သက္ငယ္မုဒိမ္းမွဳ ကင္းစင္ေရး လူပ္ရွားမႈ ျမိတ္တြင္ျပဳလုပ္ (႐ုပ္/သံ)

0
277

ျမန္မာႏိုင္ငံကေလးမ်ားေန႔မွာ သက္ငယ္မုဒိန္းမႈ ပေပ်ာက္ဖို႔နဲ႔ ကေလးငယ္ေတြအေပၚ ႐ုပ္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ ကင္းစင္ေရး လႈပ္ရွားမႈေတြကို ၿမိတ္ၿမိဳ႕မွာ ျပဳလုပ္ခဲ့ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေမာင္ထက္က ေပးပို႔ထားပါတယ္။

ေဖေဖာ္၀ါရီလ ၁၃ ရက္ေန႔မွာက်ေရာက္တဲ့ ဗုိလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ေမြးေန႔၊ ျမန္မာႏိုင္ငံ ကေလးမ်ားေန႔ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ကေလးငယ္ေတြအေပၚ ရုပ္ပိုင္းဆိုင္ရာ အၾကမ္းဖက္မွဳ၊ သက္ငယ္မုဒိမ္းမွဳ ကင္းစင္ေရးႏွင္႔ လိင္ပိုင္းဆိုင္ရာ မုဒိမ္းမွဳ က်ဴးလြန္သူေတြကို ျပစ္ဒဏ္ႀကီးႀကီးမားမားခ်မွတ္ဖို႔ ၿမိတ္ၿမိဳ႕က လူစည္ကားတဲ့ေနရာေတြမွာ လႈပ္ရွားမႈေတြ လုပ္ေဆာင္ေနတာပါ။

Soundbite – ေဒၚမိမိေထြး (ေဒသဖြံ႕ၿဖိဳးေရး တာ၀န္ခံ) Myeik World Vision

‘’’ ကြ်မတို႔က အႀကိဳလွဳပ္ရွားမွဳ အေနနဲ႕ ကေလးသူငယ္ေတြရဲ႕ ရုပ္ပိုင္းဆိုင္ရာ စိတ္ပိုင္းဆိုင္ရာ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္္မွဳေတြနဲ႕ ပတ္သက္ၿပီးေတာ႔ ျပည္သူေတြကို အသိပညာေပးဖို႔ ရပ္တန္႕က ရပ္ဖို႔ကို ဒီမွာ ကားေတြနဲ႕ ေဖ်ာ္ေျဖေရး ယာဥ္ေတြနဲ႕ ၿမိဳ႕ေပၚမွာ လွည္႔လည္ၿပီးေတာ႔ လုပ္ေဆာင္ေနျခင္း ျဖစ္တယ္’’’ လို႔ ၿမိတ္ခရိုင္ လူမွဳ၀န္ထမ္း၊ ကယ္ဆယ္ေရးႏွင္႔ ျပန္လည္ေနရာခ်ထားေရး ဦးစီးဌာနမွ ေဒၚေမာ္ေမာ္လြင္က ေျပာဆိုပါတယ္။

ၿမိတ္ခရိုင္ လူမွဳ၀န္ထမ္း၊ ကယ္ဆယ္ေရးႏွင္႔ ျပန္လည္ေနရာခ်ထားေရး ဦးစီးဌာနႏွင္႔ ၿမိတ္ၿမိဳ႕နယ္ World Vision ရံုးမွ ၀န္ထမ္းေတြ ပူးေပါင္းၿပီး ဒီလွဳပ္ရွားမွဳကိုအလွျပယာဥ္ေတြနဲ႔ လက္ကမ္းစာေစာင္ ေ၀ငွတာေတြ လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

Soundbite – ေဒၚေမာ္ေမာ္လြင္ (လူမႈ၀န္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဦးစီးဌာန၊ ၿမိတ္ခ႐ိုင္)

