၀န္ထမ္းေတြလုပ္ငန္းအေၾကြးထားရင္ အလုပ္ျဖဳတ္ဖို႔ရွိေန (႐ုပ္/သံ)

0
1023

၀န္ထမ္းေတြ လုပ္ငန္းလုပ္ေဆာင္ရာမွာ အေၾကြးထားရင္ အလုပ္ျဖဳတ္တဲ႔အထိ အေရးယူေဆာင္ရြက္မယ္လို႕ ပဲခူးတိုင္းစီမံဘ႑ာ၀န္ၾကီးကေျပာဆိုလိုက္ပါတယ္ ။ ဒီသတင္းကို MCNသတင္းေထာက္ဟန္ထူးေဇာ္ကေပးပို႕ထားပါတယ္

အေသးစား အလတ္စားေခ်းေငြေတြ ျပည္သူေတြရယူနိုင္ဖို႕အတြက္ ဌာနဆုိင္ရာေတြကို သြားေရာက္ေလွ်ာက္ထားေပးမယ့္ အခက္ခဲေတြရွိေနတယ္လို႔ လုပ္ငန္းလုပ္ကိုင္တဲ႔သူေတြက ေ၀ဖန္မႈေတြရွိေနတာျဖစ္ပါတယ္ ။
အခုလိုျပသနာေတြကိုေျပလည္ဖို႔အတြက္ အစိုးရကညႊန္ၾကားထားျပီး ၀န္ထမ္းေတြမေျဖရွင္းေပးဘဲ အခ်ိန္ၾကန္႔ၾကာပါက အလုပ္ျဖဳတ္တဲ့အထိ အေရးယူေဆာင္ရြက္သြားမယ္လို႕ ျပည္ျမိဳ႕မွာျပဳလုပ္တဲ႔႕ SME ေခ်းေငြဘယ္လိုေခ်းယူမလဲဆိုတဲ႔ေဆြးေႏြးပဲြမွာ ပဲခူးတို္င္းေဒသၾကီး စီမံဘ႑၀န္ၾကီးဦးညႊန္ေရႊက ေျပာဆိုလုိက္တာျဖစ္ပါတယ္ ။

Soundbite – ဦးညႊန္႕ေရႊ (စီမံဘ႑၀န္ၾကီး)

လက္ရွိအခ်ိန္မွာ အစိုးရအေနနဲ႕ SME ေခ်းေငြကို ျပည္သူေတြနားလည္ဖို႕ အင္တိုက္အားတိုက္ေဆာင္ရြက္ေနေပမယ့္ ေအာက္ေျခ၀န္ထမ္းေတြက ပူးေပါင္းပါ၀င္မႈ႕ အားနည္းေနတယ္လို႕ လုပ္ငန္ရွင္တဦးကေျပာပါတယ္ ။

အင္တာဗ်ဴး ကိုနိုင္(ဆီစက္ပိုင္ရွင္)

ဒါအျပင္ အရင္က SME ေခ်းေငြေတြကို နီးစပ္ရာလူေတြကဘဲ လက္သိပ္ထိုး ရယူမႈ႕ေတြရွိေနျပီး JICA ရဲ႕ပထမဆုံးေခ်းေငြ သိန္းေပါင္း၅ေသာင္းထုတ္ေခ်းေပမယ္႔ လူအနည္းစုသာေခ်းေငြရရွိတဲ႔အတြက္ ပြင့္လင္းျမင္သာမႈအပိုင္းမွာ အားနည္းခ်က္ေတြရွိေနတာပါ ။

Soundbite – ကိုညီညီေအာင္(စက္မႈ႕ဇုန္ၾကီးၾကပ္ဥကၠဌ)

