မသန္စြမ္းသူေတြ အလုပ္အကိုင္ရဖို႔ လႊတ္ေတာ္မွာ အဆိုတင္သြင္းမယ္

0
952

မသန္စြမ္းသူေတြရဲ႕ အလုပ္အကိုင္အခြင့္အေရး အျပည့္အဝရရွိဖို႔ ဥပေဒနည္းဥပေဒေတြ အားနည္းခ်က္ေတြ ရွိေနတာနဲ႔ပက္သက္ၿပီး လႊတ္ေတာ္မွာ အဆိုတစ္ရပ္ တင္သြင္းသြားမယ္လို႔ ပုသိမ္ျမိဳ႕နယ္ အမွတ္ ၁ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္က ေျပာပါတယ္။ ဒီသတင္းကုိ MCN ပုသိမ္သတင္းေထာက္ ရဲေသြးနီက ေပးပို႔ထားပါတယ္။

၂၀၁၄ ခုႏွစ္သန္းေခါင္စာရင္း အစီရင္ခံစာအရ ဧရာဝတီတိုင္းေဒသႀကီးမွာ မသန္စြမ္းဦးေရအမ်ားဆံုး ေတြ႔ရွိရတာေၾကာင့္ မသန္စြမ္းသူေတြရဲ႕ အလုပ္အကိုင္အခြင့္အလမ္းအတြက္ ဥပေဒ၊ နည္းဥပေဒအတိုင္း အသက္ဝင္မႈ အားနည္းေနသလို လုပ္ငန္းရွင္ေတြလည္း စိတ္ဝင္စားမႈနည္းပါးေနတာပါ။

ဒါေၾကာင့္ မသန္စြမ္းေတြရဲ႕ အလုပ္အကိုင္အခြင့္အလမ္းေတြအပါအဝင္ ဥပေဒ၊ နည္းဥပေဒေတြ အသက္ဝင္ဖို႔ လႊတ္ေတာ္မွာ အဆိုတစ္ရပ္တင္သြင္းသြားမယ္လို႔ ပုသိမ္ျမိဳ႕နယ္ အမွတ္ ၁ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာစိုးဝင္းက ေျပာပါတယ္။

အင္တာဗ်ဴး ၁ေဒါက္တာစိုးဝင္း(ပုသိမ္ၿမိဳ႕နယ္ အမွတ္ ၁ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္)

မသန္စြမ္းသူမ်ားအခြင့္အေရးတိုင္းေကာ္မတီမွာ ဧရာဝတီတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က ဥကၠ႒ျဖစ္ျပီး ဝန္ႀကီးခ်ဳပ္အေနနဲ႕ မသန္စြမ္းသူေတြရဲ႕ အလုပ္အကိုင္အခြင့္အလမ္းနဲ႔ပက္သက္လို႔ သက္ဆိုင္ရာ ဌာနဆိုင္ရာေတြနဲ႔ လုပ္ငန္းရွင္ေတြကို ထိထိေရာက္ေရာက္ ညႊန္ၾကားခ်က္ေပးတာေတြ လုပ္ေဆာင္ေပးႏိုင္ဖို႔ လိုတယ္လို႔ ဧရာဝတီတိုင္းေဒသႀကီးမသန္စြမ္းသူမ်ား ေကာ္မတီအတြင္းေရးမွဴးက ေျပာပါတယ္။

အင္တာဗ်ဴး ကုိေအာင္ေက်ာ္သက္ (ေကာ္မတီ အတြင္းေရးမွဴး)
မသန္စြမ္းသူမ်ားအခြင့္အေရးေကာ္မတီ (ဧရာဝတီတုိင္းေဒသႀကီး)

ႏို၀င္ဘာလ ၈ ရက္ေန႔က ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ၿမိဳ႕ အမွတ္ ၁ အေျခခံပညာ အထက္တန္းေက်ာင္းခန္းမမွာ မသန္စြမ္းသူမ်ားအခြင့္အေရး နည္းဥပေဒမိတ္ဆက္တာနဲ႔ မသန္စြမ္းသူမ်ား အပါအဝင္ အားလံုးအက်ံဳးဝင္အလုပ္အကိုင္ရရွိေစေရး ေဆြးေႏြးပြဲ ျပဳလုပ္ခဲ့တာျဖစ္ပါ တယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မသန်စွမ်းသူတွေရဲ့ အလုပ်အကိုင်အခွင့်အရေး အပြည့်အဝရရှိဖို့ ဥပဒေနည်းဥပဒေတွေ အားနည်းချက်တွေ ရှိနေတာနဲ့ပက်သက်ပြီး လွှတ်တော်မှာ အဆိုတစ်ရပ် တင်သွင်းသွားမယ်လို့ ပုသိမ်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက် ရဲသွေးနီက ပေးပို့ထားပါတယ်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်း အစီရင်ခံစာအရ ဧရာဝတီတိုင်းဒေသကြီးမှာ မသန်စွမ်းဦးရေအများဆုံး တွေ့ရှိရတာကြောင့် မသန်စွမ်းသူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက် ဥပဒေ၊ နည်းဥပဒေအတိုင်း အသက်ဝင်မှု အားနည်းနေသလို လုပ်ငန်းရှင်တွေလည်း စိတ်ဝင်စားမှုနည်းပါးနေတာပါ။

ဒါကြောင့် မသန်စွမ်းတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအပါအဝင် ဥပဒေ၊ နည်းဥပဒေတွေ အသက်ဝင်ဖို့ လွှတ်တော်မှာ အဆိုတစ်ရပ်တင်သွင်းသွားမယ်လို့ ပုသိမ်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးဝင်းက ပြောပါတယ်။

အင်တာဗျူး ၁ဒေါက်တာစိုးဝင်း(ပုသိမ်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

မသန်စွမ်းသူများအခွင့်အရေးတိုင်းကော်မတီမှာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ဥက္ကဋ္ဌဖြစ်ပြီး ဝန်ကြီးချုပ်အနေနဲ့ မသန်စွမ်းသူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ပက်သက်လို့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ လုပ်ငန်းရှင်တွေကို ထိထိရောက်ရောက် ညွှန်ကြားချက်ပေးတာတွေ လုပ်ဆောင်ပေးနိုင်ဖို့ လိုတယ်လို့ ဧရာဝတီတိုင်းဒေသကြီးမသန်စွမ်းသူများ ကော်မတီအတွင်းရေးမှူးက ပြောပါတယ်။

အင်တာဗျူး ကိုအောင်ကျော်သက် (ကော်မတီ အတွင်းရေးမှူး)
မသန်စွမ်းသူများအခွင့်အရေးကော်မတီ (ဧရာဝတီတိုင်းဒေသကြီး)

နိုဝင်ဘာလ ၈ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းခန်းမမှာ မသန်စွမ်းသူများအခွင့်အရေး နည်းဥပဒေမိတ်ဆက်တာနဲ့ မသန်စွမ်းသူများ အပါအဝင် အားလုံးအကျုံးဝင်အလုပ်အကိုင်ရရှိစေရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့တာဖြစ်ပါ တယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)