ပုသိမ္ျပည္သူ႔ေဆးရံုၾကီး တိုးခ်ဲ႔ေဆာင္ေဆာက္လုပ္ရာမွာ စာခ်ဳပ္ပါအခ်က္အလက္ေတြနဲ႔ ကြဲလြဲမႈေတြရွိေန(႐ုပ္/သံ)

0
1007

ပုသိမ္ျပည္သူ႔ေဆးရံုၾကီး တိုးခ်ဲ႔ေဆာင္ေဆာက္လုပ္ရာမွာ စာခ်ဳပ္ပါအခ်က္အလက္ေတြနဲ႔ ကြဲလြဲမႈေတြရွိေနတဲ႔အတြက္ စံုစမ္းစစ္ေဆးေရးအဖြဲ႕ဖြဲ႕ကာ စစ္ေဆးသြားမွာျဖစ္ပါတယ္ ။ ဒီသတင္းကို MCN ပုသိမ္သတင္းေထာက္ ရဲေသြးနီကေပးပို႔ထားပါတယ္ ။

ပုသိမ္ျပည္သူ႔ေဆးရံုႀကီးကို ကုတင္၅၀၀ဆန္႔ တိုးခ်ဲ႔အေဆာက္အဦးအျဖစ္ ၂၀၁၅ ခုႏွစ္ကစတင္ေဆာက္လုပ္ေနတာျဖစ္ျပီး လုပ္ငန္းအရည္အေသြးနဲ႔ စာခ်ဳပ္ပါအတိုင္းေဆာက္လုပ္မႈမရွိပဲ ႏွစ္စဥ္ဘက္ဂ်က္ထပ္တိုးတာင္းခံမႈေတြရွိေနတယ္လို႔ေ၀ဖန္ေနၾကတာပါ ။

အဲ႔ဒီအတြက္ သက္ဆိုင္ရာတိုင္းေဒသႀကီးအစိုးရနဲ႔ဌာနတာဝန္ရွိသူေတြပါဝင္တဲ႔ စံုစမ္းစစ္ေဆးေရးအဖြဲ႕ဖြဲ႕ျပီး စာခ်ဳပ္ခ်ဳပ္ဆိုတဲ႔အခ်ိန္ကစျပီးျပန္လည္စစ္ေဆးတင္ျပေပးဖို႔ ျပည္ေထာင္စုဝန္ႀကီးက ညႊန္ၾကား လိုက္တာျဖစ္ပါတယ္ ။

Soundbite – ေဒါက္တာလွျမတ္ေသြး (လူမႈေရးဝန္ႀကီး ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕)

ကုတင္၅၀၀ဆန္႔တိုးခ်ဲ႔ေဆာင္ကို ၂၀၁၅ ခုႏွစ္စက္တင္ဘာလမွာ စာခ်ဳပ္ခ်ဳပ္ဆိုခဲ႔ေပမယ့္ စာခ်ဳပ္မခ်ဳပ္ဆိုခင္ ၄ လကစျပီးေဆာက္လုပ္ေနတာေတြရွိသလို စာခ်ဳပ္စတင္ခ်ဳပ္ဆိုရာမွာ ၂ထပ္အျဖစ္နဲ႔သာခ်ဳပ္ဆိုခဲ႔ေပမယ့္ ဘ႑ႏွစ္အလိုက္ စာခ်ဳပ္ျပင္ဆင္ခ်ဳပ္ဆိုခဲ႔ရာက ၉ထပ္ေဆာင္ ေဆာက္လုပ္ခဲ႔တာပါ။
ဒါ့အျပင္ စာခ်ဳပ္မွာ RC နဲ႔ေဆာက္လုပ္ဖို႔ပါဝင္ေပမယ့္ ခုအခါ steel structure နဲ႔ေဆာက္လုပ္ထားတာေတြ႕ရွိရတာေၾကာင့္ ၂၀၁၇ ခုႏွစ္မွာ လုပ္ငန္းရပ္စဲထားဖို႔ ညႊန္ၾကားထားတာျဖစ္ပါတယ္ ။