အေသးစားအလတ္စားလုပ္ငန္းရွင္ေတြအေနနဲ႔ ေခ်းေငြေခ်းယူမယ္ဆိုပါက စက္မႈ၀န္ၾကီးဌာန အေသးစားအလတ္စား ဖြံျဖိဳးေရးဦးစီးဌာနမွာ မွတ္ပုံတင္ျပဳလုပ္ျပီးေခ်းယူနိုင္မွာျဖစ္ပါတယ္ ။ အဲ႔ဒီလိုေခ်းယူရာမွာ SME အတိုးႏႈန္း ၉ရာခိုင္ႏႈန္းေပးေဆာင္ရမည္ျဖစ္ျပီး ေခ်းေငြသက္တမ္းမွာ ၃နွစ္ကေန ၅ႏွစ္အထိျဖစ္ကာ က်ပ္သန္း ၃၀၀ အထိထုတ္ေခ်းနိုင္ပါတယ္ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၀န်ထမ်းတွေ လုပ်ငန်းလုပ်ဆောင်ရာမှာ အကြွေးထားရင် အလုပ်ဖြုတ်တဲ့အထိ အရေးယူဆောင်ရွက်မယ်လို့ ပဲခူးတိုင်းစီမံဘဏ္ဍာဝန်ကြီးကပြောဆိုလိုက်ပါတယ် ။ ဒီသတင်းကို MCNသတင်းထောက်ဟန်ထူးဇော်ကပေးပို့ထားပါတယ်

အသေးစား အလတ်စားချေးငွေတွေ ပြည်သူတွေရယူနိုင်ဖို့အတွက် ဌာနဆိုင်ရာတွေကို သွားရောက်လျှောက်ထားပေးမယ့် အခက်ခဲတွေရှိနေတယ်လို့ လုပ်ငန်းလုပ်ကိုင်တဲ့သူတွေက ဝေဖန်မှုတွေရှိနေတာဖြစ်ပါတယ် ။
အခုလိုပြသနာတွေကိုပြေလည်ဖို့အတွက် အစိုးရကညွှန်ကြားထားပြီး ဝန်ထမ်းတွေမဖြေရှင်းပေးဘဲ အချိန်ကြန့်ကြာပါက အလုပ်ဖြုတ်တဲ့အထိ အရေးယူဆောင်ရွက်သွားမယ်လို့ ပြည်မြို့မှာပြုလုပ်တဲ့ SME ချေးငွေဘယ်လိုချေးယူမလဲဆိုတဲ့ဆွေးနွေးပွဲမှာ ပဲခူးတိ်ုင်းဒေသကြီး စီမံဘဏ္ဍဝန်ကြီးဦးညွှန်ရွှေက ပြောဆိုလိုက်တာဖြစ်ပါတယ် ။

Soundbite – ဦးညွှန့်ရွှေ (စီမံဘဏ္ဍဝန်ကြီး)

လက်ရှိအချိန်မှာ အစိုးရအနေနဲ့ SME ချေးငွေကို ပြည်သူတွေနားလည်ဖို့ အင်တိုက်အားတိုက်ဆောင်ရွက်နေပေမယ့် အောက်ခြေဝန်ထမ်းတွေက ပူးပေါင်းပါဝင်မှု့ အားနည်းနေတယ်လို့ လုပ်ငန်ရှင်တဦးကပြောပါတယ် ။

အင်တာဗျူး ကိုနိုင်(ဆီစက်ပိုင်ရှင်)

ဒါအပြင် အရင်က SME ချေးငွေတွေကို နီးစပ်ရာလူတွေကဘဲ လက်သိပ်ထိုး ရယူမှု့တွေရှိနေပြီး JICA ရဲ့ပထမဆုံးချေးငွေ သိန်းပေါင်း၅သောင်းထုတ်ချေးပေမယ့် လူအနည်းစုသာချေးငွေရရှိတဲ့အတွက် ပွင့်လင်းမြင်သာမှုအပိုင်းမှာ အားနည်းချက်တွေရှိနေတာပါ ။

Soundbite – ကိုညီညီအောင်(စက်မှု့ဇုန်ကြီးကြပ်ဥက္ကဌ)

အသေးစားအလတ်စားလုပ်ငန်းရှင်တွေအနေနဲ့ ချေးငွေချေးယူမယ်ဆိုပါက စက်မှုဝန်ကြီးဌာန အသေးစားအလတ်စား ဖွံဖြိုးရေးဦးစီးဌာနမှာ မှတ်ပုံတင်ပြုလုပ်ပြီးချေးယူနိုင်မှာဖြစ်ပါတယ် ။ အဲ့ဒီလိုချေးယူရာမှာ SME အတိုးနှုန်း ၉ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ပြီး ချေးငွေသက်တမ်းမှာ ၃နှစ်ကနေ ၅နှစ်အထိဖြစ်ကာ ကျပ်သန်း ၃၀ဝ အထိထုတ်ချေးနိုင်ပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)