ညောင်လေးပင်မှာ ငါးပက်တဲ့ အင်းထဲက သေနတ်တစ်လက်တွေ့ရှိ

0
278

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ နဘဲပင်ကျေးရွာမှာ ငါးပက်တဲ့ အင်းတစ်ခုအတွင်းကနေ ဆာလာအိတ်နဲ့ပတ်ထားတဲ့ သေနတ်တစ်လက် တွေ့ရှိခဲ့ပါတယ်။

gun

သေနတ်အမျိုးအစားဟာ G-3 032890 ဖြစ်ပြီး ကျည်အိမ်တပ်ထားပေမဲ့ ကျည်ဆံမပါရှိသလို သံချေးတက်နေတဲ့အတွက် မောင်းတင်လို့လည်း မရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

gun2

သေနတ်ကို ဒီဇင်ဘာ ၈ ရက်နေ့က နဘဲပင်ရွာ အရှေ့ဘက်တောရကျောင်းအနီး မြောက်ချောင်းအတွင်းက ချောင်းအင်း အင်းထဲမှာ တွေ့ရှိခဲ့တာဖြစ်ပြီး တွေ့ရှိမှုကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးက ပြွန်တန်ဆာနယ်မြေရဲစခန်း၊ ဒုတိယရဲအုပ် တင်ထွန်းဝင်းဆီကို အသိပေးအကြောင်းကြားခဲ့တာပါ။

ချောင်းအင်းထဲက တွေ့ရှိခဲ့အဲဒီသေနတ်ကို ညောင်လေးပင်မြို့ အမှတ် (၂၀) ခြေမြန်တပ်ရင်းကို အပ်နှံသွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)