ေပါင္းတည္ျမိဳ႕မွာ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ျမင္းစီးေက်ာက္ရုပ္ ဖြင့္ပြဲျပဳလုပ္ (႐ုပ္/သံ)

0
274

ေပါင္းတည္ျမိဳ႕မွာ ပထမဆုံး ဗုိလ္ခ်ဳပ္ေအာင္ဆန္း ျမင္းစီးေက်ာက္ရုပ္ကို ဗိုလ္ခ်ဳပ္ေအာင္းဆန္း ၁၀၃နွစ္ေျမာက္ေမြးေန႕မွာ စတင္ဖြင့္လွစ္လိုက္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ဟန္ထူးေဇာ္က ေပးပို႔ထားပါတယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း ျမင္းစီးေက်ာက္ရုပ္ကို ေပါင္းတည္ျမိဳ႕မွာ ပထမဆုံးအၾကိမ္ထုလုပ္ျပီး ၁၀၃ နွစ္ေျမာက္ ဗိုလ္ခ်ဳပ္ေမြးေန႕ျဖစ္တဲ့ ေဖေဖာ္၀ါရီလ ၁၃ရက္ေန႔ ဒီကေန႔မွာ ဖြင့္လွစ္ခဲ့ပါတယ္။
ဒီမုိကေရစီစနစ္နဲ႔ တုိင္းျပည္ကို တည္ေဆာက္ေနတယ္ ဆုိတာ ျမင္းစီးေက်ာက္ရုပ္ေတြက သာဓက တစ္ခုအျဖစ္ သမုိင္းေမာ္ကြန္းစိုက္ထူေနတယ္လို႔ ပဲခူးတိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦး၀င္းသိန္း က ေျပာပါတယ္။

Soundbite – ဦး၀င္းသိန္း(ပဲခူးတိုင္း၀န္ၾကီးခ်ဳပ္)

၂၀၁၅ ခုႏွစ္က ေက်ာင္းသားသပိတ္စစ္ေၾကာင္း ေပါင္းတည္ျမိဳ႕ကို ေရာက္ခဲ႔တုန္းက ျငိမ္းခ်မ္းေရႊတည္ ျပည္သူ႔ပန္းျခံထဲမွာ ရုပ္ထုထုလုပ္ဖို႔ ၿမိဳ႕ေဒသခံေတြက စတင္ပႏၷက္ခ်ၿပီး ၃နွစ္ၾကာ လုပ္ေဆာင္ခဲ႔တာျဖစ္ပါတယ္။ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ျမင္းစီးေက်ာက္ရုပ္ကို အဂၤေတနဲ႔ ျပဳလုပ္ထားတာျဖစ္ျပီး ၁၅ေပျမင့္ကာ အနုပညာတကၠသိုလ္က ပန္ပုအျငိမ္းစား ပါေမာကၡေဒါက္တာျမင့္စံက ထုလုပ္ခဲ့တာျဖစ္ပါတယ္။

Soundbite – ကိုခ်စ္ကို(ျပည္သူ႕အက်ိဳးေဆာင္ကြန္ယက္)

ဗုိလ္ခ်ဳပ္ေအာင္ဆန္းျမင္းစီးေက်ာက္ရုပ္ဖြင့္ပြဲအထိမ္းအမွတ္အျဖစ္ ေဖဖ၀ါရီလ ၆ရက္ေန႕ကစတင္ျပီး စာေပေဟာေျပာပြဲေတြ စာအုပ္ေစ်းေရာင္းပြဲေတြနဲ႔ ေပ်ာ္ပြဲရႊင္ပြဲေတြကို ေဖဖ၀ါရီလ ၁၅ရက္ေန႕အထိက်င္းပသြားမွာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပေါင်းတည်မြို့မှာ ပထမဆုံး ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်ကို ဗိုလ်ချုပ်အောင်းဆန်း ၁၀၃နှစ်မြောက်မွေးနေ့မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဟန်ထူးဇော်က ပေးပို့ထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်ကို ပေါင်းတည်မြို့မှာ ပထမဆုံးအကြိမ်ထုလုပ်ပြီး ၁၀၃ နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့ ဒီကနေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

ဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်ကို တည်ဆောက်နေတယ် ဆိုတာ မြင်းစီးကျောက်ရုပ်တွေက သာဓက တစ်ခုအဖြစ် သမိုင်းမော်ကွန်းစိုက်ထူနေတယ်လို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း က ပြောပါတယ်။

Soundbite – ဦးဝင်းသိန်း(ပဲခူးတိုင်းဝန်ကြီးချုပ်)

၂၀၁၅ ခုနှစ်က ကျောင်းသားသပိတ်စစ်ကြောင်း ပေါင်းတည်မြို့ကို ရောက်ခဲ့တုန်းက ငြိမ်းချမ်းရွှေတည် ပြည်သူ့ပန်းခြံထဲမှာ ရုပ်ထုထုလုပ်ဖို့ မြို့ဒေသခံတွေက စတင်ပန္နက်ချပြီး ၃နှစ်ကြာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်ကို အင်္ဂတေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ၁၅ပေမြင့်ကာ အနုပညာတက္ကသိုလ်က ပန်ပုအငြိမ်းစား ပါမောက္ခဒေါက်တာမြင့်စံက ထုလုပ်ခဲ့တာဖြစ်ပါတယ်။

Soundbite – ကိုချစ်ကို(ပြည်သူ့အကျိုးဆောင်ကွန်ယက်)

ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဖေဖဝါရီလ ၆ရက်နေ့ကစတင်ပြီး စာပေဟောပြောပွဲတွေ စာအုပ်ဈေးရောင်းပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကို ဖေဖဝါရီလ ၁၅ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)