ေျမာက္ဦး ေဆာက္လုပ္ေရးလုပ္ငန္း တင္ဒါေတြမွာ မသမာမႈေတြရွိေန (႐ုပ္/သံ)

0
311

ေျမာက္ဦးၿမိဳ႕နယ္အတြင္းက ေဆာက္လုပ္ေရးလုပ္ငန္းေတြ အလုပ္အကိုင္ရ႐ွိေရးအတြက္ ေငြဝယ္တင္ဒါစနစ္ကို က်င့္သံုးေနၾကတယ္လို႔ ေဆာက္လုပ္ေရးလုပ္ငန္း႐ွင္ေတြက ေျပာပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုုိင္ျပည္နယ္အတြင္း ေဒသဖြံ႔ၿဖိဳးေရးလုပ္ငန္းေတြကို ေဆာင္႐ြက္တဲ့အခါ ေဆာက္လုပ္ေရးလုပ္ငန္းေတြအတြက္ ေဒသခံကုမၸဏီေတြကို ဦးစားေပးလုပ္ပိုင္ခြင့္ေပးသြားမယ္လို႔ အစိုးရကေျပာဆိုထားေပမယ့္ အစိုးရနဲ႔နီးစပ္သူေတြကသာ လုပ္ကိုင္ခြင့္ရ႐ွိေနတာေၾကာင့္ ေဒသခံကုမၸဏီေတြက ရခုိင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ဆီကို စာပို႔တိုင္ၾကားခဲ့ၾကပါတယ္။

အဲဒီလို လုပ္ကိုင္ခြင့္ရ႐ွိေနၾကတာေၾကာင့္ ေျမာက္ဦးၿမိဳ႕နယ္ ဖြံ႔ၿဖိဳးေရးလုပ္ငန္းေတြမွာ အလုပ္အကိုင္ရ႐ွိေရးအတြက္ ေငြဝယ္တင္ဒါစနစ္ကို က်င့္သံုးေနၾကတယ္လို႔ ေျမာက္ဦးေဒသခံ ေဆာက္လုပ္ေရး လုပ္ငန္းလုပ္ကိုင္ေနၾကတဲ့ ကုမၸဏီလုပ္ငန္း႐ွင္ေတြက ေျပာပါတယ္။

Soundbite – ဦးဦးေမာင္သန္း (အုပ္ခ်ဳပ္မႈ ဒါ႐ုိက္တာ) ရခုိင္ညြန္႔ဖူး ေဆာက္လုပ္ေရးကုမၸဏီ

၂၀၁၇/၁၈ ဘ႑ာႏွစ္အတြက္ ေျမာက္ဦးၿမိဳ႕နယ္အတြင္း လက္က်န္လုပ္ငန္းေတြအျဖစ္ ဘ႑ာေငြက်ပ္သိန္း ၂၆၀၀ ေက်ာ္အတြက္ လုပ္ငန္းေပါင္း ၂၀ ေက်ာ္႐ွိၿပီး အဲဒီလုပ္ငန္းေတြအတြက္ တင္ဒါေခၚယူခဲ့တဲ့အခါမွာ တင္ဒါေ႐ြးခ်ယ္ေရးအဖြဲ႔အေနနဲ႔ ခ်မွတ္ထားတဲ့ စည္းမွ်ည္းစည္းကမ္းေတြနဲ႔အညီ ေဆာင္႐ြက္ျခင္းမ႐ွိဘဲ လုပ္ငန္းေတြကို ခ်ေပးခဲ့တာလည္း ျဖစ္ပါတယ္။

Soundbite – ဦးဘိုေခ် (အုပ္ခ်ဳပ္မႈ ဒါ႐ိုက္တာ) ေျမာက္ဦးေ႐ႊနန္းေျမ ေဆာက္လုပ္ေရးကုမၸဏီ

