လူႏွစ္ဦးေသဆုံးခဲ့တဲ့ ယာဥ္တုိက္မႈအေၾကာင္း ကားပုိင္ရွင္ သတင္းစာရွင္းလင္း (႐ုပ္/သံ)

0
1110

မႏၲေလးၿမိဳ႕မွာ လူႏွစ္ဦးေသဆံုးခဲ႔တဲ႔ ယာဥ္တိုက္မႈအေၾကာင္းကို ကားပိုင္ရွင္ေတြက သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ပါတယ္။ ဒီသတင္းကို MCN မႏၲေလးသတင္းေထာက္ ဥာဏ္လင္းထူးက ေပးပို႔ထားပါတယ္။

မႏၲေလးၿမိဳ႕ ၇၈ လမ္းနဲ႔ ၂၆ လမ္းေထာင့္မွာ ႏိုဝင္ဘာလ ၈ ရက္ေန႔က ျဖစ္ပြားခဲ႔တဲ႔ ယာဥ္တိုက္မႈမွာ လူႏွစ္ဦး ေသဆံုးခဲ႔ရတဲ႔အေပၚ လူမႈကြန္ယက္ေတြမွာ ေကာလဟာလေတြ ထြက္ေပၚေနတာေၾကာင့္ ယာဥ္ပိုင္ရွင္ေတြက သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ႔ပါတယ္။

အဲ႔ဒီကားကို သ႐ုပ္ေဆာင္ ျမင့္ျမတ္ရဲ႕ ႐ုိက္ကြင္းအတြက္ ငွားရမ္းခဲ႔တာျဖစ္ၿပီး ယာဥ္ေမာင္းသူမွာ တျခားသူ တစ္ဦးျဖစ္ေပမယ့္ ယာဥ္ပိုင္ရွင္အေနနဲ႔ လူစားထိုးတယ္ဆိုၿပီး သတင္းေတြျပန္႔ႏွံ႔ေနတာပါ။

အင္တာဗ်ဴး ကိုႏိုင္ၿဖိဳးေအာင္
ယာဥ္ပိုင္ရွင္

ယာဥ္ပိုင္ရွင္အေနနဲ႔ သူရဲ႕ေနအိမ္မွာ ရွိေနတယ္ဆိုတဲ့ သက္ေသခံ cctv ေတြ အပါအဝင္တျခား သက္ေသေတြရွိေပမယ့္ လံုျခံဳေရး စိုးရိမ္ရတဲ႔အေနအထားကို စိုးရိမ္ေနရတာ ျဖစ္ပါတယ္။

အခု ယာဥ္တိုက္မႈနဲ႔ပက္သတ္ၿပီး cctv တခ်ဳိ႔ ထြက္ေပၚလာခဲ႔ေပမယ့္ အျပည့္အစံုမပါရွိတဲ႔အတြက္ သံသယေတြ ပိုမိုရွိေနၾကတာလည္း ျဖစ္ပါတယ္။

အင္တာဗ်ဴး ႏိုင္ၿဖိဳးေအာင္
ယာဥ္ပိုင္ရွင္

အခုယာဥ္တိုက္မႈနဲ႔ပတ္သက္ၿပီး ေသဆံုးသူ မိသားစုအသိုင္းအဝိုင္းနဲ႔ ယာဥ္ပိုင္ရွင္ေတြၾကားမွာ အျငင္းပြားမႈေတြလည္း ျဖစ္ေပၚခဲ႔ၿပီး သက္ဆိုင္အေနနဲ႔ေတာ့ မွတ္တမ္းဗီြဒီယိုေတြ တရားဝင္ ထုတ္ျပန္ျခင္း မရွိေသးတာလည္းျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူနှစ်ဦးသေဆုံးခဲ့တဲ့ ယာဉ်တိုက်မှုအကြောင်း ကားပိုင်ရှင် သတင်းစာရှင်းလင်း

မန္တလေးမြို့မှာ လူနှစ်ဦးသေဆုံးခဲ့တဲ့ ယာဉ်တိုက်မှုအကြောင်းကို ကားပိုင်ရှင်တွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးက ပေးပို့ထားပါတယ်။

မန္တလေးမြို့ ၇၈ လမ်းနဲ့ ၂၆ လမ်းထောင့်မှာ နိုဝင်ဘာလ ၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုမှာ လူနှစ်ဦး သေဆုံးခဲ့ရတဲ့အပေါ် လူမှုကွန်ယက်တွေမှာ ကောလဟာလတွေ ထွက်ပေါ်နေတာကြောင့် ယာဉ်ပိုင်ရှင်တွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီကားကို သရုပ်ဆောင် မြင့်မြတ်ရဲ့ ရိုက်ကွင်းအတွက် ငှားရမ်းခဲ့တာဖြစ်ပြီး ယာဉ်မောင်းသူမှာ တခြားသူ တစ်ဦးဖြစ်ပေမယ့် ယာဉ်ပိုင်ရှင်အနေနဲ့ လူစားထိုးတယ်ဆိုပြီး သတင်းတွေပြန့်နှံ့နေတာပါ။

အင်တာဗျူး ကိုနိုင်ဖြိုးအောင်
ယာဉ်ပိုင်ရှင်

ယာဉ်ပိုင်ရှင်အနေနဲ့ သူရဲ့နေအိမ်မှာ ရှိနေတယ်ဆိုတဲ့ သက်သေခံ cctv တွေ အပါအဝင်တခြား သက်သေတွေရှိပေမယ့် လုံခြုံရေး စိုးရိမ်ရတဲ့အနေအထားကို စိုးရိမ်နေရတာ ဖြစ်ပါတယ်။

အခု ယာဉ်တိုက်မှုနဲ့ပက်သတ်ပြီး cctv တချို့ ထွက်ပေါ်လာခဲ့ပေမယ့် အပြည့်အစုံမပါရှိတဲ့အတွက် သံသယတွေ ပိုမိုရှိနေကြတာလည်း ဖြစ်ပါတယ်။

အင်တာဗျူး နိုင်ဖြိုးအောင်
ယာဉ်ပိုင်ရှင်

အခုယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး သေဆုံးသူ မိသားစုအသိုင်းအဝိုင်းနဲ့ ယာဉ်ပိုင်ရှင်တွေကြားမှာ အငြင်းပွားမှုတွေလည်း ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်အနေနဲ့တော့ မှတ်တမ်းဗွီဒီယိုတွေ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးတာလည်းဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)