Soundbite – ေဒါက္တာလွျမတ္ေသြး (လူမႈေရးဝန္ႀကီး ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕)

တိုင္းအတြင္းကျပည္သူေတြအေနနဲ႔ ေဆးရံုတက္ေရာက္ကုသရာမွာ ကုတင္မေလာက္ငွတဲ႔အခက္အခဲေတြကို အျမန္ဆံုးေျဖရွင္းေပးဖို႔နဲ႔ အေဆာက္အဦးကိုလည္း အရည္အေသြးပိုင္းကို ျပည္သူေတြအတြက္အာမခံနိင္တဲ႔အဆင့္ထိ ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ ကေျပာဆိုထားပါတယ္ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပုသိမ်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ဆောင်ဆောက်လုပ်ရာမှာ စာချုပ်ပါအချက်အလက်တွေနဲ့ ကွဲလွဲမှုတွေရှိနေတဲ့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးသွားမှာဖြစ်ပါတယ် ။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက် ရဲသွေးနီကပေးပို့ထားပါတယ် ။

ပုသိမ်ပြည်သူ့ဆေးရုံကြီးကို ကုတင်၅၀ဝဆန့် တိုးချဲ့အဆောက်အဦးအဖြစ် ၂၀၁၅ ခုနှစ်ကစတင်ဆောက်လုပ်နေတာဖြစ်ပြီး လုပ်ငန်းအရည်အသွေးနဲ့ စာချုပ်ပါအတိုင်းဆောက်လုပ်မှုမရှိပဲ နှစ်စဉ်ဘက်ဂျက်ထပ်တိုးတာင်းခံမှုတွေရှိနေတယ်လို့ဝေဖန်နေကြတာပါ ။

အဲ့ဒီအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရနဲ့ဌာနတာဝန်ရှိသူတွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စာချုပ်ချုပ်ဆိုတဲ့အချိန်ကစပြီးပြန်လည်စစ်ဆေးတင်ပြပေးဖို့ ပြည်ထောင်စုဝန်ကြီးက ညွှန်ကြား လိုက်တာဖြစ်ပါတယ် ။

Soundbite – ဒေါက်တာလှမြတ်သွေး (လူမှုရေးဝန်ကြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့)

ကုတင်၅၀ဝဆန့်တိုးချဲ့ဆောင်ကို ၂၀၁၅ ခုနှစ်စက်တင်ဘာလမှာ စာချုပ်ချုပ်ဆိုခဲ့ပေမယ့် စာချုပ်မချုပ်ဆိုခင် ၄ လကစပြီးဆောက်လုပ်နေတာတွေရှိသလို စာချုပ်စတင်ချုပ်ဆိုရာမှာ ၂ထပ်အဖြစ်နဲ့သာချုပ်ဆိုခဲ့ပေမယ့် ဘဏ္ဍနှစ်အလိုက် စာချုပ်ပြင်ဆင်ချုပ်ဆိုခဲ့ရာက ၉ထပ်ဆောင် ဆောက်လုပ်ခဲ့တာပါ။
ဒါ့အပြင် စာချုပ်မှာ RC နဲ့ဆောက်လုပ်ဖို့ပါဝင်ပေမယ့် ခုအခါ steel structure နဲ့ဆောက်လုပ်ထားတာတွေ့ရှိရတာကြောင့် ၂၀၁၇ ခုနှစ်မှာ လုပ်ငန်းရပ်စဲထားဖို့ ညွှန်ကြားထားတာဖြစ်ပါတယ် ။

Soundbite – ဒေါက်တာလှမြတ်သွေး (လူမှုရေးဝန်ကြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့)

တိုင်းအတွင်းကပြည်သူတွေအနေနဲ့ ဆေးရုံတက်ရောက်ကုသရာမှာ ကုတင်မလောက်ငှတဲ့အခက်အခဲတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့နဲ့ အဆောက်အဦးကိုလည်း အရည်အသွေးပိုင်းကို ပြည်သူတွေအတွက်အာမခံနိင်တဲ့အဆင့်ထိ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ ကပြောဆိုထားပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)