ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းက ဘဂၤါလီေတြကို ၿမိဳ႕နယ္သုံးခုအတြင္း ေနရာ ၂၄ ခု ခ်ထားေပးမယ္ (႐ုပ္/သံ)

0
1110

ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းက ဘဂၤါလီေတြကို ၿမိဳ႕နယ္သံုးခုအတြင္း ေနရာေပါင္း ၂၄ ခုမွာ ေနရာခ်ထားေပးသြားမွာ ျဖစ္ပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္မ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

တစ္ဖက္ႏုိင္ငံကို ေရာက္ရွိေနတဲ့ ဘဂၤါလီေတြထဲက လူဦးေရ ၂၂၀၀ ဟာ ပထမအသုတ္အေနနဲ႔ အခုလ ၁၅ ရက္ေန႔ကေန စတင္ၿပီး ျပန္လည္လက္ခံသြားမွာျဖစ္သလို တစ္ရက္ကို ၁၅၀ ဦး လက္ခံေပးသြားမွာ ျဖစ္ပါတယ္။

အဲဒီ ဘဂၤါလီေတြကို ေနရာထားေပးဖုိ႔အတြက္ ေမာင္ေတာၿမိဳ႕နယ္အတြင္းမွာ ၾကားစခန္းတစ္ခုနဲ႔ ျပန္လည္လက္ခံေရး စခန္းႏွစ္ခုကို တည္ေဆာက္ထားၿပီးျဖစ္သလို ျပန္လည္လက္ခံေရးနဲ႔ ပတ္သက္လို႔ ေဆာင္ရြက္ထားရွိမႈေတြကို ႏုိဝင္ဘာ ၁၀ ရက္ေန႔က UEHRD ညႊန္ၾကားေရးမွဴး ေဒါက္တာ ဝင္းျမတ္ေအးနဲ႔ ဌာနဆိုင္ရာေတြေတြ႔ဆံုၿပီး လုပ္ငန္းညွိႏိႈင္းအစည္းအေဝးကို ရခိုင္ျပည္နယ္အစိုးရအဖြဲ႔႐ုံးမွာ ျပဳလုပ္ခဲ့တာပါ။

Sound bite – ေဒါက္တာဝင္းျမတ္ေအး (ညႊန္ၾကားေရးမွဴး)
ရခိုင္ျပည္နယ္အတြင္း လူသားခ်င္းစာနာမႈ အကူအညီအေထာက္အပံ့ေပးေရး၊ ျပန္လည္ေနရာခ်ထားေရး၊ ဖြံ႕ၿဖိဳးေရးစီမံကိန္း (UEHRD)

ျပန္လည္ဝင္ေရာက္လာတဲ့ ဘဂၤါလီေတြကို ေမာင္ေတာၿမိဳ႕နယ္အတြင္း ေနရာခ်ထားေပးၿပီးမွ ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ေတြမွာ ခ်ထားေပးသြားမွာျဖစ္ပါတယ္။ ႏုိဝင္ဘာလ ၁၅ ရက္ေန႔ကေန ၂၉ ရက္ေန႔အထိ ၁၅ ရက္တာကာလအတြင္း ေနရာခ်ထားေပးမယ့္ေနရာေတြဆီ ပို႔ေဆာင္ေပးသြားမွာျဖစ္ပါတယ္။

ဒါ့အျပင္ ေမာင္ေတာၿမိိဳ႕နယ္အတြင္းက မူလေနထိုင္ခဲ့ၾကတဲ့ ေက်းရြာသံုးရြာအပါအဝင္ ေမာင္ေတာေျမာက္ပုိင္းမွာ စုရပ္ ၁၁ ေနရာနဲ႔ ေတာင္ပိုင္းမွာ စုရပ္တစ္ေနရာ၊ ဘူးသီးေတာင္ၿမိဳ႕နယ္မွာ ၈ ေနရာနဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္မွာ ၁ ေနရာ ခ်ထားေပးသြားမွာ ျဖစ္ပါတယ္။

Sound bite – ဦးေက်ာ္စြာထြန္း (ညႊန္ၾကားေရးမွဴး)
ရခုိင္ျပည္နယ္အစိုးရအဖြဲ႔

ဒါ့အျပင္ ငါးခူရျပန္လည္လက္ခံေရးစခန္း၊ ေတာင္ၿပိဳလက္ဝဲျပန္လည္လက္ခံေရးစခန္းနဲ႔ လွဖုိးေခါင္းၾကား စခန္းေတြမွာ လုပ္ေဆာင္ဖုိ႔လိုအပ္ေနတဲ့ လိုအပ္ခ်က္ေတြကို ၁၅ ရက္ေန႔မတိုင္မီ အေသးစိတ္ ေဆာင္ရြက္ထားရွိဖုိ႔ တာဝန္ရွိသူေတြကို ညႊၾကားထားၿပီးျဖစ္္တယ္လို႔ လံုၿခံဳေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီးက ေျပာပါတယ္။

Sound bite – ဗုိလ္မွဴးႀကီး ဖုန္းတင့္ (လံုၿခံဳေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး)
ရခိုင္ျပည္နယ္အစိုးရအဖြဲ႔

