ရိုက္တာသတင္းေထာက္နွစ္ေယာက္ လႊတ္ေပးဖို႔ ပုသိမ္ျမိဳ႔မွာ ဆႏၵျပ (႐ုပ္/သံ)

0
979

ရိုက္တာသတင္းေထာက္နွစ္ေယာက္ကို ျပန္လႊတ္ေပးဖို႔အတြက္ ပုသိမ္ျမိဳ႔မွာ သတင္းသမားေတြနဲ႔တက္ၾကြလူပ္ရွားသူေတြ ဆႏၵျပခဲ႔ၾကပါတယ္ ။ ဒီသတင္းကို MCN ပုသိမ္သတင္းေထာက္ ရဲေသြးနီကေပးပို႔ထားပါတယ္ ။

ေဖဖ၀ါရီလ ၁၁ ရက္ေန႔က ပုသိမ္ျမိဳ႕မွာ သတင္းေထာက္ေတြနဲ႔ တက္ၾကြလူပ္ရွားသူေတြစုေပါင္းျပီး ရုိတ္တာသတင္းေထာက္ေတြျပန္လႊတ္ေပးဖို႔အတြက္ ဆႏၵျပခဲ႔ၾကပါတယ္ ။ အခုလိုသတင္းေထာက္ေတြကို ဖမ္းဆီးထားတာနဲ႔ပါတ္သက္လို႔ ဥပေဒေၾကာင္းအရ တရားလႊတ္ေတာ္ခ်ဳပ္ကို စာခ်ြန္ေတာ္ပို႔သြားမွာျဖစ္ေၾကာင္း ဆႏၵျပသူေတြကေျပာပါတယ္ ။

Soundbite – သာလြန္ေဇာင္းထက္ dvbသတင္းေထာက္( ျမန္မာနိင္ငံသတင္းသမားကာကြယ္ေရးအဖြဲ႕)

ဒါအျပင္ အခုလိုဆႏၵုျပရတာက သတင္းေထာက္ေတြကိုမတရားဖမ္းဆီးခံရတယ္လို႔ ယံုၾကည္ေၾကာင္း သတင္းသမားေတြ စံုစမ္းေဖာ္ထုတ္သတင္းေရးသားရာမွာ ပုဒ္မအမ်ိဳးမ်ိဳးနဲ႔ စြဲခ်က္တင္တရားစြဲဆိုတာေတြမလုပ္ဖို႔ေတာင္းဆိုခဲ႔ၾကတာပါ ။

Soundbite – ဆလိုင္းသန္႔ဇင္ ဧရာဝတီအႀကီးတန္းသတင္းေထာက္(myanmar journalist network ဧရာဝတီ)

ဆႏၵထုတ္ေဖာ္ပြဲကို ပုသိမ္ျမိဳ႕ေရႊမုေ႒ာေစတီ ေတာင္ဘက္မုဒ္ေရွ႕႔က စတင္ခဲ႔ၾကတာျဖစ္ျပီး မဟာဗႏၶဳလလမ္းတစ္ေလ်ွာက္ကေန ကမ္းနားလမ္းရွဴခင္းသာရင္ျပင္အထိ ေၾကြးေၾကာ္သံမပါဘဲ တိတ္ဆိတ္စြာခ်ီတက္လမ္းေလ်ွာက္ဆႏၵထုတ္ေဖာ္ခဲ႔ၾကတာျဖစ္ပါတယ္ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရိုက်တာသတင်းထောက်နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့အတွက် ပုသိမ်မြို့မှာ သတင်းသမားတွေနဲ့တက်ကြွလူပ်ရှားသူတွေ ဆန္ဒပြခဲ့ကြပါတယ် ။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက် ရဲသွေးနီကပေးပို့ထားပါတယ် ။

ဖေဖဝါရီလ ၁၁ ရက်နေ့က ပုသိမ်မြို့မှာ သတင်းထောက်တွေနဲ့ တက်ကြွလူပ်ရှားသူတွေစုပေါင်းပြီး ရိုတ်တာသတင်းထောက်တွေပြန်လွှတ်ပေးဖို့အတွက် ဆန္ဒပြခဲ့ကြပါတယ် ။ အခုလိုသတင်းထောက်တွေကို ဖမ်းဆီးထားတာနဲ့ပါတ်သက်လို့ ဥပဒေကြောင်းအရ တရားလွှတ်တော်ချုပ်ကို စာချွန်တော်ပို့သွားမှာဖြစ်ကြောင်း ဆန္ဒပြသူတွေကပြောပါတယ် ။

Soundbite – သာလွန်ဇောင်းထက် dvbသတင်းထောက်( မြန်မာနိင်ငံသတင်းသမားကာကွယ်ရေးအဖွဲ့)

ဒါအပြင် အခုလိုဆန္ဒုပြရတာက သတင်းထောက်တွေကိုမတရားဖမ်းဆီးခံရတယ်လို့ ယုံကြည်ကြောင်း သတင်းသမားတွေ စုံစမ်းဖော်ထုတ်သတင်းရေးသားရာမှာ ပုဒ်မအမျိုးမျိုးနဲ့ စွဲချက်တင်တရားစွဲဆိုတာတွေမလုပ်ဖို့တောင်းဆိုခဲ့ကြတာပါ ။

Soundbite – ဆလိုင်းသန့်ဇင် ဧရာဝတီအကြီးတန်းသတင်းထောက်(myanmar journalist network ဧရာဝတီ)

ဆန္ဒထုတ်ဖော်ပွဲကို ပုသိမ်မြို့ရွှေမုဋ္ဌောစေတီ တောင်ဘက်မုဒ်ရှေ့က စတင်ခဲ့ကြတာဖြစ်ပြီး မဟာဗန္ဓုလလမ်းတစ်လျှောက်ကနေ ကမ်းနားလမ်းရှူခင်းသာရင်ပြင်အထိ ကြွေးကြော်သံမပါဘဲ တိတ်ဆိတ်စွာချီတက်လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)