မန္တလေးမှာ သိမ်းယူထားတဲ့ မြေဧက ၂၀၀ ကျော်ကို မူလပိုင်ရှင်တွေထံကို ပြန်လည်လွှဲပြောင်းပေး

0
332

အနာကြီးရောဂါကုဆေးရုံရရှိထားတဲ့ မြေဧကတွေထဲက ဧက ၂၀၀ ကျော်ကို မူလပိုင်ရှင် တွေထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ဒီသတင်းအပြည့်စုံကိုတော့ MCN မန္တလေး သတင်းထောက် မင်းမင်းလက်က ရိုက်ကူးပေးပို့ပြီး MCN သတင်းထောက် အောင်ဆန်းဦးက တင်ဆက်ပေးထားပါတယ်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့၊ ရေနံသာကျေးရွာအုပ်စုအတွင်းက အနာကြီးရောဂါကုဆေးရုံ ရရှိထားတဲ့ မြေဧကတွေထဲက ဧက ၂၀၀ ကျော်ကို မူလပိုင်ရှင်တောင်သူတွေထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ဒီစွန့်လွှတ်မြေတွေကို ပြင်ဦးလွင် မတ္တရာမြို့ ဘုရင့်နောင်ခန်းမမှာ ဒီကနေ့ ဇူလိုင်လ ၉ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုယ်တိုင် မူလပိုင်ရှင်တောင်သူတွေကို ပြန်လည်လွှဲပြောင်းပေးခဲ့တာပါ။

အဲဒီစွန့်လွှတ်မြေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မြေယာပြန်လည်ရရှိမယ့် တောင်သူတွေအပြင် တပ်မတော်ထံက နှစ် ၂၀ ကျော် အငှားလုပ်ကိုင်ပြီး မြေအစားပြန်မရတဲ့အပေါ် ဖြေရှင်းပေးဖို့ လာရောက်တောင်းဆိုတဲ့ တောင်သူတွေလည်း တက်ရောက်ခဲ့တာပါ။

အနာကြီးရောဂါဆေးရုံက စွန့်လွတ်တဲ့မြေဧကတွေဟာ ၁၉၇၇-၇၈ ခုနှစ်က ဗာဂျီးနီးယားဆေးစိုက်ပျိုးဖို့ အတွက် သိမ်းယူခဲ့တဲ့ မြေဧကတွေဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)