ကလေးခရိုင် ရေတွင်းတွေ ခမ်းခြောက်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ သောက်သုံးရေခက်ခဲနေ

0
335

မိုးရာသီရောက်ရှိနေပေမယ့် ကလေးခရိုင်ထဲက တင်သားကျေးရွာအုပ်စုထဲက အောင်သာယာကျေးရွာမှာ ရေတွင်းတွေ ခမ်းခြောက်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ သောက်သုံးရေခက်ခဲနေတဲ့ အကြောင်းကို ကလေးမြို့ကသတင်းထောက် မတင်မာဆွေ ရိုတ်ကူးပေးပို့ ထားပြီး MCN သတင်းထောက် အောင် ကျော်မိုးက တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်ထဲက အောင်သာယာကျေးရွာဟာ တစ်ရွာလုံးမှာ သောက်ရေတွင်း ၆ တွင်း ရှိပေမယ့် ၄တွင်းဟာ လုံးဝခန်းခြောက်နေတာဖြစ်ပြီး ကျန်ရေတွင်းနှစ်တွင်းကိုသာ မျှဝေသုံးစွဲနေရတာပါ။ ကျေးရွာမှာရှိတဲ့လူ ရွာသူရွာသား ၅၀၀ လောက်ဟာ သောက်သုံးရေအတွက် အခက်အခဲ တွေ့နေကြရပါတယ်။

ရေမခမ်းခြောက်သေးတဲ့ ရေတွင်းနှစ်ခုဟာလည်း အနည်အနှစ်တွေနဲ့ သောက်သုံးဖို့ကို မသင့်တော်တဲ့ရေတွေဖြစ်နေတာကြောင့် ဒေသခံတွေဟာ ရေကောင်းရေသန့်ကို လုံးဝမရရှိတာပါ။

ဒေသခံတွေက နိုင်ငံတော်အစိုးရအနေနဲ့ ကြုံတွေ့နေရတဲ့ ရေပြဿနာကိုကူညီဖြေရှင်းပေးဖို့ သက်ဆိုင်ရာကို တင်ပြခဲ့တဲ့ပါတယ်။ အဲဒီနောက် ကလေးခရိုင် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဦးဇေယျာညိုက လာရောက်ကြည့်ရူပြီး စက်ရေတွင်းတူးပေးမယ် ပြောဆိုသွားပေမယ့် အခုချိန်အထိ တူးဖော်ပေးခြင်း မရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

အောင်သာယာကျေးရွာဟာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်ထဲမှာ တည်ရှိတာဖြစ်ကာ အိမ်ခြေ ၁၅၀ လောက်ရှိပြီး လူဦးရေ ၅၀၀ လောက်နေထိုင်တာဖြစ်ပါတယ်။ အခုအခါသောက်သုံးရေ အခက်အခဲဖြစ်နေတဲ့အတွက် သက်ဆိုင်ရာအနေနဲ့ ဖြေရှင်းပေးဖို့ကတော့မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)