မီကုိေကာ္ဖီမစ္စက္႐ုံ အလုပ္သမားေတြကုိ အလုပ္ထုတ္ခံရမႈ မေက်နပ္မႈေတြရွိေန (႐ုပ္/သံ)

0
806

မီကိုေကာ္ဖီမစ္စက္႐ုံက ဆႏၵျပလုပ္သားေတြကို ထုတ္ပယ္တဲ့အေပၚ အလုပ္သမားေတြက မေက်နပ္မႈေတြ ရွိေနပါတယ္။ ဒီသတင္းကို MCN မႏၲေလးသတင္းေထာက္ ဥာဏ္လင္းထူးက ေပးပို႔ထားပါတယ္။

မႏၲေလးၿမိဳ႕ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ထဲက မီကိုေကာ္ဖီမစ္စက္႐ုံမွာ အလုပ္သမားအခြင့္အေရးေတြ ေတာင္းဆိုခ႔ဲတဲ႔ အလုပ္သမား သံုးဆယ္ေက်ာ္ကို ထုတ္ပယ္လိုက္တဲ႔အေပၚမွာ ထုတ္ပယ္ခံခဲ႔ရတဲ့ အလုပ္သမားေတြက မေက်နပ္မႈေတြရွိေနတာ ျဖစ္ပါတယ္။

အခုလို ထုတ္ပယ္တဲ႔လိုက္တဲ႔အေပၚမွာ အလုပ္သမားေတြအေနနဲ႔ တိုင္းေဒသႀကီး အစိုးရ႐ုံးေရွ႕ သြားေရာက္ အကူအညီ ေတာင္းခံေနတာ ျဖစ္ပါတယ္။

အင္တာဗ်ဴး မႏွင္းေထြး
(မီကိုေကာ္ဖီမစ္စက္႐ုံက အလုပ္ထုတ္ပယ္ခံထားရသူ)

အလုပ္သမားအခြင့္အေရးေတြ ေတာင္းဆိုလိုက္တဲ႔အေပၚ ႏွစ္ဘက္ညွိႏိႈင္းေျဖရွင္းၿပီးေနာက္ အခုလို ထုတ္ပယ္လိုက္တာ ျဖစ္ပါတယ္။

အခုလိုထုတ္ပယ္လိုက္တဲ႔အတြက္ အလုပ္ထုတ္နစ္နာေၾကးေတြ ရရွိမွာ ျဖစ္ေပမယ့္ အလုပ္သမားေတြအေနနဲ႔ သူတို႔ ႏွစ္ရွည္လုပ္ခဲ႔တဲ႔ အလုပ္ကိုပဲ ျပန္လည္လိုခ်င္ေနၾကတာ ျဖစ္ပါတယ္။

အင္တာဗ်ဴး မေဌးမာ (အလုပ္ထုတ္ပယ္ခံခဲ႔ရသူ)

တိုင္းေဒသႀကီး ႐ုံးေရွ႕မွာ သြားေရာက္ အကူအညီေတာင္းခံခဲ့ေပမယ့္ ေတြ႕ရွိခြင့္မရရွိခဲ့ဘဲ အလုပ္သမား ညွိႏိႈင္းျဖန္ေျဖေရး႐ုံးကိုပဲ ျပန္လည္လႊဲေျပာင္းေပးခဲ႔တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မီကိုကော်ဖီမစ်စက်ရုံ အလုပ်သမားတွေကို အလုပ်ထုတ်ခံရမှု မကျေနပ်မှုတွေရှိနေ

မီကိုကော်ဖီမစ်စက်ရုံက ဆန္ဒပြလုပ်သားတွေကို ထုတ်ပယ်တဲ့အပေါ် အလုပ်သမားတွေက မကျေနပ်မှုတွေ ရှိနေပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးက ပေးပို့ထားပါတယ်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ထဲက မီကိုကော်ဖီမစ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးတွေ တောင်းဆိုခဲ့တဲ့ အလုပ်သမား သုံးဆယ်ကျော်ကို ထုတ်ပယ်လိုက်တဲ့အပေါ်မှာ ထုတ်ပယ်ခံခဲ့ရတဲ့ အလုပ်သမားတွေက မကျေနပ်မှုတွေရှိနေတာ ဖြစ်ပါတယ်။
အခုလို ထုတ်ပယ်တဲ့လိုက်တဲ့အပေါ်မှာ အလုပ်သမားတွေအနေနဲ့ တိုင်းဒေသကြီး အစိုးရရုံးရှေ့ သွားရောက် အကူအညီ တောင်းခံနေတာ ဖြစ်ပါတယ်။

အင်တာဗျူး မနှင်းထွေး
မီကို ကော်ဖီမစ် စက်ရုံက အလုပ်ထုတ်ပယ်ခံထားရသူ

အလုပ်သမားအခွင့်အရေးတွေ တောင်းဆိုလိုက်တဲ့အပေါ် နှစ်ဘက်ညှိနှိုင်းဖြေရှင်းပြီးနောက် အခုလို ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

အခုလိုထုတ်ပယ်လိုက်တဲ့အတွက် အလုပ်ထုတ်နစ်နာကြေးတွေ ရရှိမှာ ဖြစ်ပေမယ့် အလုပ်သမားတွေအနေနဲ့ သူတို့ နှစ်ရှည်လုပ်ခဲ့တဲ့ အလုပ်ကိုပဲ ပြန်လည်လိုချင်နေကြတာ ဖြစ်ပါတယ်။

အင်တာဗျူး မဌေးမာ အလုပ်ထုတ်ပယ်ခံခဲ့ရသူ

တိုင်းဒေသကြီး ရုံးရှေ့မှာ သွားရောက် အကူအညီတောင်းခံခဲ့ပေမယ့် တွေ့ရှိခွင့်မရရှိခဲ့ဘဲ အလုပ်သမား ညှိနှိုင်းဖြန်ဖြေရေးရုံးကိုပဲ ပြန်လည်လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)