ကျောက်မျက်အသင်း ကြေညာချက် ကျောက်လုပ်ငန်း သမားတွေ ကန့်ကွက် (ရုပ်/သံ)
0
936
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရဲ အသိပေးကြေညာချက်တွေကို ကျောက်လုပ်ငန်းရှင်တွေက ကန့်ကွက်ခဲ့ကြပါတယ် ။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးကပေးပို့ထားပါတယ်။
မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ် နဲ့ ပဉ္စမ အကြိမ် ရွေးကောက်ပွဲကော်မရှင်ကနေ ထုတ်ပြန်လိုက်တဲ့ အသိပေးကြေညာချက်အပေါ် ကျောက်သမားတွေအနေနဲ့ ကန့်ကွက်နေကြတာဖြစ်ပါတယ်။
အဲ့ဒီ အသိပေးကြေငြာချက်မှာထုတ်ပြန်လိုက်တဲ့ အချက်တွေဟာ ကျောက်မျက်လုပ်ငန်းရှင်များအသင်းရဲ့ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတွေနဲ့ လွဲချော်နေတယ်ဆိုပြီး ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲကို မန္တလေးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
Soundbite – ဦးသန်းဝင်း ဥက္ကဌ မဟာအောင်မြေမြို့နယ် ကျောက်ရောင်းဝယ်ရေးစခန်း အကျိုးတော်ဆောင် အဖွဲ့
အဲ့ဒီထုတ်ပြန်ချက်အရ ကျောက်မျက် အသင်းချုပ်ရဲ့ ရွေးကောက်ပွဲ ဝင်မယ့်သူတွေအနေနဲ့ ကုမ္ပဏီရှိရမှာဖြစ်ပြီး အနည်းဆုံး သက်တမ်းနှစ်နှစ် ရှိရမှာဖြစ်ပါတယ်။
လက်ရှိကျောက်မျက်လောကအနေနဲ့ လူတစ်စုရဲ့ ချုပ်ကိုင်မှုကို ခံနေရတဲ့အတွက် နိုင်ငံတော်အနေနဲ့ နစ်နာတာတွေရှိသလို ကျောက်မျက် လောကသားတွေအနေနဲ့လည်း အခက်အခဲတွေကြုံနေရတယ်လို့ ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးအောင်ဝင်းဦးကပြောပါတယ်။
Soundbite – ဦးအောင်ဝင်းဦး ကျောက်မျကိ လုပ်ငန်းရှင်
မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းအနေနဲ့ အမှုဆောင်အဖွဲ့နဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ တို့ကို ပြန်လည်ရွေးချယ်ဖို့ စည်းမျဉ်းတွေ ထပ်မံထုတ်ပြန်ရာမှာ ကန့်ကွက်သူတွေရှိနေတာလည်းဖြစ်ပါတယ် ။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)