ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ႏုိင္ေရးအတြက္ ျပည္ေထာင္စု စိတ္ဓါတ္ရွင္သန္ ခိုင္မာဖို႔လို(႐ုပ္/သံ)

0
965

ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡေတြ အျပီးတိုင္ခ်ဳပ္ျငိမ္းဖို႔နဲ႔ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ႏုိင္ဖို႔ ျပည္ေထာင္စုစိတ္ဓါတ္ေတြ ရွင္သန္ခုိင္မာဖုိ႔လိုအပ္တယ္လို႔ ႏုိင္ငံေတာ္သမၼတ ေျပာၾကားလိုက္ပါတယ္ ။ ဒီသတင္းကို MCN ေနျပည္ေတာ္သတင္းေထာက္ၿဖိဳးသက္ပိုင္ျမင့္က ေပးပို႔ထားပါတယ္။

ေဖေဖၚ၀ါရီ ၁၂ ရက္က ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ (၇၁) ႏွစ္ျပည့္ ျပည္ေထာင္စုေန႔အခမ္းအနားကို ႏုိင္ငံေတာ္သမၼတ က သ၀ဏ္လႊာေပးပို႔ခဲ့ျပီး ႏိုင္ငံေတာ္သမၼတရဲ႕ သ၀ဏ္လႊာကို ဒုတိယသမၼတ ဦးျမင့္ေဆြက ဖတ္ၾကားခဲ့ျပီးတာပါ။ ျပည္ေထာင္စုစိတ္ဓါတ္ခိုင္မာမႈမရွိရင္ ဒီမုိကေရစီဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ႏိုင္ဖို႔ အလွမ္းေ၀းေနမွာ ျဖစ္တဲ့အတြက္ ျပည္တြင္းျငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ရဲ႕ အဓိကလိုအပ္ခ်က္ဟာ အျပန္အလွန္ယံုၾကည္မႈရွိဖို႔ ျဖစ္တယ္လို႔ သ၀ဏ္လႊာ အတြင္း ပါရွိပါတယ္။

Soundbite – ဦးျမင့္ေဆြ ( ဒုတိယသမၼတ )

ဒါအျပင္ အစုိးရအေနနဲ႔ ျပည္တြင္းျငိမ္းခ်မ္းေရးရရွိဖို႔ ေဆာင္ရြက္ေနသလို တျပိဳင္တည္းမွာပဲ ႏုိင္ငံရဲ႕ ႏုိင္ငံေရး၊ စီးပြားေရး၊ လူမႈေရး အစရွိတဲ့ က႑စံုမွာလည္း ဖြံ႔ျဖိဳးတုိးတက္ေအာင္ ၾကိဳးပမ္းေဆာင္ရြက္ေနတယ္လုိ႔ သမၼတရဲ႕ သ၀ဏ္လႊာမွာ ပါရွိပါတယ္။

Soundbite – ဦးျမင့္ေဆြ ( ဒုတိယသမၼတ )

ႏိုင္ငံေတာ္သမၼတရဲ႕ သ၀ဏ္လႊာအတြင္းမွာ ျပည္တြင္းျငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ လက္ရွိအစိုးရရဲ႕ ၾကိဳးပမ္းေဆာင္ရြက္မႈေတြကို ေဖာ္ျပထားျပီး ျပည္ေထာင္စုျငိမ္းခ်မ္းေရးညီလာခံ (၂၁)ရာစုပင္လံုက တဆင့္ ဖက္ဒရယ္ဆုိင္ရာ အေျခခံမူ (၃၇)ခ်က္ ကိုသေဘာတူညီမႈရရွိခဲ့ကာ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ရဲ႕ အစိတ္အပိုင္း ၁ အျဖစ္ ခ်ဳပ္ဆုိႏုိင္ခဲ့တာကိုလည္း ေဖာ္ျပထားပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေ အပြီးတိုင်ချုပ်ငြိမ်းဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ပြည်ထောင်စုစိတ်ဓါတ်တွေ ရှင်သန်ခိုင်မာဖို့လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတ ပြောကြားလိုက်ပါတယ် ။ ဒီသတင်းကို MCN နေပြည်တော်သတင်းထောက်ဖြိုးသက်ပိုင်မြင့်က ပေးပို့ထားပါတယ်။

ဖေဖေါ်ဝါရီ ၁၂ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ (၇၁) နှစ်ပြည့် ပြည်ထောင်စုနေ့အခမ်းအနားကို နိုင်ငံတော်သမ္မတ က သဝဏ်လွှာပေးပို့ခဲ့ပြီး နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာကို ဒုတိယသမ္မတ ဦးမြင့်ဆွေက ဖတ်ကြားခဲ့ပြီးတာပါ။ ပြည်ထောင်စုစိတ်ဓါတ်ခိုင်မာမှုမရှိရင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ အလှမ်းဝေးနေမှာ ဖြစ်တဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အဓိကလိုအပ်ချက်ဟာ အပြန်အလှန်ယုံကြည်မှုရှိဖို့ ဖြစ်တယ်လို့ သဝဏ်လွှာ အတွင်း ပါရှိပါတယ်။

Soundbite – ဦးမြင့်ဆွေ ( ဒုတိယသမ္မတ )

ဒါအပြင် အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ ဆောင်ရွက်နေသလို တပြိုင်တည်းမှာပဲ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိတဲ့ ကဏ္ဍစုံမှာလည်း ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ သမ္မတရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။

Soundbite – ဦးမြင့်ဆွေ ( ဒုတိယသမ္မတ )

နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာအတွင်းမှာ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လက်ရှိအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ဖော်ပြထားပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံက တဆင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ (၃၇)ချက် ကိုသဘောတူညီမှုရရှိခဲ့ကာ ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း ၁ အဖြစ် ချုပ်ဆိုနိုင်ခဲ့တာကိုလည်း ဖော်ပြထားပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)