ရခိုင္ျပည္နယ္ ဖြံ႔ၿဖိဳးဖုိ႔အတြက္ တရားဥပေဒစိုးမိုးမႈ ရွိဖို႔ လိုအပ္တယ္လို႔ ဒုသမၼတေျပာ (႐ုပ္/သံ)

0
1083

ရခုိင္ျပည္နယ္ ဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းဖုိ႔နဲ႔ တရားဥပေဒစိုးမိုးမႈရွိဖို႔ လိုအပ္တယ္လို႔ ႏုိင္ငံေတာ္ဒုတိယသမၼတ ဦးဟင္နရီဘန္ထီးယူက ေျပာၾကားခဲ့ပါတယ္။

ရခိုင္ျပည္နယ္ဟာ ဖြံ႕ၿဖိဳးမႈအားနည္းတဲ့ ျပည္နယ္တစ္ခုျဖစ္တာေၾကာင့္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြအတြက္ အသံုးစရိတ္ေတြကို အမ်ားဆံုး ခ်ထားေပးၿပီး ဖြ႔ံၿဖိဳးတိုးတက္ေရးအတြက္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းဖုိ႔နဲ႔ တရားဥပေဒစိုးမိုးမႈေတြရွိဖို႔ လိုအပ္တယ္လို႔ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူက ေျပာၾကားခဲ့့ပါတယ္။

ႏုိင္ငံေတာ္ဒုတိယသမၼတ ဦးဟင္နရီဘန္ထီးယူနဲ႔အဖြဲ႔ဟာ ေအာက္တုိဘာလ ၁၁ ရက္ေန႔ ညေနပိုင္းက စစ္ေတြၿမိဳ႕ကို ေရာက္ရွိလာခဲ့ၿပီး ဒီကေန႔ မနက္ပိုင္းက ရခိုင္ျပည္နယ္အစိုးရအဖြဲ႕နဲ႔ ေတြ႔ဆံုေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၾကတာပါ။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

Sound bite – ဦးဟင္နရီဘန္ထီးယူ (ႏုိင္ငံေတာ္ဒုတိယသမၼတ)

ရခိုင္ျပည္နယ္၀န္ႀကီးခ်ဳပ္ ဦးညီပုက ရခုိင္ျပည္နယ္ဟာ NLD အစိုးရတာဝန္မယူခင္ကာလက တည္ၿငိမ္မႈ အားနည္းေနခဲ့ၿပီး အၾကမ္းဖက္မႈျဖစ္စဥ္ေတြေၾကာင့္ အစိုးရအေနနဲ႔ ခက္ခက္ခဲခဲေဆာင္ရြက္ခဲ့ရေပမယ့္ ေဒသတည္ၿငိမ္ေအးခ်မ္းမႈနဲ႔ တရားဥပေဒစိုးမိုးမႈေတြ ရရွိေနၿပီလို႔ ေျပာပါတယ္။

Sound bite – ဦးညီပု (ဝန္ႀကီးခ်ဳပ္)
ရခိုင္ျပည္နယ္အစိုးရအဖြဲ႔

ဒါ့အျပင္ အၾကမ္းဖက္မႈေတြျဖစ္ပြားခဲ့တဲ့ ေမာင္ေတာနဲ႔ ဘူးသီးေတာင္ၿမိဳ႕နယ္ေတြမွာ တစ္ဖက္ႏုိင္ငံကို ေရာက္ရွိေနတဲ့ ဘဂၤါလီေတြ ျပန္လည္ထူေထာင္ေရးအတြက္ ႏုိင္ငံတကာအဖြဲ႕အစည္းေတြျဖစ္တဲ့ UNDP၊ UNHCR တို႔နဲ႔ ပူးေပါင္းၿပီး စာရင္းေကာက္ယူမႈေတြ ျပဳလုပ္ေနတယ္လို႔ လံုၿခံဳေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီးက ေျပာၾကားခဲ့ပါတယ္။

Sound bite – ဗိုလ္မွဴးႀကီး ဖုန္းတင့္ (လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးဌာန)
ရခုိင္ျပည္နယ္အစိုးရအဖြဲ႔

