ကၽြဲႏြား ျပည္ပတင္ပို႔ ကုမၸဏီ ၂ ခုသာ ခြင့္ျပဳထားဟု ရခိုင္ျပည္နယ္ ေမြး/ကု ဦးစီးဌာနေျပာ (႐ုပ္/သံ)

0
1229

ရခုိင္ျပည္နယ္အတြင္းက ကၽြဲႏြားေတြကို ျပည္ပတင္ပို႔ခြင့္ျပဳထားတဲ့ ကုမၸဏီႏွစ္ခုသာ ရွိတယ္လို႔ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနက ေျပာပါတယ္။ ဒီသတင္းကို MCN ရခို္င္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္ဟာ ႏြားေတြကို စားသံုးကုန္အျဖစ္ အသံုးျပဳမႈ မ်ားျပားေနတဲ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံနဲ႔ နယ္စပ္ခ်င္း ထိစပ္ေနတာေၾကာင့္ တစ္ဖက္ႏိုင္ငံံရဲ႕ ကၽြဲႏြားလိုအပ္ခ်က္ေတြကို ရခိုင္ျပည္နယ္က အဓိက တင္ပို႔ေရာင္းခ်ေန တာ ျဖစ္ပါတယ္။

အဲဒီလိုႏြားတင္ပို႔မႈကို အရင္က တရားဝင္ခြင့္ျပဳေပးခဲ့တာမရွိေပမယ့္ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ကစတင္ကာ ခြင့္ျပဳေပးခဲ့တာျဖစ္ၿပီး တရားဝင္တင္ပို႔ခြင့္လိုင္စင္ရရွိထားတဲ့ ကုမၸဏီႏွစ္ခုသာရွိတယ္လို႔ ျပည္နယ္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနက ေျပာပါ တယ္။

အင္တာဗ်ဴး – ေဒါက္တာသန္းႏုိင္ (ျပည္နယ္ဦးစီးမွဴး)
ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန၊ ရခုိင္ျပည္နယ္

ဒါ့အျပင္ တစ္ဖက္ႏိုင္ငံကို ကၽြဲႏြားတင္ပို႔ခြင့္ျပဳထားတဲ့ ကုမၸဏီႏွစ္ခုသာရွိေပမယ့္ လက္ရွိမွာေတာ့ ရခိုင္ျပည္နယ္ အတြင္းက ကၽြဲႏြားေတြ ဘဂၤလားေဒ့ရွ္ႏုိင္ငံကို တရားမဝင္တင္ပို႔ေရာင္းခ်ေနၾကတာေတြ ေန႔စဥ္လိုလို ရွိေနတာ ျဖစ္ပါတယ္။

အခုလိုမ်ိဳး ကၽြဲႏြားေတြကို တစ္ဖက္ႏုိင္ငံကို တင္ပို႔တဲ့အခါမွာ တာဝန္ယူပို႔ေဆာင္ေနတဲ့ ကုမၸဏီေတြအေနနဲ႔ ကုန္သြယ္ခြန္အျဖစ္ ႏွစ္ရာခိုင္ႏႈန္းစီေပးသြင္းေနရၿပီး အသက္ ၅ ႏွစ္အထက္ ႏြားတစ္ေကာင္ကို ေဒၚလာ ၁၂၀၀ သတ္မွတ္ထားတာပါ။

အင္တာဗ်ဴး – ေဒါက္တာသန္းႏုိင္ (ျပည္နယ္ဦးစီးမွဴး)
ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန၊ ရခုိင္ျပည္နယ္

