လွတ်လပ်စွာပြောဆိုခွင့် ပိတ်ပင်လိုက်တာ ဒီမိုကရေစီကိုပိတ်ပင်တာဟု စာရေးဆရာဝေဟင်အောင် ပြော(ရုပ်/သံ)

0
1065



စာပေဟောပြောပွဲမှာပြောကြားခဲ့တဲ့ ဟောပြောချက်တွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စာရေးဆရာဝေဟင်အောင် က ဒီမိုကရေစီခေတ်မှာ လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်တာဟာ ဒီမိုကရေစီကိုပိတ်ပင်တားဆီးတာသာဖြစ်တယ်လို့ မနေ့ကရုံးထုတ်မှာ ပြောကြားခဲ့ပါတယ်။




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်လိုက်တာဟာ ဒီမိုကရေစီကိုပိတ်ပင်တားဆီးတာဖြစ်တယ်လို့ ဖမ်ဆီးခံနေရတဲ့ စာရေးဆရာဝေဟင်အောင်က ပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက်မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ဒီမိုကရေစီခေတ်ကို ဦးတည်နေတဲ့အချိန်မှာ ဟောပြောပွဲတစ်ခုကြောင့် စာရေးဆရာတစ်ယောက်ကို အခုလိုမျိုး ပုဒ်မတွေအမျိုးမျိုးတပ်ပြီး တရားစွဲဖမ်းဆီးထားတဲ့အပေါ် စိတ်မကောင်းဖြစ်ရကြောင်း စာရေးဆရာဝေဟင်အောင်ရဲ့ မိသားစုတွေက ပြောပါတယ်။

စာပေဟောပြောပွဲမှာပြောကြားခဲ့တဲ့ ဟောပြောချက်တွေကြောင့် ဖမ်းဆီးထိန်းသိ်မ်းခံထားရတဲ့ စာရေးဆရာဝေဟင်အောင် က ဒီမိုကရေစီခေတ်မှာ လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်တာဟာ ဒီမိုကရေစီကိုပိတ်ပင်တားဆီးတာသာဖြစ်တယ်လို့ မနေ့ကရုံးထုတ်မှာ ပြောကြားခဲ့ပါတယ်။

Soundbite – ဝေဟင်အောင် (စာရေးဆရာ)

စာရေးဆရာဝေဟင်အောင်ဟာ ဟောပြောပွဲတွေကိုအရင်ကတည်းက ပြောကြားလာခဲ့သူတစ်ယောက်ပြီး စာကားလုံးတွေ အပေါ်မှာ အယူအဆလွဲရုံလောက်နဲ့ ပုဒ်မတွေတပ်ပြီး ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့အပေါ် မဖြစ်သင့်ကြောင်း သူရဲ့မိသားစုဝင် တွေကပြောပါတယ်။

Soundbite – ဦးသိန်းဝင်း
စာရေးဆရာဝေဟင်အောင်၏ အစ်ကို

အဲဒီဟောပြောပွဲမှာ ပြောကြားခဲ့ကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဟောပြောရာမှာပါဝင်တဲ့ စာရေးဆရာ နေဘုန်းသွန်းဝေး (ခ) ဦးဘသန်းကိုတော့ ဖမ်းဆီးဝရမ်းထုတ်ထားတာဖြစ်ပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)