ဒါ့အျပင္ ေမာင္ေတာေဒသ ဘဂၤလားေဒ့ရွ္ ျမန္မာနယ္စပ္ မိုင္တုိင္အမွတ္ ၉၄ နဲ႔ ၉၅ နယ္စပ္မ်ည္းေပၚမွာ ေနထုိင္ၾကတဲ့ ဘဂၤါလီေတြကို တစ္ဖက္ႏိုင္ငံမွာရွိေနတဲ့ ႏုိင္ငံတကာအဖြဲ႔အစည္းေတြက ေထာက္ပ့့ံကူညီေပးမႈေတြ ေဆာင္ရြက္ေနရတာေၾကာင့္ ရခိုင္ျပည္နယ္အတြင္းက ICRC အဖြဲ႔က ေထာက္ပ့ံကူညီေပးမႈေတြ ျပဳလုပ္သြားေတာ့မွာျဖစ္တယ္လို႔ လံုၿခံဳေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီးက ေျပာၾကားခဲ့ပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ် ဖွံ့ဖြိုးဖို့အတွက် တရားဥပဒေစိုးမိုးမှု ရှိဖို့ လိုအပ်တယ်လို့ ဒုသမ္မတပြော

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းဖို့နဲ့ တရားဥပဒေစိုးမိုးမှုရှိဖို့ လိုအပ်တယ်လို့ နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဘန်ထီးယူက ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဟာ ဖွံ့ဖြိုးမှုအားနည်းတဲ့ ပြည်နယ်တစ်ခုဖြစ်တာကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အသုံးစရိတ်တွေကို အများဆုံး ချထားပေးပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းဖို့နဲ့ တရားဥပဒေစိုးမိုးမှုတွေရှိဖို့ လိုအပ်တယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဘန်ထီးယူနဲ့အဖွဲ့ဟာ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့ကို ရောက်ရှိလာခဲ့ပြီး ဒီကနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

Sound bite – ဦးဟင်နရီဘန်ထီးယူ (နိုင်ငံတော်ဒုတိယသမ္မတ)

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ်ဟာ NLD အစိုးရတာဝန်မယူခင်ကာလက တည်ငြိမ်မှု အားနည်းနေခဲ့ပြီး အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် အစိုးရအနေနဲ့ ခက်ခက်ခဲခဲဆောင်ရွက်ခဲ့ရပေမယ့် ဒေသတည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှုတွေ ရရှိနေပြီလို့ ပြောပါတယ်။

Sound bite – ဦးညီပု (ဝန်ကြီးချုပ်)
ရခိုင်ပြည်နယ်အစိုးရအဖွဲ့

ဒါ့အပြင် အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ တစ်ဖက်နိုင်ငံကို ရောက်ရှိနေတဲ့ ဘင်္ဂါလီတွေ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ UNDP၊ UNHCR တို့နဲ့ ပူးပေါင်းပြီး စာရင်းကောက်ယူမှုတွေ ပြုလုပ်နေတယ်လို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြောကြားခဲ့ပါတယ်။

Sound bite – ဗိုလ်မှူးကြီး ဖုန်းတင့် (လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန)
ရခိုင်ပြည်နယ်အစိုးရအဖွဲ့

ဒါ့အပြင် မောင်တောဒေသ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ် မိုင်တိုင်အမှတ် ၉၄ နဲ့ ၉၅ နယ်စပ်မျည်းပေါ်မှာ နေထိုင်ကြတဲ့ ဘင်္ဂါလီတွေကို တစ်ဖက်နိုင်ငံမှာရှိနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့ကူညီပေးမှုတွေ ဆောင်ရွက်နေရတာကြောင့် ရခိုင်ပြည်နယ်အတွင်းက ICRC အဖွဲ့က ထောက်ပံ့ကူညီပေးမှုတွေ ပြုလုပ်သွားတော့မှာဖြစ်တယ်လို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြောကြားခဲ့ပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)