ဒါ့အျပင္ ေဒသခံကုမၸဏီေတြအေနနဲ႔ အဲဒီလုပ္ငန္းေတြအတြက္ ပဏာမတင္ဒါေ႐ြးခ်ယ္တဲ့အခါမွာ Technical Proposal နဲဲ႔ Prize Proposal ေတြကို ေအာင္ျမင္ခဲ့ၾကေပမယ့္ လုပ္ငန္းလုပ္ကိုင္ခြင့္ေတြကိုေတာ့ ေဒသခံမဟုတ္တဲ့ ကုမၸဏီေတြကိုပဲ ခ်ေပးခဲ့တယ္လို႔ ေျပာပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ဦးမြို့နယ်အတွင်းက ဆောက်လုပ်ရေးလုပ်ငန်းတွေ အလုပ်အကိုင်ရရှိရေးအတွက် ငွေဝယ်တင်ဒါစနစ်ကို ကျင့်သုံးနေကြတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် ဒေသခံကုမ္ပဏီတွေကို ဦးစားပေးလုပ်ပိုင်ခွင့်ပေးသွားမယ်လို့ အစိုးရကပြောဆိုထားပေမယ့် အစိုးရနဲ့နီးစပ်သူတွေကသာ လုပ်ကိုင်ခွင့်ရရှိနေတာကြောင့် ဒေသခံကုမ္ပဏီတွေက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဆီကို စာပို့တိုင်ကြားခဲ့ကြပါတယ်။

အဲဒီလို လုပ်ကိုင်ခွင့်ရရှိနေကြတာကြောင့် မြောက်ဦးမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အလုပ်အကိုင်ရရှိရေးအတွက် ငွေဝယ်တင်ဒါစနစ်ကို ကျင့်သုံးနေကြတယ်လို့ မြောက်ဦးဒေသခံ ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်နေကြတဲ့ ကုမ္ပဏီလုပ်ငန်းရှင်တွေက ပြောပါတယ်။

Soundbite – ဦးဦးမောင်သန်း (အုပ်ချုပ်မှု ဒါရိုက်တာ) ရခိုင်ညွန့်ဖူး ဆောက်လုပ်ရေးကုမ္ပဏီ

၂၀၁၇/၁၈ ဘဏ္ဍာနှစ်အတွက် မြောက်ဦးမြို့နယ်အတွင်း လက်ကျန်လုပ်ငန်းတွေအဖြစ် ဘဏ္ဍာငွေကျပ်သိန်း ၂၆၀ဝ ကျော်အတွက် လုပ်ငန်းပေါင်း ၂၀ ကျော်ရှိပြီး အဲဒီလုပ်ငန်းတွေအတွက် တင်ဒါခေါ်ယူခဲ့တဲ့အခါမှာ တင်ဒါရွေးချယ်ရေးအဖွဲ့အနေနဲ့ ချမှတ်ထားတဲ့ စည်းမျှည်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ခြင်းမရှိဘဲ လုပ်ငန်းတွေကို ချပေးခဲ့တာလည်း ဖြစ်ပါတယ်။

Soundbite – ဦးဘိုချေ (အုပ်ချုပ်မှု ဒါရိုက်တာ) မြောက်ဦးရွှေနန်းမြေ ဆောက်လုပ်ရေးကုမ္ပဏီ

ဒါ့အပြင် ဒေသခံကုမ္ပဏီတွေအနေနဲ့ အဲဒီလုပ်ငန်းတွေအတွက် ပဏာမတင်ဒါရွေးချယ်တဲ့အခါမှာ Technical Proposal နဲ့ Prize Proposal တွေကို အောင်မြင်ခဲ့ကြပေမယ့် လုပ်ငန်းလုပ်ကိုင်ခွင့်တွေကိုတော့ ဒေသခံမဟုတ်တဲ့ ကုမ္ပဏီတွေကိုပဲ ချပေးခဲ့တယ်လို့ ပြောပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)