တွေကြောင့် အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြုပ်နှံမှုတွေကျဆင်းလာတာဖြစ်တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကုမ္ပဏီများ ညွှန်ကြားရေးဦးစီးဌာန ကပြောပါတယ် ။

စက်တင်ဘာလ ၈ရက်နေ့ ပုသိမ်မြို့နယ် ပုသိမ်ဟိုတယ်မှာကျင်းပတဲ့ Ayeyarwaddy Region Investment Fair Stakeholder’s Metting ကျင်းပပြုလုပ်ခဲ့တာပါ။

Soundbite ဦးအောင်နိင်ဦး ( ညွှန်ကြားရေးမှူးချုပ် )
မြန်မာနိင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

ဒါ့အပြင် ပြီးခဲ့တဲ့သြဂုတ်လ ၁ရက်နေ့မှာစတင်အသက်ဝင်ခဲ့တဲ့ ကုမ္ပဏီဥပဒေနဲ့ပက်သက်ပြီး နိင်ငံခြားသား လုပ်ငန်းရှင်တွေလက်ခံနိုင်တဲ့ ဥပဒေတွေထည့်သွင်းရေးဆွဲထားတာကြောင့် မြန်မာနိင်ငံရဲ့ ဘဏ်လုပ်ငန်း တွေအပါအဝင် အာမခံလုပ်ငန်းတွေမှာပါ ရင်းနှီးမြှုပ်နှံမှုတိုးမြင့်လာဖို့ ရှိတယ်လို့ ပြောဆိုထားပါတယ်။

Soundbite ဦးအောင်နိင်ဦး (ညွှန်ကြားရေးမှူး)
မြန်မာနိင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

လက်ရှိ မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့တဲ့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၈၄၂ဒသမဝ၀၈)သန်း ရှိပြီး ပြည်တွင်းကို အမှန်တကယ် ဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏက အမေရိကန်ဒေါ်လာသန်း (၁၃၃၃ဒသမ၇၀၇) သန်းရှိတာလည်းဖြစ်ပါတယ်ခင်ဗျာ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)