ဘီးခြန္ ေကာက္ခံေရးလုပ္ငန္း ေလလံခ်ထားရမွာ စည္းကမ္းေဖာက္ဖ်က္ မႈေတြရွိေန

0
1297

အခုႏွစ္အတြက္ ျပင္ဦးလြင္ၿမိဳ႕ဝင္ ဘီးခြန္ ေကာက္ခံေရးလုပ္ငန္း ေလလံခ်ထားေပးရာမွာ စည္းကမ္းေဖာက္ဖ်က္မႈေတြ ရွိေနပါတယ္။ ဒီသတင္းကို MCN မႏၲေလးသတင္းေထာက္ ဥာဏ္လင္းထူးက ေပးပို႔ထားပါတယ္။

မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ၿမိဳ႕ဝင္ ဘီးခြန္ေကာက္ခံေရး လုပ္ငန္းအတြက္ ေလလံခ်ထားေပးရာမွာ မူလအႏိုင္ရထားသူကို မေပးပဲ စည္းမ်ဥ္းနဲ႔ မကိုက္ညီသူေတြနဲ႔ ထပ္မံယွဥ္ၿပိဳင္ ခိုင္းတဲ႔ အေပၚ ေလလံလုပ္ငန္းလုပ္ေဆာင္ေနသူေတြအေနနဲ႔ မေက်နပ္မႈေတြရွိေနတာပါ။

ေလလံယွဥ္ၿပိဳင္ဖို႔အတြက္ ဘဏ္မွာ ေငြက်ပ္သိန္းသံုးေထာင္ေက်ာ္ေပးသြင္းရမွာ ျဖစ္ေပမယ့္ မေပးသြင္းသူေတြလည္း ပါဝင္ ေလလံဆြဲခြင့္ျပဳတဲ႔အေပၚမွာ စည္းမ်ဥ္းနဲ႔ မကိုက္ညီဘူးဆိုၿပီး ေလးလံ ယွဥ္ျပိဳင္ခဲ႔သူေတြက သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ႔တာပါ။

အင္တာဗ်ဴး ကိုမ်ဳိးေဇာ္ေထြး (ပထမအႀကိမ္ ေလလံ အႏိုင္ရရွိခဲ႔သူ)
ေလလံလုပ္ငန္း လုပ္ကိုင္သူ

ျပင္ဦးလြင္ၿမိဳ႕ဝင္ ဘီးခြန္ေကာက္ခံေရး လုပ္ငန္းကို အရင္ႏွစ္ေတြက တင္ခါေခၚယူရာမွာ ေလလံဆြဲသူ မရွိ ျဖစ္ခဲ႔တဲ႔အတြက္ အျခားနည္းအသံုးျပဳၿပီး ေလလံျပန္တင္ခဲ႔တာပါ။

ပထမအႀကိမ္ေလလံတင္ရာမွာ သိန္းေလးေထာင့္ႏွစ္ရာနဲ႔ အႏိုင္ရရွိခဲ႔သူကို အတည္ျပဳခဲ႔ေပမယ့္ ဝန္ႀကီး အမိန္႔ေၾကာင့္ဆိုၿပီး ေနာက္တႀကိမ္ ထပ္မံ ယွဥ္ၿပိဳင္ခိုင္းခဲ႔တာျဖစ္ပါတယ္။

အင္တာဗ်ဴး ေဒၚခင္ျမင့္ဦး
ေလလံလုပ္ငန္း လုပ္ကိုင္သူ

မႏၲေလးတိုင္းေဒသႀကီးအတြင္းမွာ စည္ပင္သာယာေရး လုပ္ငန္းေတြကို တင္ဒါေခၚယူၿပီး ေလလံယွဥ္ၿပိဳင္ ခ်ထားေပးေနတာ ျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အခုနှစ်အတွက် ပြင်ဦးလွင်မြို့ဝင် ဘီးခွန် ကောက်ခံရေးလုပ်ငန်း လေလံချထားပေးရာမှာ စည်းကမ်းဖောက်ဖျက်မှုတွေ ရှိနေပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးက ပေးပို့ထားပါတယ်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ဝင် ဘီးခွန်ကောက်ခံရေး လုပ်ငန်းအတွက် လေလံချထားပေးရာမှာ မူလအနိုင်ရထားသူကို မပေးပဲ စည်းမျဉ်းနဲ့ မကိုက်ညီသူတွေနဲ့ ထပ်မံယှဉ်ပြိုင် ခိုင်းတဲ့ အပေါ် လေလံလုပ်ငန်းလုပ်ဆောင်နေသူတွေအနေနဲ့ မကျေနပ်မှုတွေရှိနေတာပါ။

လေလံယှဉ်ပြိုင်ဖို့အတွက် ဘဏ်မှာ ငွေကျပ်သိန်းသုံးထောင်ကျော်ပေးသွင်းရမှာ ဖြစ်ပေမယ့် မပေးသွင်းသူတွေလည်း ပါဝင် လေလံဆွဲခွင့်ပြုတဲ့အပေါ်မှာ စည်းမျဉ်းနဲ့ မကိုက်ညီဘူးဆိုပြီး လေးလံ ယှဉ်ပြိုင်ခဲ့သူတွေက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။

အင်တာဗျူး ကိုမျိုးဇော်ထွေး (ပထမအကြိမ် လေလံ အနိုင်ရရှိခဲ့သူ)
လေလံလုပ်ငန်း လုပ်ကိုင်သူ

ပြင်ဦးလွင်မြို့ဝင် ဘီးခွန်ကောက်ခံရေး လုပ်ငန်းကို အရင်နှစ်တွေက တင်ခါခေါ်ယူရာမှာ လေလံဆွဲသူ မရှိ ဖြစ်ခဲ့တဲ့အတွက် အခြားနည်းအသုံးပြုပြီး လေလံပြန်တင်ခဲ့တာပါ။

ပထမအကြိမ်လေလံတင်ရာမှာ သိန်းလေးထောင့်နှစ်ရာနဲ့ အနိုင်ရရှိခဲ့သူကို အတည်ပြုခဲ့ပေမယ့် ဝန်ကြီး အမိန့်ကြောင့်ဆိုပြီး နောက်တကြိမ် ထပ်မံ ယှဉ်ပြိုင်ခိုင်းခဲ့တာဖြစ်ပါတယ်။

အင်တာဗျူး ဒေါ်ခင်မြင့်ဦး
လေလံလုပ်ငန်း လုပ်ကိုင်သူ

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ စည်ပင်သာယာရေး လုပ်ငန်းတွေကို တင်ဒါခေါ်ယူပြီး လေလံယှဉ်ပြိုင် ချထားပေးနေတာ ဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)