အစိုးရအေနနဲ႔ တစ္ဖက္ႏုိင္ငံကိုေရာက္ရွိေနတဲ့ ေမာင္ေတာ၊ ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ေဒသေတြမွာ ေနထိုင္ခဲ့ၾကသူေတြကို ျပန္လည္လက္ခံဖုိ႔ ႏွစ္ႏုိင္ငံသေဘာတူညီခ်က္အရ ျပင္ဆင္ေနတာျဖစ္ၿပီး ျပန္လည္ လက္ခံတဲ့အခါမွာလည္း သတ္မွတ္ထားတဲ့ စည္းမွ်ည္းစည္းကမ္းေတြနဲ႔အညီ လက္ခံသြားမွာ ျဖစ္တယ္လို႔ ေဒါက္တာဝင္းျမတ္ေအးက ေျပာၾကားခဲ့ပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ဘင်္ဂါလီတွေကို မြို့နယ်သုံးခုအတွင်း နေရာ ၂၄ ခု ချထားပေးမယ်

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ဘင်္ဂါလီတွေကို မြို့နယ်သုံးခုအတွင်း နေရာပေါင်း ၂၄ ခုမှာ နေရာချထားပေးသွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်မျိုးနွယ်က ပေးပို့ထားပါတယ်။

တစ်ဖက်နိုင်ငံကို ရောက်ရှိနေတဲ့ ဘင်္ဂါလီတွေထဲက လူဦးရေ ၂၂၀ဝ ဟာ ပထမအသုတ်အနေနဲ့ အခုလ ၁၅ ရက်နေ့ကနေ စတင်ပြီး ပြန်လည်လက်ခံသွားမှာဖြစ်သလို တစ်ရက်ကို ၁၅၀ ဦး လက်ခံပေးသွားမှာ ဖြစ်ပါတယ်။

အဲဒီ ဘင်္ဂါလီတွေကို နေရာထားပေးဖို့အတွက် မောင်တောမြို့နယ်အတွင်းမှာ ကြားစခန်းတစ်ခုနဲ့ ပြန်လည်လက်ခံရေး စခန်းနှစ်ခုကို တည်ဆောက်ထားပြီးဖြစ်သလို ပြန်လည်လက်ခံရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်ထားရှိမှုတွေကို နိုဝင်ဘာ ၁၀ ရက်နေ့က UEHRD ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းမြတ်အေးနဲ့ ဌာနဆိုင်ရာတွေတွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့တာပါ။

Sound bite – ဒေါက်တာဝင်းမြတ်အေး (ညွှန်ကြားရေးမှူး)
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)

ပြန်လည်ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေကို မောင်တောမြို့နယ်အတွင်း နေရာချထားပေးပြီးမှ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ချထားပေးသွားမှာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ၁၅ ရက်တာကာလအတွင်း နေရာချထားပေးမယ့်နေရာတွေဆီ ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ်အတွင်းက မူလနေထိုင်ခဲ့ကြတဲ့ ကျေးရွာသုံးရွာအပါအဝင် မောင်တောမြောက်ပိုင်းမှာ စုရပ် ၁၁ နေရာနဲ့ တောင်ပိုင်းမှာ စုရပ်တစ်နေရာ၊ ဘူးသီးတောင်မြို့နယ်မှာ ၈ နေရာနဲ့ ရသေ့တောင်မြို့နယ်မှာ ၁ နေရာ ချထားပေးသွားမှာ ဖြစ်ပါတယ်။

Sound bite – ဦးကျော်စွာထွန်း (ညွှန်ကြားရေးမှူး)
ရခိုင်ပြည်နယ်အစိုးရအဖွဲ့

ဒါ့အပြင် ငါးခူရပြန်လည်လက်ခံရေးစခန်း၊ တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းနဲ့ လှဖိုးခေါင်းကြား စခန်းတွေမှာ လုပ်ဆောင်ဖို့လိုအပ်နေတဲ့ လိုအပ်ချက်တွေကို ၁၅ ရက်နေ့မတိုင်မီ အသေးစိတ် ဆောင်ရွက်ထားရှိဖို့ တာဝန်ရှိသူတွေကို ညွှကြားထားပြီးဖြစ်တယ်လို့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ပြောပါတယ်။

Sound bite – ဗိုလ်မှူးကြီး ဖုန်းတင့် (လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး)
ရခိုင်ပြည်နယ်အစိုးရအဖွဲ့

အစိုးရအနေနဲ့ တစ်ဖက်နိုင်ငံကိုရောက်ရှိနေတဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်ဒေသတွေမှာ နေထိုင်ခဲ့ကြသူတွေကို ပြန်လည်လက်ခံဖို့ နှစ်နိုင်ငံသဘောတူညီချက်အရ ပြင်ဆင်နေတာဖြစ်ပြီး ပြန်လည် လက်ခံတဲ့အခါမှာလည်း သတ်မှတ်ထားတဲ့ စည်းမျှည်းစည်းကမ်းတွေနဲ့အညီ လက်ခံသွားမှာ ဖြစ်တယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)