ကြေးနီ အဆမတန် ထုတ်ယူနေတာကြောင့် နောက် ၆ နှစ်အတွင်း သတ္ထုသိုက် ကုန်ဆုံးတော့မယ်

0
418

စပယ်တောင်နှင့် ကြေးစင်တောင်က အဆမတန် ထုတ်ယူနေတာကြောင့် နောက် ၆ နှစ်အတွင်း သတ္ထုသိုက် ကုန်ဆုံးတော့မယ်လို့ မြန်မာနိုင်ငံ သတ္တုတွင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းညွန့်က ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မတင်မာတွေက ရိုက်ကူးပေးပို့ထားပြီး MCN သတင်းထောက် အောင်ဆန်းဦး က တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က စပယ်တောင်နဲ့ ကြေးစင်တောင်တွေမှာ မြန်မာယန်စီကုမ္ပဏီက ကြေးနီတူးဖော်မှု လုပ်ငန်းတွေကို နှစ် ၂၀ စီမံကိန်းနဲ့ လုပ်ဆောင်နေတာပါ။ မြန်မာယန်စီကုမ္ပဏီက တစ်နှစ်ကို တန်ချိန် ၅၄၀၀၀ လောက် အဆမတန် ထုတ်ယူနေတာကြောင့် နောက် ၆ နှစ်အတွင်း ကြေးနီးသတ္ထုသိုက် ကုန်ဆုံးတော့မယ်လို့ မြန်မာနိုင်ငံ သတ္တုတွင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းညွန့်က ပြောပါတယ်။

ဒါ့အပြင် အခုလို ကြေးနီတွေအဆမတန် ထုတ်ယူနေတာကြောင့် အချိန်တိုအတွင်း သတ္ထုသိုက် ကုန်ဆုံးသွားပြီး ဒေသခံ အလုပ်သမားတွေအနေနဲ့ အလုပ်အကိုင်ရှားပါးမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေနဲ့ စနစ်တကျ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေတာပါ။

မြန်မာနိုင်ငံကထွက်ရှိတဲ့ ကြေးနီတွေဟာ ကြေးနီပါဝင်မှု အဆင့် ၉၉.၉ ရှိပြီး အဲဒီကြေးနီတွေကို ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံတွေကို အများဆုံးတင်ပို့နေတာဖြစ်ပါတယ်။ ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ စံပယ်တောင်နဲ့ ကြေးစင်တောင်တွေက ကြေးနီးတူးဖော်ရေးကို ဦးပိုင်ကုမ္ပဏီလီမီတက်၊ ၀မ်ပေါင်ကုမ္ပဏီနဲ့ ယန်စီ သတ္ထုတူးဖော်ရေး ကုမ္ပဏီတွေက တူးဖော်နေတာဖြစ်ပြီး အလုပ်သမား ၃ ဆိုင်းနဲ့ ၂၄ နာရီလုံး တူးဖော်ထုတ်လုပ်နေတာဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)