တိုင်းဒေသကြီးဝန်ကြီးချုပ် အမည်သုံးပြီး လိမ်လည်သူကို မြိတ်မြို့မှာ အမှုဖွင့်

0
307

မြိတ်မြို့မှာ မြေကွက်တစ်ကွက်ကို ကျပ်ငွေရှစ်သောင်းနဲ့ ရမယ်ဆိုပြီး ကျပ်သိန်းပေါင်း နှစ်ထောင်ကျော် လိမ်လည်ရောင်းချသူကို ဖမ်းဆီး အမူ ဖွင့်အရေးယူထားတဲ့ အကြောင်းကို မြိတ်သတင်းထောက် ကိုညီဇော်က ရိုတ်ကူးထားပြီး MCN သတင်းထောက် ဒေးနိုင်က တင်ဆက် ထားပေးထားပါတယ်။

ဇွန်လ ၇ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါ်လဲ့လဲ့မော်ရဲ့နာမည်ကို အသုံးပြုပြီး မြေယာမရှိသူတွေကို မြေကွက်ရအောင် ဆောင်ရွက်ပေးမယ်ဆိုကာ လိမ်လည်ရောင်းချနေတဲ့ လူမှုအထောက်ကူပြု အကျိုးဆောင်ကော်မတီ အမည်ခံအဖွဲ့နှင့် ငွေကြေးတောင်းသူတွေကို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

မရှိဆင်းရဲသားတွေကို မြေကွက်ရအောင် ဖော်ဆောင်ပေးဖို့ ဝန်ကြီးချုပ်ရဲ့ လမ်းညွန်ချက်ဟုဆိုပြီး မြိတ်မြို့နယ် တောထွက်ကြီးအနီးမှာရှိတဲ့ မြေကွက်ပေါင်းသုံးထောင်ကျော်ကို တစ်ကွက် ကျပ် ၈၀,၀၀၀နဲ့ ဦးအောင်သန်းဆိုသူက ရောင်းချခဲ့တာကို ဖမ်းဆီးအရေးယူခဲ့တာပါ။

အခုဖြစ်စဉ်ကို မြိတ်တောင်နယ်မြေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဇော်က တရားလိုပြုလုပ်တိုင်ကြားခဲ့တာဖြစ်ပြီး မြေကွက်ရောင်းချသူတွေဟာ စာရွက်စာတမ်း အတုတွေကို ပြုလုပ်ပြီး ရောင်းချခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မြိတ်တောင်နယ်မြေ ရပ်ကွက်က အိမ်ငှားနေထိုင်သူတွေကိုလည်း အိမ်ရာရရှိအောင် ဆောင်ရွက်ပေးမည်ဆိုပြီး တစ်ဦးကို ငွေတစ် သောင်းနှုန်းနဲ့ လူ ၁၆ ယောက်ဆီက ငွေ တစ်သိန်းခြောက်သောင်းကို လာရောက်တောင်းခံသွားတယ်လို့ ဒေသခံတွေကပြာပါတယ်။

လက်ရှိအချိန်မှာ မြေကွက်တွေကို လိမ်လည်ရောင်းချခဲ့တဲ့ မြိတ်မြို့ စက်မှုဇုန်ရပ်ကွက်(၁)မှာ နေထိုင်တဲ့ ဦးရှိန်ဂွမ်နဲ့ မြိတ်တောင်ကျေးရွာနေ ဦးအောင်သန်းတို့ (၂) ဦးကို မြိတ်မြို့ မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်နေတာ ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)