သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာနဲ့အိမ်ခြံမြေတွေ အတွက် နစ်နာကြေးတွေ အခုချိန်ထိ မရရှိသေး

0
332

အောင်လံ-ဆတ်သွားရထားလမ်းဖောက်လုပ်တုန်းက သိမ်းဆည်းခဲ့တဲ့ လယ်ယာနဲ့အိမ်ခြံမြေတွေ အတွက် နစ်နာကြေးတွေ အခုချိန်ထိ မရရှိသေးပါဘူး။ ဒီသတင်းကို MCN သတင်းထောက်မောင်ပန်ကာက ရိုက်ကူးပေးပို့ထားပြီး MCN သတင်းထောက် နေမင်းခက တင်ဆက်ပေးသွားမှာပါ။

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့မှာ အောင်လံ-ဆတ်သွားရထားလမ်း ဖောက်လုပ်တုန်းက သိမ်းဆည်းထားခဲ့တဲ့မြေယာကို လျော်ကြေးပေးအပ်ခြင်းမရှိသေးတာကြောင့် သိမ်းဆည်းခံလယ်သမားတွေက မြေယာလျော်ကြေးတွေ ရလိုနေကြတာဖြစ်ပါတယ်။ မီးရထားလမ်းဖောက်လုပ်ချိန်မှာ အောင်လံမြို့နယ် အတွင်းမှာရှိတဲ့ မိုးကောင်း၊ ဂုံတော၊ စံပြ၊ ရွှေညောင်ပင် စတဲ့ ကျေးရွာအုပ်စုတွေ အတွင်းက လယ်၊ ယာ၊ အိမ်ခြံမြေဧကပေါင်း ၁၃၀ လောက်ကို ရထားပို့ဆောင်ရေးဝန်ကြီးဌာနက သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

ဒီလို သိမ်းယူခဲ့ပြီးနောက်ပိုင်း ရွှေညောင်ပင်အုပ်စု နဲ့ မိုးကောင်းကျေးရွာအုပ်စုတွေက အိမ်ခြေပေါင်း ၈၀-ကျော်ဟာ နေထိုင်မှုအခက်အခဲတွေ ကြုံတွေ့ခဲ့ရတာကြောင့် ဒေသခံတွေဆီက သိမ်းဆည်းထားသည့် လယ်မြေနှင့် ယာမြေတွေအတွင်း ပေ ၈၀x၆၀ မြေကွက်ရိုက်ကာ ဒေသအာဏာပိုင်များက ပြန်လည် ချထားပေးခဲ့ပါတယ်။

သိမ်းယူခဲ့တဲ့ လယ်ယာမြေတွေအတွက် အောင်လံမြို့မီးရထားဌာနမှ တာဝန်ရှိသူများတွေက ဇွန် ၂၆ ရက်နေ့မှာ နစ်နာဆုံးရှုံးသူတွေအတွက် နစ်နာကြေးပေးမယ်ဆိုပြီး မြေယာစွန့်လွှတ်ကြောင်း လက်မှတ်ရေးထိုး စေခိုင်းခဲ့တာကြောင့် ဒေသခံတောင်သူ ၂၄ ဦးက လက်မှတ်ရေးထိုးပေးခဲ့ကြပါတယ်။ ဒါပေမယ့် လက်မှတ်ရေးထိုးပြီးကတည်းက ဒီနေ့အထိ နစ်နာကြေးတစ်စုံတရာ မရရှိသေးတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)