‘’’ ဒီပြဲေလးကို လုပ္ရတဲ႔ ရည္ရြယ္ခ်က္ကေတာ႔ အခုဆိုရင္ သက္ငယ္မုဒိမ္းမွဳေတြ ပိုၿပီးျဖစ္ေနတာ ေတြ႕ရပါတယ္၊ အၾကမ္းဖက္မွဳေတြ ျဖစ္လာတဲ႔ အခါမွာ နည္းမ်ိဳးစံုနဲ႕ လိင္ပိုင္းဆိုင္ရာ ရုပ္ပိုင္းဆိုေတြ ျဖစ္ေနတဲ႔အတြက္ ရပ္္တန္႔ႏိုင္ဖို႔ သက္ဆိုင္ရာ အဖြဲ႕စည္းေတြနဲ႕ ခ်ိတ္ဆက္ၿပီးေတာ႔ လူထုအသိပညာေပး လွဳပ္ရွားမွဳေတြကို ျပဳလုပ္ေနတာ ျဖစ္တယ္’’’’ လို႔ Myeik World Vision ေဒသဖြံ႕ၿဖိဳးေရး တာ၀န္ခံ ေဒၚမိမိေထြးက ရွင္းျပ ပါတယ္။

တို႔တေတြအားလုံး ပါ၀င္လို႔ ကေလးမ်ားအေပၚ ႐ုပ္ပိုင္းဆိုင္ရာ အႀကမ္းဖက္မႈ ရပ္တန္႔စို႔ ဆိုတဲ့ ေဆာင္ပုဒ္နဲ႔ တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ၿမိဳ႕မွာ ေဖေဖာ္၀ါရီလ ၁၁ ရက္ေန႔ကေန ၁၃ ရက္ေန႔အထိ ၃ ရက္ၾကာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံကလေးများနေ့မှာ သက်ငယ်မုဒိန်းမှု ပပျောက်ဖို့နဲ့ ကလေးငယ်တွေအပေါ် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကင်းစင်ရေး လှုပ်ရှားမှုတွေကို မြိတ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မောင်ထက်က ပေးပို့ထားပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့၊ မြန်မာနိုင်ငံ ကလေးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကလေးငယ်တွေအပေါ် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု ကင်းစင်ရေးနှင့် လိင်ပိုင်းဆိုင်ရာ မုဒိမ်းမှု ကျူးလွန်သူတွေကို ပြစ်ဒဏ်ကြီးကြီးမားမားချမှတ်ဖို့ မြိတ်မြို့က လူစည်ကားတဲ့နေရာတွေမှာ လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာပါ။

Soundbite – ဒေါ်မိမိထွေး (ဒေသဖွံ့ဖြိုးရေး တာဝန်ခံ) Myeik World Vision

‘’’ ကျွမတို့က အကြိုလှုပ်ရှားမှု အနေနဲ့ ကလေးသူငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေကို အသိပညာပေးဖို့ ရပ်တန့်က ရပ်ဖို့ကို ဒီမှာ ကားတွေနဲ့ ဖျော်ဖြေရေး ယာဉ်တွေနဲ့ မြို့ပေါ်မှာ လှည့်လည်ပြီးတော့ လုပ်ဆောင်နေခြင်း ဖြစ်တယ်’’’ လို့ မြိတ်ခရိုင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ဒေါ်မော်မော်လွင်က ပြောဆိုပါတယ်။

မြိတ်ခရိုင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနနှင့် မြိတ်မြို့နယ် World Vision ရုံးမှ ဝန်ထမ်းတွေ ပူးပေါင်းပြီး ဒီလှုပ်ရှားမှုကိုအလှပြယာဉ်တွေနဲ့ လက်ကမ်းစာစောင် ဝေငှတာတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Soundbite – ဒေါ်မော်မော်လွင် (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ မြိတ်ခရိုင်)

‘’’ ဒီပွဲလေးကို လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အခုဆိုရင် သက်ငယ်မုဒိမ်းမှုတွေ ပိုပြီးဖြစ်နေတာ တွေ့ရပါတယ်၊ အကြမ်းဖက်မှုတွေ ဖြစ်လာတဲ့ အခါမှာ နည်းမျိုးစုံနဲ့ လိင်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုတွေ ဖြစ်နေတဲ့အတွက် ရပ်တန့်နိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့စည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ လူထုအသိပညာပေး လှုပ်ရှားမှုတွေကို ပြုလုပ်နေတာ ဖြစ်တယ်’’’’ လို့ Myeik World Vision ဒေသဖွံ့ဖြိုးရေး တာဝန်ခံ ဒေါ်မိမိထွေးက ရှင်းပြ ပါတယ်။

တို့တတွေအားလုံး ပါဝင်လို့ ကလေးများအပေါ် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရပ်တန့်စို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)