ပေါင်းတည်က အပြောရိုင်းတဲ့ စည်ပင်အရာရှိကို ဒေသခံတွေ ကန့်ကွက်ဆန္ဒထုတ်ဖော်

0
315

ပေါင်းတည်မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိရဲ့ ရိုင်းပျစွာပြောဆိုခဲ့မှု ကြောင့် ဒေသခံတွေ နဲ့ ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့တွေပူးပေါင်း ဆန္ဒထုတ်ဖော်ခဲ့ ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို MCN သတင်းထောက် မောင်ပန်ကာက ရိုက်ကူးပေးပို့ ထားပြီး MCN သတင်းထောက် နေမင်းခက တင်ဆက်ပေးထားပါတယ်။

အဲဒီ ဆန္ဒထုတ်ဖော်မှုကို ဇူလိုင်လ ၉ ရက်နေ့ နံနက် ၈ နာရီခန့်မှာ ပေါင်းတည်ဒေသခံတွေနဲ့ ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့တွေ ပူးပေါင်း အင်အား တစ်ရာကျော်ခန့် စုဝေးပြီး ရန်ကုန်-ပြည်လမ်း အတိုင်း လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ဒီလို ဆန္ဒထုတ်ဖော်ရာမှာ နိုင်ငံတော်အစိုးရက ချမှတ်ပေး ထားတဲ့ စည်ပင်ဘတ်ဂျက်ငွေ ၇၅-သိန်းကို စနစ်တကျအသုံးပြုရေး၊မြို့နယ်အတွင်း သန့်ရှင်းသာယာ လှပရေး၊ရေစီး ရေလာကောင်းမွန်ရေး၊ အန္တရာယ် ရှိနေတဲ့ ကြော်ငြာဆိုင်းဘုတ်တွေကို ဖယ်ရှားပေးရေးစတဲ့ ဗီနိုင်းပိုစတာတွေ ကိုင်ဆောင်ပြီးတော့ တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ခွင့်ကို ဇူလိုင်လ ၆-ရက်နေ့က ပေါင်းတည်မြို့ နယ်ရဲတပ်ဖွဲ့မှူး ကို ခွင့်ပြုမိန့် တင်ပြခဲ့ပြီး ဇူလိုင်လ ၇ရက်နေ့မှာ ခွင့်ပြုပေးခဲ့အတွက် ပေါင်းတည်ဒေသခံတွေအနေနဲ့ ဇူလိုင်လ ၉ ရက်နေ့မှာ ဆန္ဒ ထုတ်ဖော်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)