မန္တလေးမြို့မှာ ပထမဆုံးအကြိမ် တက္ကသိုလ်ပေါင်းစုံ e sport ပြိုင်ပွဲ ကျင်းပမယ် (ရုပ်/သံ)
0
1652
ရတနာပုံတက္ကသိုလ်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
မန္တလေးမြို့မှာ ပထမဆုံးအကြိမ် တက္ကသိုလ်ပေါင်းစုံ e sport ပြိုင်ပွဲ ကျင်းပမယ်
မန္တလေးမြို့မှာ ပထမဆုံးအကြိမ် တက္ကသိုလ်ပေါင်းစုံ e sport ပြိုင်ပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။
တက္ကသိုလ်ပေါင်းစုံ dota 2 e sport ပြိုင်ပွဲကို မန္တလေးမြို့ အမျိုးသားကဇာတ်ရုံမှာ အောက်တိုဘာလ ၁၃ ရက်နေ့က စတင်ပြီး ၁၄ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
အခုပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်တွေက လက်ရွေးစင် အားကစားသမားတွေ ပါဝင်မှာဖြစ်ပြီး ပရော်ပက်ရှင်နယ် ကစားသမားတွေ ဖြစ်လာစေဖို့ ရည်ရွယ်ပြုလုပ်တာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးက ပေးပို့ထားပါတယ်။
အင်တာဗျူး ကိုကျော်ဇေယျ
AGTI ကျောင်းကိုယ်စားပြု ပွဲစီစဉ်သူ
အခုပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် တက္ကသိုလ်တစ်ခုချင်းစီမှာ ကျောင်းတွင်းပြိုင်ပွဲတွေ ပြုလုပ်ပြီး အနိုင်ရရှိတဲ့ အသင်းတွေကို တက္ကသိုလ်ပေါင်းစုံ ပြိုင်ပွဲအဖြစ် ပြုလုပ်ပေးတာဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ e sport မထွန်းကားသေးတဲ့အတွက် ကစားသမားတွေအနေနဲ့ နည်းပညာအခက်အခဲတွေအပါအဝင် အခက်တွေ အများအပြားရှိနေကြတာ ဖြစ်ပါတယ်။
အင်တာဗျူး ကိုနိုင်ကောင်းခန့် (ကျောင်းကိုယ်စားပြုပွဲစီစဉ်သူ )
ရတနာပုံတက္ကသိုလ်
အခုပြိုင်ပွဲကနေ dota 2 အသင်းအဖွဲ့တွေ ပေါ်ပေါက်လာစေဖို့နဲ့ e sport ကစားသမားတွေအတွက် အခွင့်အလမ်းတွေ ရရှိလာစေဖို့ မျှော်မှန်းထားတာလည်း ဖြစ်ပါတယ်ခင်ဗျာ။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)