ဒါ့အျပင္ အဲဒီကၽြဲႏြားေတြကို တစ္ဖက္ႏုိင္ငံကိုတင္ပို႔ဖုိ႔ ျမန္မာဘက္က တရားဝင္ခြင့့္ျပဳေပးထားေပမယ့္ ဘဂၤလားေဒ့ရွ္ႏုိင္ငံနဲ႔ အစိုးရခ်င္း သေဘာတူညီခ်က္မရွိတာေၾကာင့္ တင္ပို႔ခြင့္လိုင္စင္ရရွိထားတဲ့ ကုမၸဏီေတြ အေနနဲ႔ နယ္စပ္လမ္းေၾကာင္းကေန တရားမဝင္ တင္ပို႔ေနၾကရတာပဲျဖစ္ပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျွဲနွားပြည်ပတင်ပို့ ကုမ္ပဏီ ၂ ခုသာ ခွင့်ပြုထားဟု ရခိုင်ပြည်နယ် မွေး/ကု ဦးစီးဌာနပြော

ရခိုင်ပြည်နယ်အတွင်းက ကျွဲနွားတွေကို ပြည်ပတင်ပို့ခွင့်ပြုထားတဲ့ ကုမ္ပဏီနှစ်ခုသာရှိတယ်လို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ပြောပါတယ်။ ဒီသတင်းကို MCN ရခိ်ုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်ဟာ နွားတွေကို စားသုံးကုန်အဖြစ် အသုံးပြုမှု များပြားနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတာကြောင့် တစ်ဖက်နိုင်ငံရဲ့ ကျွဲနွားလိုအပ်ချက်တွေကို ရခိုင်ပြည်နယ်က အဓိက တင်ပို့ရောင်းချနေ တာ ဖြစ်ပါတယ်။

အဲဒီလိုနွားတင်ပို့မှုကို အရင်က တရားဝင်ခွင့်ပြုပေးခဲ့တာမရှိပေမယ့် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကစတင်ကာ ခွင့်ပြု ပေးခဲ့တာဖြစ်ပြီး တရားဝင်တင်ပို့ခွင့်လိုင်စင်ရရှိထားတဲ့ ကုမ္ပဏီနှစ်ခုသာရှိတယ်လို့ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ပြောပါ တယ်။

အင်တာဗျူး – ဒေါက်တာသန်းနိုင် (ပြည်နယ်ဦးစီးမှူး)
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်

ဒါ့အပြင် တစ်ဖက်နိုင်ငံကို ကျွဲနွားတင်ပို့ခွင့်ပြုထားတဲ့ ကုမ္ပဏီနှစ်ခုသာရှိပေမယ့် လက်ရှိမှာတော့ ရခိုင်ပြည်နယ် အတွင်းက ကျွဲနွားတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တရားမဝင်တင်ပို့ရောင်းချနေကြတာတွေ နေ့စဉ်လိုလို ရှိနေတာ ဖြစ်ပါတယ်။

အခုလိုမျိုး ကျွဲနွားတွေကို တစ်ဖက်နိုင်ငံကို တင်ပို့တဲ့အခါမှာ တာဝန်ယူပို့ဆောင်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ ကုန်သွယ်ခွန်အဖြစ် နှစ်ရာခိုင်နှုန်းစီပေးသွင်းနေရပြီး အသက် ၅ နှစ်အထက် နွားတစ်ကောင်ကို ဒေါ်လာ ၁၂၀ဝ သတ်မှတ်ထားတာပါ။

အင်တာဗျူး – ဒေါက်တာသန်းနိုင် (ပြည်နယ်ဦးစီးမှူး)
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်

ဒါ့အပြင် အဲဒီကျွဲနွားတွေကို တစ်ဖက်နိုင်ငံကိုတင်ပို့ဖို့ မြန်မာဘက်က တရားဝင်ခွင့်ပြုပေးထားပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အစိုးရချင်း သဘောတူညီချက်မရှိတာကြောင့် တင်ပို့ခွင့်လိုင်စင်ရရှိထားတဲ့ ကုမ္ပဏီတွေ အနေနဲ့ နယ်စပ်လမ်းကြောင်းကနေ တရားမဝင် တင်ပို့နေကြရတာပဲဖြစ်ပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)