စက္တင္ဘာ ၉ ရက္ေန႔ကို ႏုိင္ငံေတာ္ ႐ံုးပိတ္ရက္အျဖစ္ သတ္မွတ္ေပးဖို႔ ေတာင္းဆို (႐ုပ္/သံ)

0
261

၇၉ ႀကိမ္ေျမာက္ ဆရာေတာ္ ဦးဥတၱမေန႔ အခမ္းအနားကေန စက္တင္ဘာ ၉ ရက္ေန႔ကို ႏုိင္ငံေတာ္႐ံုးပိတ္ရက္အျဖစ္ သတ္မွတ္ေပးဖို႔ က်င္းပေရးေကာ္မတီက ေတာင္းဆိုလိုက္ပါတယ္။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

စက္တင္ဘာလ ၉ ရက္ေန႔မွာက်ေရာက္တဲ့ ျမန္မာ့လြတ္လပ္ေရးမီးရွဴးတန္ေဆာင္ ဆရာေတာ္ဦးဥတၱမ ပ်ံလြန္ေတာ္မူတဲ့ ၇၉ ႏွစ္ေျမာက္ ဂါရဝျပဳအခမ္းအနားကို စစ္ေတြၿမိဳ႕အပါအဝင္ ရခုိင္ျပည္နယ္ ၿမိဳ႕နယ္အသီးသီးမွာ က်င္းပျပဳလုပ္ခဲ့ၾက ပါတယ္။

ဆရာေတာ္ဟာ ျမန္မာ့လြတ္လပ္ေရးအတြက္ စတင္ႀကိဳးပမ္းခဲ့သူတစ္ဦးျဖစ္တဲ့အတြက္ အခုလိုမ်ိဳး ဂါရဝျပဳအခမ္းအနားေတြ ကို က်င္းပျပဳလုပ္တာထက္ ဆရာေတာ္ပ်ံလြန္ေတာ္မူူတဲ့ စက္တင္ဘာလ ၉ ရက္ေန႔ကို ႏုိင္ငံေတာ္ရံုးပိတ္ရက္အျဖစ္ သတ္မွတ္ေပးဖို႔အတြက္ က်င္းပေရးေကာ္မတီက ေတာင္းဆိုလိုက္တာပါ။

အင္တာဗ်ဴး – ဦးေက်ာ္ဇံေမာင္ (အခမ္းအနားက်င္းပေရးအဖြဲ႔)

အဲဒီအခမ္းအနားကို စစ္ေတြၿမိဳ႕နယ္အျပင္ ပုဏၰားကၽြန္းၿမိဳ႕နယ္ကပါ လာေရာက္ခဲ့ၾကၿပီး အဖြဲ႔အစည္းေပါင္း တစ္ရာေက်ာ္တုိ႔ ခ်ီတက္ဂါရဝျပဳ လြမ္းသူ႔ပန္းေခြေတြခ်ခဲ့ၾကတာျဖစ္ပါတယ္။

အင္တာဗ်ဴး – ဦးေက်ာ္ဇံေမာင္ (အခမ္းအနားက်င္းပေရးအဖြဲ႔)

ဆရာေတာ္ကို ပူးေဇာ္ဂါရဝျပဳတဲ့အခမ္းအနားေတြကို အရင္ကက်င္းပခြင့္မရရွိဘဲ စက္တင္ဘာ ၉ ရက္ေန႔တိုင္း ဆရာေတာ္ရုပ္တုထားရွိတဲ့ေနရာေတြမွာ လံုၿခံဳေရးတင္းက်ပ္ထားတဲ့အတြက္ ေနအိမ္ေတြမွာသာ ပူေဇာ္ခဲ့ၾကရတာ ျဖစ္ပါတယ္။

အခုလိုအခမ္းအနားေတြကို ၂၀၁၀ ခုႏွစ္ေနာက္ပိုင္းမွာေတာ့ ၿမိဳ႕နယ္အလိုက္က်င္းပျပဳလုပ္လာခဲ့ၾကသလို အစိုးရအဖြဲ႔၊ ႏုိင္ငံေရးပါတီ၊ အရပ္ဖက္အဖြဲ႔အစည္းေတြ မ်ိဳးႏြယ္စုဝင္ေတြနဲ႔ ေက်ာင္းသူေက်ာင္းသာေတြပါ တက္ေရာက္လာခဲ့ၾကတာ ျဖစ္ပါတယ္။

အင္တာဗ်ဴး – ပန္ခ်ီးရွင္လွ (အခမ္းအနားက်င္းပေရးေကာ္မတီဥကၠဌ)

အခမ္းအနားကို အရင္ႏွစ္ေတြကထက္ အခုႏွစ္မွာေတာ့ ပူးေပါင္းပါဝင္တဲ့အဖြဲ႔အစည္းေတြ မ်ားျပားလာခဲ့တဲ့အတြက္ ပန္းခ်ီျပပြဲ၊ ဓါတ္ပံုျပပြဲ၊ သုတရသစာေပၿပိဳင္ပြဲ၊ ေဟာေျပာပြဲ၊ ကဗ်ာရြတ္ဖတ္ပြဲ စတဲ့အခမ္းအနားအစီအစဥ္ေတြကို တိုးခ်ဲ႕က်င္းပခဲ့ရေၾကာင္း ေကာ္တီကေျပာပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၇၉ ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကနေ စက်တင်ဘာ ၉ ရက်နေ့ကို နိုင်ငံတော်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ ကျင်းပရေးကော်မတီက တောင်းဆိုလိုက်ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့မှာကျရောက်တဲ့ မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူတဲ့ ၇၉ နှစ်မြောက် ဂါရဝပြုအခမ်းအနားကို စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှာ ကျင်းပပြုလုပ်ခဲ့ကြ ပါတယ်။

ဆရာတော်ဟာ မြန်မာ့လွတ်လပ်ရေးအတွက် စတင်ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်တဲ့အတွက် အခုလိုမျိုး ဂါရဝပြုအခမ်းအနားတွေ ကို ကျင်းပပြုလုပ်တာထက် ဆရာတော်ပျံလွန်တော်မူတဲ့ စက်တင်ဘာလ ၉ ရက်နေ့ကို နိုင်ငံတော်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့အတွက် ကျင်းပရေးကော်မတီက တောင်းဆိုလိုက်တာပါ။

အင်တာဗျူး – ဦးကျော်ဇံမောင် (အခမ်းအနားကျင်းပရေးအဖွဲ့)

အဲဒီအခမ်းအနားကို စစ်တွေမြို့နယ်အပြင် ပုဏ္ဏားကျွန်းမြို့နယ်ကပါ လာရောက်ခဲ့ကြပြီး အဖွဲ့အစည်းပေါင်း တစ်ရာကျော်တို့ ချီတက်ဂါရဝပြု လွမ်းသူ့ပန်းခွေတွေချခဲ့ကြတာဖြစ်ပါတယ်။

အင်တာဗျူး – ဦးကျော်ဇံမောင် (အခမ်းအနားကျင်းပရေးအဖွဲ့)

ဆရာတော်ကို ပူးဇော်ဂါရဝပြုတဲ့အခမ်းအနားတွေကို အရင်ကကျင်းပခွင့်မရရှိဘဲ စက်တင်ဘာ ၉ ရက်နေ့တိုင်း ဆရာတော်ရုပ်တုထားရှိတဲ့နေရာတွေမှာ လုံခြုံရေးတင်းကျပ်ထားတဲ့အတွက် နေအိမ်တွေမှာသာ ပူဇော်ခဲ့ကြရတာ ဖြစ်ပါတယ်။

အခုလိုအခမ်းအနားတွေကို ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာတော့ မြို့နယ်အလိုက်ကျင်းပပြုလုပ်လာခဲ့ကြသလို အစိုးရအဖွဲ့၊ နိုင်ငံရေးပါတီ၊ အရပ်ဖက်အဖွဲ့အစည်းတွေ မျိုးနွယ်စုဝင်တွေနဲ့ ကျောင်းသူကျောင်းသာတွေပါ တက်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

အင်တာဗျူး – ပန်ချီးရှင်လှ (အခမ်းအနားကျင်းပရေးကော်မတီဥက္ကဌ)

အခမ်းအနားကို အရင်နှစ်တွေကထက် အခုနှစ်မှာတော့ ပူးပေါင်းပါဝင်တဲ့အဖွဲ့အစည်းတွေ များပြားလာခဲ့တဲ့အတွက် ပန်းချီပြပွဲ၊ ဓါတ်ပုံပြပွဲ၊ သုတရသစာပေပြိုင်ပွဲ၊ ဟောပြောပွဲ၊ ကဗျာရွတ်ဖတ်ပွဲ စတဲ့အခမ်းအနားအစီအစဉ်တွေကို တိုးချဲ့ကျင်းပခဲ့ရကြောင်း ကော်တီကပြောပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)